menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မုန်လာဥဖြူ စိုက်ပျိုးနည်း
🍃🍃🍃🍃🍃🍃🍃🍃🍃🍃
မြန်မာအမည် - မုန်လာဥဖြူ
အင်္ဂလိပ်အမည် - RADISH
ရုက္ခဗေဒအမည် - Raphanus sativus
မျိုးရင်းအမည် - CRUCIFERAE
မူရင်းဒေသ
----------
မုန်လာဥ၏ မူရင်းဒေသမှာ ဥရောပ နှင့် အာရှတိုက် (၂)ခုလုံးဖြစ်နိုင်သည်ဟု ယူဆကြသည်။
မုန်လာဥမျိုးများ
--------------
မုန်လာဥမျိုးများသည်ပုံသဏ္ဍာန်၊ အရောင်အမျိုးမျိုးကွဲပြားကြသည်။ ဥအရောင်မှာယေဘူယျအားဖြင့် ဥဖြူမျိုး နှင့် ဥနီမျိုးဟူ၍ရှိသည်။အမျိုးအစားအနေဖြင့် ဥပေါ်ချိန်သက်တမ်းလိုက်၍(၃)မျိုးခွဲနိုင်ပါသည်။ (၁) စိုက်ပျိုးပြီး(၂၀-၃၀)ရက်အကြာတွင် နုတ်သိမ်းနိုင်သောသက်လျင်မျိုး။ (၂) စိုက်ပျိုးပြီး(၃၅-၄၅)ရက်အကြာတွင် နုတ်သိမ်းနိုင်သောသက်လတ်မျိုး။ (၃) စိုက်ပျိုးပြီး(၅၀-၆၀)ရက်အကြာတွင် နုတ်သိမ်းနိုင်သောသက်ကြီးမျိုး ဟူ၍ ဖြစ်ပါသည်။
မြေအမျိုးအစား
--------------
ဥအတွက်စိုက်ပျိုးသောအပင်မျိုးဖြစ်သဖြင့် မြေကြီးနက်နက်အထိမြေသားပွရန်လိုအပ်ပါသည်။ မြေဩဇာ ထက်သန်မှုကိုကြိုက်နှစ်သက်ပြီး အသင့်လျော်ဆုံးမြေအမျိုးအစားမှာ သဲနုန်းမြေဖြစ်ပါသည်။ သို့ရာတွင် သဲဆန်လွန်းသောမြေ၊ စေးလွန်းသောမြေတို့မှအပ အခြားမည်သည့်မြေမျိုးတွင်ဖြစ်စေ သဘာဝမြေဩဇာ လုံလုံလောက်လောက် ထည့်သွင်းစိုက်ပျိုးလျှင်လည်း ဖြစ်ထွန်းနိုင်ပါသည်။
စိုက်ပျိုးရာဒေသ
--------------
ရှမ်းပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ရန်ကုန်တိုင်းမြို့နယ်များတွင် အများအပြားစိုက်ပျိုးကြပါ သည်။
ရာသီဥတု
---------
ယေဘူယျအားဖြင့် အအေးကြိုက်ပင်ဖြစ်သည်ဟုခေါ်ဆိုနိုင်ပါသည်။ သင့်လျော်သောအပူချိန်မှာ (၆၀) ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး ၎င်းထက်မကျော်သင့်ပါ။ သို့သော်မြန်မာပြည်တွင် (၇၅)ဒီဂရီဖာရင်ဟိုက်ထက် ကျော်သောဒေသများတွင် အပူဒဏ်ခံနိုင်သောမျိုးများကိုစိုက်ပျိုးနေပြီဖြစ်သည်။ မိုးရေကိုအားကိုးစိုက်ပျိုး သောဒေသများတွင် တစ်နှစ်မိုးရေချိန်ပျမ်းမျှ(၅၅)လက်မ ကျော်ရမည်။ မိုးရေချိန်(၄၀)လက်မထက်လျော့ နည်းလျှင် မဖြစ်ထွန်းနိုင်ပါ။ အပူချိန်မသင့်လျော်ပါက ဥသေးခြင်း၊ အမျှင်များခြင်း၊ ပုံသဏ္ဍာန်မကျခြင်း နှင့် အနံ့ပြင်းခြင်းစသည့် ချွတ်ယွင်းချက်များဖြစ်ပေါ်နိုင်ပါသည်။
မြေပြုပြင်ခြင်း
-------------
