menu

နှင်းဆီ ကိုင်းဖျားခြောက်ရောဂါ


🍃🌹🍃🌹🍃🌹🍃🌹🍃🌹🍃

✔️ပန်းခူးခြင်း၊ ကိုင်းဖြတ်ခြင်းများစနစ်တကျမပြုလုပ်ခြင်း၊ အသုံးပြုကိရိယာများ မသန့်ရှင်းခြင်းတို့ကြောင့် ဖြစ်ပွားတတ်ပါသည်။ နှင်းဆီစိုက်ပျိုးသောမြေ စိုလွန်းခြောက်လွန်းခြင်းကြောင့်လဲ ရောဂါဖြစ်စေပါသည်။ ထို့အပြင် အင်းဆက်များ၊ ဖျက်ပိုးများဖျက်ဆီးမှုကြောင့် နှင်းဆီပင်တွင် အရွက်များထိခိုက်ပြီး ဒဏ်ရာမှတစ်ဆင့် ကိုင်းဖျားခြောက်ရောဂါဝင်ရောက်တတ်သည်။

ရောဂါလက္ခဏာ
--------------

အကိုင်းဖြတ်ထားသော နေရာမှကိုင်းသည် တဖြည်းဖြည်းခြောက်လာကာ ပင်စည်၊ အမြစ်ထိ ရောဂါ ရောက်ရှိသွားပြီး အကိုင်းများခြောက်ကာ အပင်သေသည်အထိဖြစ်ပွားသည်။ ငယ်ရွယ်သောအပင်များ ထက် အပင်အိုများတွင်ဖြစ်ပွားလေ့များပြားသည်။ ရောဂါရအပင်၏ ပင်စည်ကို ခွဲကြည့်ပါက အတွင်း တစ်သျှူးသားများ ညိုနေသည်ကို တွေ့ရနိုင်သည်။ 

ကာကွယ်နှိမ်နင်းခြင်း
------------------
▪️ နှင်းဆီစိုက်ပျိုးမည့်မြေကို ကောင်းစွာပြုပြင်ပါ။
▪️ ရောဂါကျဖူးသော စိုက်ခင်းအဟောင်းများကို သေချာစနစ်တကျ ပြုပြင်ပြီးမှ စိုက်ပျိုးပါ။ ▪️ ပူပြင်းသော နွေရာသီတွင် ရေအစိုဓာတ်ဆုံးရှုံးမှုမဖြစ်စေရန် အပင်ခြေတွင်ကောက်ရိုးများဖုံးအုပ်ပေးပါ။
▪️ ပန်းခူးခြင်း၊ ကိုင်းဖြတ်ခြင်းများကို စနစ်တကျပြုလုပ်ဆောင်ရွက်ပါ။
▪️ အသုံးပြုမည့်ကိုင်းဖြတ်ကတ်ကြေးကို အသုံးမပြုမီ ရေဆေးခြင်း၊ ပိုးသတ်ခြင်းများပြုလုပ်ပေးပါ။
▪️ ဒဏ်ရာရနေသောကိုင်းများ၊ ကိုင်းခြောက်များကို ဖယ်ရှားပေးပါ
▪️ ရောဂါကျရောက်ပါက ရောဂါရအပိုင်းမှ အကွာအဝေး ၅ စင်တီမီတာခန့်ထိ ဖြတ်ပြီး ကျူပရိုမက်စ် ၈၅ ဒဗလျူပီ မှိုဆေးရည်သုတ်လိမ်းပေးပါ။

Sources : ဒေါက်တာညိုညို (YAU)