menu

“မတ်ပဲ နှင့် ပိုးမွှားရောဂါ ကြိုတင် ဂရုပြု ကာကွယ်ပါ”

🌿🐛🦗🌿🌿🐛🦗🌿🌿🐛🦗🌿 

🔘မိုးရာသီတွင် မြန်မာနိုင်ငံအထက်ပိုင်း နှင့် အလယ်ပိုင်းတွင်စိုက်ပျိုးမှုများသော မတ်ပဲသီးနှံသည် ဆောင်းရာသီတွင်မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ အင်နှင့်အားနှင့်စိုက်ပျိုးကြသည်။ဖြစ်ပေါ် ပြောင်းလဲနေသော ပတ်ဝန်းကျင်၊ ရာသီဥတုအနေအထားအရ ပိုးမွှားနှင့် အပင်ရောဂါများလည်း မတ်ပဲခင်းများတွင် ကျရောက်မှု ရှိနေကြပါသည်။ ပိုးမွှားနှင့်ရောဂါသည်ကြိုတင်စစ်ဆေးသိရှိပြီး ကာကွယ်မှုပြုနိုင်လျှင် ကျရောက်မှု မများနိုင်ပါ။ 

🔘ပဲမျိုးစုံစိုက်ပျိုးလျှင် ပိုးမွှားနှင့် ရောဂါသည်တစ်ခြားသောသီးနှံများထက်စိုက်ခင်း နှင့်သိုလှောင်ချိန်တို့တွင် ပိုမိုဂရုပြုရပါသည်။ နေ့နှင့်ညအပူချိန်ကွာခြားမှုများသော ဆောင်းကာလတွင်ပိုးနှင့်ရောဂါ ကိုပို၍ဂရုပြုရပါမည်။ ပဲပင်များ၏ နိုက်ထရိုဂျင်ဓာတ်လိုအပ်ချက်မှာ များပြားပါသည်။ ပရိုတင်း ဓာတ်ကိုအဓိက သိုလှောင်သော သီးနှံဖြစ်၍ သီးနှံပင်များကိုမြေဩဇာလည်း ကျွေးရပါမည်။ တစ်ခြားသောသီးနှံများတွင် N:P:K ဓာတ်များကို အဓိကထည့်သွင်းပေးရသော်လည်း ပဲပင်များတွင် ထုံးဓာတ်(ကယ်လ်စီယမ်)၊ ဆားခါး (မဂ္ဂနီစီယမ်ဆာလ်ဖိတ်)၊ ကန့်(ဆာလ်ဖာ)၊ လက်ချား(ဘိုရွန်) ဓာတ်များလည်းမဖြစ်မနေထည့်သွင်းရပါမည်။ ဤသို့မြေဩဇာထည့်သွင်းပေးသည့်ကျန်းမာသော အပင်သည်ပိုးနှင့်ရောဂါ ကင်းနိုင်ပါသည်။ 

🔘မတ်ပဲတွင်ဖျက်စီးမှုများသောပိုးမှာ ငမြှောင်တောင် ဖြစ်သည်။ သီးနှံအစုံစားသည့်ဖျက်ပိုးဖြစ်၍ ပျက်စီးမှု များပြားသည်။ ပိုးကောင်ငယ်ဘဝတွင်အရွက်ကိုခြစ်စား၍ အဖြူရောင်အကွက်များတွေ့ရမည်။ ပိုးကောင် ကြီးဘဝတွင်အရွက်နှင့်ပင်စည်ကို ကိုက်ဖြတ်စားသည်။ အီမာလန်ဒါ ၊နိုက်ဝမ်း ပိုးသတ်ဆေး တစ်မျိုးမျိုး (သို့)အလှည့်ကျပက်ဖျန်းပေးရပါမည်။ 

🔘လှေး နှင့် ပျ သည်အရွက်နုများရှိ သစ်ရည်ကိုစုပ်စား၍ ပဲအထွက်ကျဆင်းစေသည်။ လှေးပိုးအတွက် ဆိုင်လာ (သို့) ပရိုဆင့် ဆေးများကိုအလှည့်ကျ ပက်ဖျန်းနိုင်ပါသည်။ ပျနှင့်စုပ်စားပိုးများနှိမ်နင်းရန် ကေလာ ၊ အေမီဒါ ၂၀၊ အေမီဒါ ၇၀ ဆေးများကိုပက်ဖျန်းပေးရပါမည်။  