စိုက်ခင်းမြေဘောင်ပြုပြင်ရာတွင် အလျားကိုသင့်သလိုထားပြီး ဘောင်အနံ(၃-၄)ပေ၊ အမြင့် ၈လက်မ ရှိသင့်ပါသည်။ ထယ်ထိုးထွန်မွှေစဉ်တွင် မြေတွင်းအောင်းပိုးသတ်ဆေးတစ်မျိုးမျိုးကြဲပက်ပေးပြီး မြေတွင်းအောင်းပိုးမွှားများကို ကြိုတင်ကာကွယ်ပေးရမည်။ ဘောင်ဖော်ပြီးနောက် မြေဆွေး၊ နွားချေး ဆွေး ထည့်ပေးပြီး ဘောင်ကိုတစ်ညီတည်းဖြစ်နေစေရန် ဘောင်မျက်နှာပြင်ကိုညှိပေးရသည်။
စိုက်ပျိုးခြင်း
-----------
ပြုပြင်ထားပြီးသောဘောင်ကို ရေဝအောင်လောင်းပြီးမျိုးစေ့ချရန်ကျင်းရာဖော်ရပါမည်။ တစ်ကျင်းနှင့် တစ်ကျင်း (၄-၆)လက်မ ၊ တစ်တန်းနှင့်တစ်တန်း(၂)ပေ ခန့်ထားရသည်။ မျိုးစေ့၏အပင်ပေါက်နှုန်း အပေါ် မူတည်၍တစ်ကျင်းလျှင်မျိုးစေ့(၃-၄)စေ့ချပြီး မြေပါးပါးဖုံးပေးရပါသည်။ စိုက်ပြီးသောဘောင်ပေါ် တွင် ကောက်ရိုးကိုတစ်ပေခန့် အရှည်ဖြတ်ပြီးဖုံးပေးရသည်။ ဤကဲ့သို့ဖုံးပေးခြင်းဖြင့် မိုးပေါက်မှန်ခြင်း၊ နေရာမှလွင့်စင်ခြင်းမှကာကွယ်ပေးပါသည်။ တစ်ဧကအတွက် မျိုးစေ့(၈)ပေါင်ခန့်လိုအပ်ပါသည်။
စိုက်ခင်းပြုစုခြင်း
---------------
စိုက်ပြီး(၄)ရက်ခန့်အကြာတွင်အပင်ငယ်များစတင်ပေါက်လာသည်။ စိုက်ပျိုးပြီး(၁၀-၁၂)ရက်ခန့်တွင် ပေါင်းရှင်းပေးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင်အသန်ဆုံးတစ်ပင်သာချန်ခဲ့ပြီး ကျန်အပင်များကိုနုတ်ပစ်ရ ပါသည်။ အပင်ငယ်စဉ်ရေဝပ်ခံရပါက ဆက်၍မကြီးထွားတော့ဘဲ အရွက်များဝါလာပြီးခါးရိ၍သေတတ်ပါ သည်။ ထို့ကြောင့်အပင်ငယ်စဉ်အခါတွင် သည်းထန်စွာရွာသွန်းသော မိုးဒဏ်မှကာကွယ်နိုင်ရန် အလွယ်တကူ တင်ချနိုင်သည့် အမိုးလုပ်ပေးသင့်ပါသည်။အထူးသဖြင့် အောက်မြန်မာပြည် မိုးများလွန်း သည့်ဒေသများတွင် အမိုးလုပ်၍စိုက်လေ့ရှိပါသည်။
မြေဩဇာကျွေးခြင်း
-----------------
မြေပြုပြင်စဉ် တစ်ဧကလျှင် နွားချေးမြေဆွေး(၁၀)တန်ခန့် ထည့်ပေးသင့်ပါသည်။ မြေပြုပြင်စဉ် တီစူပါ (၁၁၂)ပေါင်၊ ပိုတက်ရှ်(၁၁၂)ပေါင်ထည့်ပေးပြီး အပင်ပေါက်ပြီး(၁၀)ရက်သားရလျှင် ယူရီးယား(၅၆)ပေါင် ကိုအပင်တန်းကြားထဲတွင်ထည့်ပေးပြီး မြေတောင်မြှောက်ပေးရပါသည်။ ပထမအကြိမ်မြေဩဇာကျွေး ပြီး (၁၅)ရက်ကြာလျှင် ဒုတိယအကြိမ် တစ်ဧက ယူရီးယား(၅၆)ပေါင်ထည့်ပေးရပါမည်။
နုတ်သိမ်းခြင်းနှင့်အထွက်
-----------------------
မျိုးကိုလိုက်၍ စိုက်ပျိုးပြီး(၃၀)ရက်ခန့်အကြာတွင် နုတ်သိမ်းနိုင်သည့်အရွယ်သို့ရောက်ပါသည်။ နုတ်သိမ်းချိန်တွင် မြေတွင်းအစိုဓာတ်ရှိရန်လိုပါသည်။ အရွက်နှင့်အတူနုတ်သိမ်းရာ၌ ဥမကျိုးစေရန် ဂရုစိုက်ရပါသည်။ အချိန်မှီမနုတ်သိမ်းပါက ဥကွဲခြင်း၊ အူချောင်ခြင်းများဖြစ်ပေါ်တတ်ပါသည်။ အမျိုးအစားလိုက်၍ တစ်ဧကလျှင် ပေါင်(၅,၀၀၀ - ၆,၀၀၀) ခန့်ထွက်နိုင်ပါသည်။
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း