menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မိုးစပါး နှင့် ဆစ်ပိုးအန္တရာယ် ကြိုတင်ကာကွယ်
🌾🐛🌾🐛🌾🐛🌾🐛🌾🐛🌾
✔စပါးဆစ်ပိုး (Rice Stem Borer)
✔စပါးဆစ်ပိုးကျရောက်မှုကို မြန်မာပြည်ဒေသအနှံ့တွင်တွေ့ရှိနိုင်ပြီး မိုးစပါး၊ နွေစပါး နှစ်မျိုးစလုံးတွင် ကျရောက်လေ့ရှိသည်။ မိုးစပါးတွင်အဆိုးဝါးဆုံးဖျက်ပိုးအဖြစ်သတ်မှတ်နိုင်သည်။ ဦးခေါင်းမည်း ဆစ်ပိုးများကိုမူ နွေစပါးစိုက်ချိန်မှစ၍တွေ့ရသည်။
✔စပါးဆစ်ပိုးများသည် မိုးစပါးတိုက်ရိုက်အစေ့ချအခင်းများတွင် ပေါင်းမြက်များထူထပ်နေပါက ကျရောက်မှုပိုများပါသည်။ စပါးကိုသီးထပ်စိုက်သောနှစ်များတွင်လည်းပိုမိုကျရောက်နိုင်ပါသည်။
✔ဆစ်ပိုးဖျက်ဆီးမှုလက္ခဏာများမှာ .....
✔ပိုးလောက်ကောင်ဖျက်ဆီးမှုကြောင့်ရွက်ပြားများဖြူကုန်သည်။ ၎င်းကို “ရွက်ဖျားဖြူလက္ခဏာ” ဟုခေါ်သည်။ စပါးနှံစထွက်ချိန်တွင် စပါးနှံများခြောက်ကုန်သည်ကိုတွေ့ရသည်။ ၎င်းနောက် အနှံဖြူကိုထောင်မတ်စွာတွေ့ရသည်။ ၎င်းကို “အနှံဖြူလက္ခဏာ” ဟုခေါ်သည်။ ဆစ်ပိုးခေါင်းမည်းများ သည်စပါးပင်အဆစ်များတွင် အဓိကထားစားသောက်လေ့ရှိသည်။
✔စပါးတွင်ကျရောက်ဖျက်ဆီးတတ်သော ဖျက်ပိုးများ၏ဖျက်ကောင်ပုံသဏ္ဍန်အလိုက် စပါးဆစ်ပိုးများကို အောက်ပါအတိုင်းအမျိုးအစားခွဲခြား တွေ့ရှိရပါသည်။
(၁) အဝါရောင်ဆစ်ပိုး (Scirpopophaga incertulas)
(၂) အစင်းပါဆစ်ပိုး (Chilo suppressalis)
(၃) ခေါင်းမည်းဆစ်ပိုး (Chilo polychrysus)
(၄) ပန်းရောင်ဆစ်ပိုး (Sesamia inferens)
(၅) အဖြူရောင်ဆစ်ပိုး (Scirpophaga innotata)
✔စပါးတွင်ကျရောက်ဖျက်ဆီးသော ဆစ်ပိုးများသည်အမျိုးအစားအမျိုးမျိုးကွဲပြားသော်လည်း ဆိုးဝါးစွာကျရောက်လေ့ရှိရာ အချိန်မှီကာကွယ်နှိမ်နင်းရပါမည်။
✔မိုးစပါးတွင်ဆစ်ပိုးကျရောက်မှုကို ကာကွယ်နှိမ်နင်းနိုင်ရန် .....
🔘 စပါးစိုက်ပျိုးချိန်ကို မိမိဒေသအလိုက်ချိန်ဆ၍စိုက်ပါ။ စိုက်ချိန်စောခြင်းဖြင့် ဖျက်ပိုးများ များပြားလာ ခြင်းမှကာကွယ်နိုင်ပါသည်။
🔘 ဒေသနှင့်ကိုက်ညီသောမျိုးများကိုရွေးချယ်စိုက်ပျိုးပါ။
🔘 စပါးခင်းအတွင်း နှင့် စိုက်ခင်းပတ်ဝန်းကျင်ရှိပေါင်းမြက်များကိုသုတ်သင်ရှင်းလင်းပါ။
🔘 စပါးပင် အပင်ပွားစည်းချိန် ဆစ်ပိုးလက္ခဏာ အူပုပ်သည်ကိုစတင်တွေ့ရှိပါက ရေသွင်းရေထုတ် ပြုလုပ်ပေးရပါမည်။
🔘 ရေအခြေအနေပေးသော နေရာများတွင် တစ်ရက်နှစ်ရက်ခန့်ရေထုတ်၍ ဆစ်ပိုးပွားများ မှုကို ကာကွယ်နိုင်ပါသည်။
🔘 ပုလဲဓာတ်မြေဩဇာကို အချိုးကျသုံး၍ ပိုတက်စီယမ်ဓာတ်မြေဩဇာကို မဖြစ်မနေအသုံးပြုပေးပါ။
🔘 စပါးတွင်ဆစ်ပိုးကျရောက်ပါက မြေအစိုဓာတ်ကောင်းချိန်တွင် ဝိစာရ ၏ ဒီပါ ၄၆ ဂျီ (သို့မဟုတ်) ဖစ်ပရို ၃ ဂျီအာ ဆေးတစ်မျိုးမျိုးကြဲပက်နိုင်ပြီး ဆေးဖျန်းလိုလျှင် အားတက် (သို့မဟုတ်) ဒိုင်နမို ဆေးတစ်မျိုးမျိုး ပက်ဖျန်းပေးရပါမည်။
🔘 ညနေစောင်းနေဝင်ချိန်တွင် ပိုးဖလံကို မီးထောင်ခြောက်ထွန်း၍ စုပေါင်းပြီး တစ်ကွင်းတစ်စပ် ကာကွယ်နှိမ်နင်းနိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။
🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