🔘မတ်ပဲတွင် ပဲတောင့်ထိုးပိုးနှင့် ပွင့်ထွေးရွက်ထွေးပိုးများလည်းကျရောက်မှုများပြားတတ်ပြီး အီမာလန်ဒါ၊ နိုက်ဝမ်း၊ ရယ်ဒီ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ပက်ဖျန်းအသုံးပြုနိုင်ပါသည်။မွှားပင့်ကူနီသည်လည်းတစ်ခါတစ်ရံတွင်ကျရောက်တတ်ပြီး ရော့ကက်၊ မင်းရဲ ပိုးသတ်ဆေးများအသုံးပြု၍ နှိမ်နင်းနိုင်ပါသည်။ 

🔘ပင်စည်ထိုးယင်မှာ အရွက်၏အပေါ်လွှာ နှင့်အောက်လွှာ နှစ်ခုကြားဝင်၍ နေထိုင်ဖျက်စီးသည်။ တစ်ဖန်အရွက်မှရိုးတံသို့ရောက်သွားပြီး၊ ရိုးတံမှ ပင်စည်သို့ ထပ်မံဝင်ရောက်၍ အပင်များကွက်၍ ကွက်၍ သေသွားသည်။ကြိုတင်ကာကွယ်နိုင်ရန် ကေလာ ၊ ဆိုင်လာ၊ နိုးဝမ်း ဆေးများကို မတ်ပဲပင် (၁၅)ရက်သားကျော်လျှင် အလှည့်ကျပက်ဖျန်းပေးရန်ဖြစ်ပါသည်။ 

🔘ရောဂါကျရောက်မှုတွင် မှိုရောဂါဖြစ်ပွားမှုများသည်။ ဖားဥမှိုရောဂါ နှင့် သံချေးမှိုရောဂါမှာ အထူး ဂရုပြုရမည့်ရောဂါများ ဖြစ်သည်။ ဖားဥမှိုရောဂါသည် အရွက်၊ သီးတောင့် နှင့် ပင်စည်များပေါ်တွင် ပေါင်ဒါမှုန့်များ ဖြူးထားသကဲ့သို့ ဖြူဖွေးနေသည်။ ဟက်ဇာဂွန် ၊ ဒိုင်ဇီ၊ ဆာဗိတ် ဆေးများမှတစ်မျိုးမျိုး အသုံးပြု၍ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

🔘သံချေးမှိုရောဂါမှာ အရွက်ပေါ်၌ နီညိုရောင်အဖုဖြစ်လာပြီး သံချေးတက် သကဲ့သို့ဖြစ်လာသည်။ ရှေ့ပြေးလက္ခဏာကို သိလျှင်သိချင်းကြိုတင်ကာကွယ် ဆေးဖျန်းရမည်။ ဟက်ဇာဂွန် ၊ ဇိုလာ ၊ ဆာဗိတ် ဆေးများမှတစ်မျိုးမျိုးအသုံးပြု၍နှိမ်နင်းပေးရပါမည်။သို့မဟုတ်ပါက တစ်ခင်းလုံး ရောဂါကူးစက် ပြန့်ပွားသွားနိုင်ပါသည်။ ၎င်းမှိုရောဂါများသည်အေးမြစိုစွတ်သော ရာသီဥတုတွင် ဖြစ်ပွားမှုများ၍ ဂရုပြုကာကွယ်ရပါမည်။ 

🔘ထို့ကြောင့်မတ်ပဲပင်များကြီးထွားချိန်၊ သီးလုံးသီးတောင့်ဖြစ်ပေါ်ချိန်တွင် ပိုးမွှားနှင့် ရောဂါကျရောက်ခြင်း သည်တံဇဉ်လွတ်ဖြစ်သည်အထိဆုံးရှုံးနိုင်ပါသဖြင့် ကြိုတင်ကာကွယ်မှုများပြုလုပ်၍ ပိုးမွှား ၊ ရောဂါ ကင်းစင်သည့် စိုက်ခင်းဖြစ်ရန် ဆောင်ရွက်ကြရပါမည်။ 

✅စစ်မှန် ပြည့်ဝ ဝိစာရ✅