menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
နှမ်းအထွက်ကိုလျော့စေသော “နှမ်းသီးလုံးဖောက်ပိုး”
🌿🐛🌿🐛🌿🐛🌿🐛🌿🐛🌿
မြန်မာအမည် - နှမ်းသီးလုံးဖောက်ပိုး
အင်္ဂလိပ်အမည် - Bollworm (Heliothis armigera)
ကျရောက်သည့်အချိန်
-------------------
နှမ်းစိုက်ပျိုးချိန်ရာသီတစ်လျှောက်လုံးတွင် ကျရောက်ဖျက်ဆီးပါသည်။
ဖျက်ဆီးပုံလက္ခဏာ
-----------------
ပေါက်ကာစလောက်ကောင်သည်နှမ်းသီးနုတောင့်များအတွင်းစားသောက်ဖျက်ဆီးလေ့ရှိပါသည်။ လောက်ကောင်အရွယ်အစားကြီးထွားလာသောအခါအခြားနှမ်းသီးတောင့်များအတွင်းသို့ထိုးဖောက်၍ စားသောက်ပါသည်။ ထို့ကြောင့်အသီးများဆက်လက်မကြီးထွားဘဲ နှမ်းသီးအတွင်းသားများပျက်စီးကုန် ကြပါသည်။
ဘဝစက်ဝန်း
-----------
ဥများကို နှမ်းရွက်၊အညွန့်၊အသီးများတွင် တစ်လုံးစီအု၏။ ဥမှပေါက်လာသောပိုးလောက်ကောင်သည် အရွက်၊ အသီးများကိုစားသောက်ပြီး နောက်ဆုံးအဆင့်တွင် မြေကြီးထဲဆင်း၍ရုပ်ဖုံးပြုလုပ်သည်။ ဥဘဝတွင် (၃-၅)ရက်၊ ပိုးလောက်ကောင်ဘဝတွင် (၁၅-၂၀)ရက်၊ ရုပ်ဖုံးဘဝတွင် (၁၀)ရက်ကြာသည်။
ကာကွယ်နှိမ်နင်းနည်း
-------------------
၁ . ဥများ၊ အကောင်များကိုတွေ့ပါက ကောက်ယူဖျက်ဆီးပစ်ပါ။
၂ . နှမ်းပွင့်၊ နှမ်းရွက်များပေါ်တွင် ဥများကိုစတင်တွေ့ပါက (သို့မဟုတ်) နှမ်းတစ်ပင်လုံးရှိအသီးများ၏ ၅ ရာခိုင်နှုန်း ပျက်စီးနေပါက ဝိစာရ၏ “အီမာလန်ဒါ ၁၅ ဒဗလျူပီ” ဆေးကိုအသုံးပြု၍ ပက်ဖျန်းနှိမ်နင်း နိုင်ပါသည်။
၃ . စိုက်ခင်းပတ်ဝန်းကျင်ရှိပေါင်း၊ မြက်များကိုရှင်းလင်းပါ။
၄ . လိုအပ်ပါက သီးလှည်းစိုက်ပျိုးသည့်စနစ်ကိုကျင့်သုံးခြင်းဖြင့် ပိုးဦးရေကိုလျော့နည်းစေပါသည်။
၅ . မြေကြီးထဲတွင်ရုပ်ဖုံးများရှိနေတတ်သဖြင့်ထယ်ရေး၊ ထွန်ရေးညက်ရန်လိုအပ်ပါသည်။
🌿စစ်မှန် ပြည့်ဝ ဝိစာရ🌿