menu

"ခရမ်းချဉ်တွင် ဖြစ်ပွားတတ်သောရောဂါများ နှင့် ကာကွယ်ကုသဆေးများ"


🌿🍅🌿🍅🌿🍅🌿🍅🌿🍅🌿

ဖြူစေရီယမ် ပင်ညှိုးရောဂါ
------------------------

 - ဖြူစေရီယမ်မှိုကြောင့်ဖြစ်သည်။

 - အပင်ငယ်စဉ်တွင် အပင်ပုခြင်း၊ အရွက်များဝါ၍ အောက်သို့ကုပ်ခြင်း၊ ပင်စည်အတွင်း အစာရေကြောစည်းများညိုခြင်းများဖြစ်ကာ နောက်ဆုံးတွင် အပင်ညှိုး၍ သေသွားသည်။

 အသုံးပြုရမည့်ဆေး- ကာဗာ၊ ဒိုင်ဇီ။ (အပင်ခြေမြေပြင်အထိပက်ဖျန်းပေးရန်)

ခါးရိရောဂါ
---------

 - မျိုးစေ့မှ ပေါက်ခါစ အပင်ငယ်၏ ပင်စည်တွင် ရေစိုနာကွက်များဖြစ်ပေါ်လာသည်။

 - ၎င်းရေစိုနာကွက်များ အညိုရောင်သို့ပြောင်းသွားပြီး အပင်အစိတ်အပိုင်းများသို့ ပျံ့နှံ့၍ အပင်ပေါက်များသေသွားသည်။

 အသုံးပြုရမည့်ဆေး- ဘာလီဆိုဒ်။

မိုစေ့ဗိုင်းရပ်စ်ရောဂါ
------------------

 - စုပ်စားပိုးများမှ ရောဂါသယ်ဆောင်လာသော ဗိုင်းရပ်စ်ရောဂါ ဖြစ်သည်။

 - အရွက်များတွင် မညီမညာကွက်ကြားဖြစ်ခြင်း၊ အရွက်များတွန့်လိမ်နေခြင်း၊ အပင်များဝါ၍ပုနေခြင်းကိုတွေ့ရသည်။

 - ရောဂါတွေ့ရှိပါမှ ကုသ၍မရပါ။ စုပ်စားပိုးများကို အချိန်မှီကြိုတင်ကာကွယ်နှိမ်နင်းပေးရပါမည်။

 အသုံးပြုရမည့်ဆေး- စုပ်စားပိုးများကို ဦးစွာနှိမ်နင်းရန် ကေလာ၊ နိုးဝမ်း။

မြစ်ဖုနီမတုတ်ရောဂါ
------------------

 - မြစ်ဖုနီမတုတ်ကြောင့်ဖြစ်သည်။

 - ရောဂါကျရောက်ပါက အပင်ပုပြီး ညှိုးလာသည်။

 - နှုတ်ကြည့်ပါက အမြစ်တွင် ပုတီးစေ့သဖွယ် အဖုများစွာကို တွေ့ရသည်။

 အသုံးပြုရမည့်ဆေး- ဒီပါ။

ဖားဥမှိုရောဂါ
-----------

 - အရွက်ရင့်များတွင်ကျရောက်ပြီး မျက်နှာပြင်တွင် ပေါင်ဒါမှုန့်ဖြူးထားသကဲ့ အဖြူရောင်မှိုမျှင်များ ကိုတွေ့ရပြီးနောက် ရောဂါပြင်းထန်လာပါက အရွက်များဝါ၍ကြွေကျသည်။

 အသုံးပြုရမည့်ဆေး- ဟက်ဇာဂွန်၊ ဒိုင်ဇီ၊ ဇိုလာ။

ဘက်တီးရီးယားပင်ညှိုးရောဂါ
---------------------------

 - အရွက်နုမှစတင်ကာ မခြောက်ဘဲ စိမ်းပြီး တစ်ပင်လုံး ညှိုးသည်ကိုတွေ့ရသည်။

 - ရောဂါရပင်စည်တွင် မြစ်မွှာများဖြစ်ပေါ်ပြီး ပင်စည်ကိုခွဲကြည့်ပါက အတွင်းသား အဝါရောင်မှ အညိုရောင်သို့ပြောင်းနေသည်။

 အသုံးပြုရမည့်ဆေး- ကျူပရိုမက်စ်၊ ကာစင်။

စောပင်နာကျရောဂါ
------------------

 - အရွက်၊ပင်စည်နှင့် အသီးများပေါ်တွင် ညိုမဲနေသော အပြောက်များကို တွေ့ရမည်။

 - အေး၍စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုအခြေအနေတွင် ရောဂါကျရောက်မှု ပြင်းထန်သည်။

 အသုံးပြုရမည့်ဆေး- ဒိုင်ဇီ ။

နှောင်းပင်နာကျရောဂါ
--------------------

 - အရွက်နှင့်ပင်စည်များပေါ်တွင်အညိုအမဲအနာကွက်များတွေ့ရပြီးတစ်ချိန်တည်း အရွက်၏ အောက်မျက်နှာပြင်တွင် မီးခိုရောင်မှိုစုများကို တွေ့ရမည်။

 - တစ်ပင်လုံးအရွက်များ ညိုမဲတွန့် လိမ်၍ အပင်သေသည်။

 - အသီးများတွင်လည်း ရောဂါကျရောက်သည်။

 အသုံးပြုရမည့်ဆေး- တိုက်တန်၊ စူပါမော့၊ ဆိုင်မိုဇက်၊ ဆိုင်မောက်၊ မက်တယ်လဇီး။

Sources : Plants & Diseases (သီးနှံကာကွယ်ရေး)