menu

မိုးကြိုနှင့် မိုးဦးကာလအတွင်းဖြစ်ပေါ်တတ်သော မိုးလေဝသ အခြေအနေများ


🌧⛈⚡️🌩🌦🌧⛈⚡️🌩🌦

🔹ယခုလက်ရှိအခြေအနေအရ မြန်မာနိုင်ငံသည် မိုးကြိုကာလကိုရောက်ရှိနေပြီဖြစ်ပါသည်။ မိုးကြိုရာသီ(မိုးကြိုကာလ)ဆိုသည်မှာ ဧပြီလလယ်မှ မေလ ဒုတိယပတ်အကုန်ထိ မိုးကြို ရာသီကာလဟုပိုင်းခြားသတ်မှတ်ပါသည်။ မေလ တတိယပတ်မှစပြီးအနောက်တောင်လေများ (သို့မဟုတ်) ပင်လယ်ဘက်မှရေငွေ့ပါဝင်မှုများသောလေများတိုက်ခတ်ကာ မြန်မာနိုင်ငံတောင်ပိုင်းကို မုတ် သုတ်လေစတင်ဝင်ရောက်ချိန်ထိ မိုဦးကာလဟု သတ်မှတ်ပါသည်။

🔹ထိုကာလများမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုန်တိုင်းဖြစ်ပေါ်ရန်အလားအလာများနေတတ်ပြီး ဖြစ်ပေါ်လာပါက အင်အားပြင်းထန်ကာ မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးတိမ်ထောင်များဖြစ်ပေါ်လာပြီး မိုးသည်းထန်စွာရွာသွန်းမှုများကိုဖြစ်စေတတ်ပါသည်။

🔹မိုးတိမ်တောင်ဆိုသည်မှာ အကြမ်းအားဖြင့် အောက်ခံမြေပြင်အပူချိန်ကူးစက်ရာမှ လေထုဟာ ပူ၍ပွလာကာပေါ့ပါးလာခြင်းကြောင့်အထက်သို့တက်ပါသည်။ အပေါ်သို့ရောက်သည့်အခါငွေ့ရည်ဖွဲ့ပြီး အလွန်မြင့်မား၍ ထုထည်ကြီးမားသည့် မိုးတိမ်တောင်ကြီးများအဖြစ်သို့ရောက်ရှိလာပါသည်။ ထိုမိုးတိမ်တောင်ကြီးများမှ မိုးကြိုနှင့် မိုးဦးကာလမိုးလေဝသဖြစ်စဉ်ကိုဖြစ်ပေါ်စေပါသည်။

🔹မိုးကြိုနှင့်မိုးဦးကာလဖြစ်စဥ်များကတော့ မြန်မာနိုင်ငံအတွင်း လျှက်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊မိုးသီးကြွေခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်စေနိုင်သောကြောင့် မိုးကြိုနှင့် မိုးဦးကာလအတွင်း ဖြစ်ပေါ်လာနိုင်သောရာသီဥတု အခြေအနေများကို ကြိုတင်သိရှိနားလည်ပြီး မိမိတို့၏လယ်ယာလုပ်ငန်းများတွင် လိုအပ်သလိုဆက်လက်လုပ်ဆောင်နိုင်ရန် တင်ပြအပ်ပါသည်။

Credit : ဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ)