menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
နေ့စဉ်စားသုံးနေကြသော ဟင်းသီးဟင်းရွက်များကို တအောင့်တမ စိုက်ပျိုးထုတ်လုပ်ကြပါ
🍃🍎🍆🌽🌶🥦🥬🧅🍅🧄🍃
🔘ဟင်းသီးဟင်းရွက် စိုက်ပျိုးမှု၏ အားသာချက်များမှာ တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းစိုက်ပျိုးနိုင်ခြင်း၊ စီးပွားဖြစ် ပြည်တွင်းပြည်ပပို့ကုန်အဖြစ် စိုက်ပျိုးနိုင်ခြင်း၊ ဝယ်ယူစားသုံမှုအမြဲမပြတ် နေ့စဉ်လိုလို ရှိနေခြင်း၊ စိုက်ပျိုးထုတ်လုပ်ရသည့် ကာလသက်တမ်းမှာတစ်လ၊ နှစ်လရှိသဖြင့် ရာသီကာလတစ်ခုအတွင်း အကြိမ်ကြိမ် ပြန်လည်စိုက်ပျိုးနိုင်ခြင်း၊ အများဆုံးမှာ ဆောင်းရာသီစိုက်ပျိုးကြပြီး ဒုတိယ မိုးရာသီ၊ ရေသာရရှိလျှင် တတိယနွေရာသီ တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် လူဦးရေများသော မြို့ပြများ၊ အနီးပတ်ဝန်းကျင်တွင်စိုက်ပျိုးမှုများပါသည်။ မိမိမှာ မြေကြီးမရှိလျှင် တိုက်ခန်း၊ အိမ်ရာများ၌လည်း နေရောင် အလင်းရောင်ရလျှင် စိုက်နိုင်သည်။
🔘မှိုမျိုးစုံဆိုပါလျှင် နေရောင်အလင်းရောင်နည်းပါးသော်လည်း ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်စားရသော ပီတိရရှိသည်။ ဟင်းသီးဟင်းရွက်များတွင် အရွက်စား၊ အပွင့်စား၊ အသီးစား၊ အမြစ်စား၊ ပင်စည်စား၊ တစ်ပင်လုံး အပင်အစိတ်အပိုင်းအလိုက် စားနိုင်သည်။ ချို့ယွင်းချက်မှာ ရေဓာတ်ပါဝင်မှုများခြင်း၊ နုနယ်ခြင်းကြောင့် ကြာကြာအထားမခံခြင်းဖြစ်သည်။ စီးပွားဖြစ် တအောင့်တမစိုက်ပျိုးလျှင်စည်သွတ်၊ အခြောက်ခံနည်းပညာ ကူညီပေးရသည်။ သို့မှ စိုက်ပျိုးသူ၊ စားသုံးသူ၊ ရောင်းဝယ်သူအကျိုးရှိမည်။
🔘ဟင်းသီးဟင်းရွက် မျိုးစေ့ကောင်းများသည် ပြည်တွင်းနှင့် ပြည်ပက ရရှိနေကြပြီ။ ခက်ခဲမှုမရှိကြပါ။ ကိုယ်တိုင်လည်းမျိုးစေ့ထုတ်စိုက်နိုင်သည်။ ဟင်းသီး ဟင်းရွက် ဖောဖောသီသီ အလျှံပယ်ထွက်ရှိမှုသည် ဆောင်းရာသီဖြစ်သည်။ မိုးကရသောရေကလည်း ချောင်း၊ ကန်မှာ ရှိသေးသည်။ ရာသီဥတုက လည်း နေ့ပူညချမ်းသဖြင့် အပင်အကြိုက်ဖြစ်နေသည်။ မုန်ညင်း၊ မုန်လာ၊ ဂေါ်ဖီ၊ နိုကို၊ ပဲ၊သခွား၊ ခရမ်း၊ ငရုတ်၊ ခရမ်းချဉ်ကအစ ဟင်းသီးဟင်းရွက်အမျိုးပေါင်း ၄၀ ကျော်စိုက်ပျိုးနိုင်ကြပါသည်။
🔘ခရမ်းချဉ်ဆိုလျှင်နွေးသောရာသီ ကြိုက်သည်။ နံနက်ပိုင်းအေးမြလျှင် ပန်းပွင့်မှုကောင်းသည်။ ၁၅ မှ၁၈ ဒီဂရီစင်တီဂရိတ်သည် အကောင်းဆုံးဖြစ်သည်။ အာလူးကတော့ သက်တမ်းသုံးလဝန်းကျင် ရှိသည်။ နေ့တာတိုက သက်တမ်းတိုသည်။ ဥကောင်းရန် နေ့နှင့်ည အပူချိန်ကွာခြားချက် ၁၅ ဒီဂရီစင်တီဂရိတ်ရှိလျှင် ကောင်းသည်။ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလတွင် ဆောင်းအာလူးစိုက်ကြသည်။ ရေပေးသွင်းစိုက် သဖြင့် ရေအာလူးဟုလည်းခေါ်ကြသည်။ အောက်တိုဘာလ၊ နိုဝင်ဘာလ စိုက်ကြသည်က မြစ်ရေကျ သည့် နုန်းတင်မြေနု ကိုင်းကျွန်းတွင်စိုက်သည့် ကိုင်းအာလူးဖြစ်သည်။ ပဲလင်းမြွေမှာ ပူနွေးမှုကြိုက်ပြီး အေးသည့်ဒဏ်မခံနိုင်၍ တောင်ပေါ်ဒေသ မဖြစ်ထွန်းပါ။
🔘ဆောင်းရာသီ အအေးမလွန်မကဲလျှင် ဖရုံစိုက်မည်။ ပူလျှင် အပင်မထွားဘဲ အပွင့်မြန်မြန်ထွက်၍ အရသာ ခါးသက်လာသည်က ဆလတ်ဖြစ်သည်။ ရာသီဥတုအေးလွန်းလျှင် အပင်အလုပ်မလုပ်ဘဲ အနားယူတတ်သည်မှာ ကညွတ်ပင်ဖြစ်သည်။ အပူ၊ အအေး သင့်တင့်မျှတမှု ကြိုက်သည်က ကြက်သွန်ပင်၊ နေ့တာရှည် လျှင် ဥဖြစ်မှုကောင်းသည်။ ပူလျှင် ပွင့်တံထွက်မှု မြန်သည်။ ဆောင်းနှင့်ကိုက်ညီသော အပင်များတွင် အအေးကြိုက်သီးနှံမှာ ဂေါ်ဖီထုပ်ဖြစ်၍ အေးမြစိုစွတ်နှစ်သက်၍ အအေးပင်ဟု ခေါ်ကြသည်။ မြေပြန့်ဒေသ ချောင်းရေဖြင့် ဆောင်းမှာစိုက်ကြမှုများပြားသည်။ ဂေါ်ဖီထုပ်တွင် အရွက်ထုပ်သော ဂေါ်ဖီထုပ် ရှိသကဲ့သို့ အရွက်လိပ်သော ဂေါ်ဖီထုပ်တစ်မျိုး ရှိသေးသည်။
🔘မုန်လာထဲတွင် ပန်းမုန်လာ မှာလည်း အအေးကြိုက်ပါသည်။ သို့သော် ဂေါ်ဖီထုပ်ကဲ့သို့ အပူဒဏ်ကို မခံနိုင်သည့်အပြင် ပူပြင်းလျှင် အပွင့်ဖြစ်မလာတော့ပါ။ ပန်းမုန်လာအဖြူပွင့်ကဲ့သို့ ပန်းမုန်လာအစိမ်း (ဂေါ်ဖီစိမ်း) (ပန်းစိမ်း) မှာလည်း အအေးကြိုက်အပင်ဖြစ်သည်။ စက်တင်ဘာလစိုက်ကြသည်။ မုန်လာဥတွင် ဥအရောင် အဖြူ၊ အနီ၊ အဝါ ရှိကြသည်။ မုန်လာဥဖြူက