menu

မိုးနှမ်းမှာ “နှမ်းဖလံ” ကို ဂရုပြုကာကွယ်ပါ


🌿🐛🌿🐛🌿🐛🌿🐛🌿🐛🌿

Death’s Head Moth

Lepidoptera ; Sphingidae

ကျရောက်သည့်အချိန် 
-------------------
 မိုးဦးကျစ ဇွန်လမှ အောက်တိုဘာလအထိ ကျရောက်တတ်ပါသည်။ 

ဖျက်ဆီးပုံလက္ခဏာ 
------------------
 ဥမှပေါက်စလောက်ကောင်မှ နောက်ဆုံး အဆင့် လောက်ကောင်အထိ အရွက်များကို ကိုက်ဖြတ် စားသောက်လေ့ရှိပါသည်။ ကိုက်ဖြတ်စားသောက် ဖျက်ဆီးမှုကြောင့် တစ်ခါတစ်ရံ နှမ်းပင်ရှိ အရွက်များမှာ ရွက်ရိုးသာ ကျန်ခဲ့သည်။ ငယ်စဉ်တွင် ကိုက်ဖြတ်ဖျက်ဆီးမှုနည်းသော်လည်း အကောင်ကြီးလာသည်နှင့်အမျှ ဖျက်ဆီးမှုများလာသည်။ လောက်ကောင်သည် အဖြူနှင့် အညိုကြားအရောင်မှ တစ်ကောင်လုံး စိမ်းဝါရောင် ပြောင်းသွားသည်။ 

ဘဝစက်ဝန်း
----------
 ဥများကို အရွက်များပေါ်တွင် အုသည်။ ပိုးလောက်ကောင်သည် အရွက်ပေါ်တွင် စားသောက်ပြီး မြေကြီးထဲဆင်း၍ ရုပ်ဖုံးလုပ်သည်။ ဥဘဝတွင် (၅-၁၀) ရက်၊ ပိုးလောက်ကောင်ဘဝတွင် (၁၄-၂၁) ရက်ကြာသည်။ 

ကာကွယ်နှိမ်နင်းခြင်း 
-------------------
 နှမ်းပင်တန်း ၉ ပေအတွင်းတွင် လောက်ကောင်တစ်ကောင်စတွေ့ပါက “အီမာလန်ဒါ ၁၅ ဒဗလျူပီ၊ နိုက်ဝမ်း ၂၀အက်စ်စီ နှင့် ရယ်ဒီ ၅၀၅ အီးစီ” ဆေးများမှတစ်မျိုးမျိုးကို အသုံးပြု၍ ကာကွယ်နှိမ်နင်း နိုင်ပါသည်။

Sources : သီးနှံကာကွယ်ရေးဌာနခွဲ