အအေးကြိုက်၊ နှင်းကြိုက်ဖြစ် သည်။ ယခုအခါအပူခံမျိုးများရှိလာပြီ။ ရာသီဥတုပူလျှင် ၆၀ဒီဂရီဖာရင်ဟိုက်ကျော်ပါက ဥသေး၊ အမျှင်များ ဥပုံမလှ၊ အူချောင်ပြီး အနံ့ပြင်းဖြစ်လာသည်။ ဥနီ (မုန်လာဥနီ) သည်လည်း အအေးကြိုက်ဖြစ်၍ ပူလာလျှင် ဥအရွယ် ပုတိုပြီးအရည်မရွှမ်းတော့ပါ။ မြေစိုလျှင် ဥပုပ်သည်။ မိုးများလျှင် ဥကွဲအက်သည်။ မြေစေးလျှင် ဥအသားကြမ်း၍ အရောင်မလှပါ။ စိုက်ခင်းမြေမှ ဥထိပ်ပိုင်းမြေပေါ် ပေါ်နေလျှင် ဥအရောင် မနီတော့ဘဲ အစိမ်းရောင်ပေါ်လာသည်။ နိုကိုကလည်း အအေးကြိုက်ဖြစ်သည်။
🔘ဆောင်းမှာ အဓိကစားသုံးကြသည်မှာ မုန်ညင်းဖြစ်သည်။ အပွင့်ဝါဝါ ပွင့်သည့်မုန်ညင်းပင်၊ မုန်ညင်းရွက် အဓိကထား၍စိုက်သည်။ မုန်ညင်းပင်နှင့် မုန်ညင်းထုပ်တို့သည် အအေးကြိုက်အပင်များဖြစ်၍ အအေးဒဏ်ကို အတော် အတန်ခံနိုင်သည်။ ပေ ၅,၀၀၀ ကျော်မြင့်သော တောင်ပေါ်ဒေသလည်း ဖြစ်ထွန်းသည်။ တစ်နှစ်ပတ်လုံးမိုးပုံမှန်သင့်တင့်ရုံရွာသွန်းသော ဒေသတွင်လည်း တစ်နှစ်လုံး စိုက်ပျိုးနိုင်သည်။ ရေများလျှင် ရိပုပ်တတ်သည်။ ဟင်းသီး ဟင်းရွက်စိုက်ပျိုးရေးတွင် အပူချိန်သည် အလွန် အဓိကအရေးပါ သည်။ အပင်ဖြစ်မှု၊ အရသာကောင်းမှု၊ ပိုးကျမှုတို့သည် အပူချိန်၏ အကျိုးသက်ရောက်မှုဖြစ်သည်။ နေ့ညဖြစ်ပေါ်သောအပူချိန်ကလည်း လွှမ်းမိုးနေသည်။
🔘အလွန်အေးသည်အထိ ကြိုက်သော ဟင်းသီး ဟင်းရွက်ပင်များ ရှိသကဲ့သို့ အလွန်ပူသော အပူခံနိုင် သည့်အပင်လည်း ဟင်းသီးဟင်းရွက်များတွင် ရှိနေပါသည်။ အပင်ကြီးမှု၊ အစေ့ပေါက်မှု၊ စောစောပန်းပွင့်မှု၊ အသီးနည်းမှု၊ ဂေါ်ဖီထုပ်သင့်တာ မထုပ်မှု၊ ဥအမြစ်ကြီးသင့်တာမကြီးမှု၊ ထွက်လာသောအခါ အရည်အသွေးညံ့မှုတို့သည် ရာသီဥတုအဓိကဖြစ်နေသည်။ မုန်လာ၊ မုန်ညင်း၊ ဆလတ်ပင်တို့သည် နေ့တာရှည်လျှင်ပန်းပွင့်မြန်မြန်ထွက်လာတတ်ပြီး အရည်အသွေးညံ့တတ်သဖြင့် ဆောင်းမှာ များများ စိုက်ပြီး များများထွက်သည့် အအေးကြိုက်၊ နေ့တာတိုကြိုက်သည့် အပင်များအဖြစ် တွေ့လာရသည်။
ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) - မတ်လ (၆) ရက်