menu

“နှမ်းသီးနှံ ဖျက်ပိုးများ”ကို ထိရောက်စွာ ကာကွယ်နှိမ်နင်းပါ

🌱🐛🌱🦗🌱🕷️🌱🦗🌱🐛🌱 

➡️ နှမ်းသီးနှံကို မိုးကြိုနှမ်း၊ မိုးနှမ်း နှင့် ဆောင်းနှမ်း စသဖြင့် ဒေသနှင့်ရာသီအလိုက် စိုက်ပျိုးကြသည်။ နှမ်းသီးနှံစိုက်ပျိုးရာတွင် ရေမြေရာသီဥတုနှင့်ကိုက်ညီသောမျိုးများရွေးချယ်စိုက်ပျိုးပြီး အစာအာဟာရ မှန်ကန်စွာ ဖြည့်သွင်းပေးနိုင်ပါမှ အရည်အသွေးမြင့် အထွက်နှုန်းကောင်းသော နှမ်းစေ့များ ထွက်ရှိပြီး ဈေးကောင်းရရှိနိုင်ပါမည်။ ထို့အတူ နှမ်းပင်အား ဖျက်ဆီးတတ်သော ရောဂါနှင့် ဖျက်ပိုးများ ရန်မှ ကာကွယ်ပေးရန်မှာ အထူးအရေးကြီးပါသည်။ ထို့ကြောင့် နှမ်းပင်တွင် ကျရောက်ဖျက်ဆီးတတ်သော ဖျက်ပိုးများအကြောင်းကို နှမ်းစိုက်တောင်သူများ သိရှိ၍ ကာကွယ်နှိမ်နင်းနိုင်ပါရန် ရေးသား တင်ပြအပ်ပါသည်။ 

နှမ်းဖြုတ်ညို 
----------
☑️ မိုးနှမ်းတွင် မိုးဦးဇွန်လတွင်ကျရောက်လေ့ရှိပါသည်။ အရွက်၏အောက်မျက်နှာပြင်တွင်နေသည်။ ဖြုတ်ပိုးစုပ်စားမှုကြောင့် အပင်ကိုထိခိုက်ပျက်စီးမှုမရှိသော်လည်း နှမ်းဖိုရောဂါဖြစ်စေသော ရောဂါပိုးကို သယ်ဆောင်သောကြောင့် နှမ်းအထွက်ကို ထိခိုက်စေပါသည်။ 

☑️ “နှမ်းဖြုတ်ညို”ကို ကာကွယ်နှိမ်နင်းရန် ဝိစာရ၏ “နိုးဝမ်း၊ ကေလာ” ဆေးများမှ တစ်မျိုးမျိုးကို ကြိုတင်ပက်ဖျန်းနိုင်ပါသည်။ 

နှမ်းသီးလုံးဖောက်ပိုး 
--------------- 
☑️ နှမ်းစိုက်ပျိုးချိန်ရာသီတလျှောက်လုံးတွင်ကျရောက်ဖျက်ဆီးပါသည်။ နှမ်းသီးတောင့်များကို ထိုးဖောက်၍ နှမ်းစေ့များကို စားသောက် ဖျက်ဆီးသည်။ 

☑️ “နှမ်းသီးလုံးဖောက်ပိုး” ကျရောက်ပါက “အီမာလန်ဒါ၊ မိုးပျံ၊ ရယ်ဒီ၊ အက်စ်ဖိတ်” ဆေးများမှ တစ်မျိုးမျိုးကိုအသုံးပြုပေးရပါမည်။ 

ရွက်စုံစားခူဝါ 
---------- 
☑️ နှမ်းပင်သက်တမ်းတစ်လျှောက်လုံးတွင် ကျရောက်တတ်သည်။ ဥမှပေါက်ခါစ ပိုးလောက်ကောင်သည် အရွက်ကိုခြစ်စားသဖြင့် အရွက်မှာအစိမ်းရောင်ပျောက်ပြီးဝါကုန်သည်။ ပိုးလောက်ကောင်ကြီးများသည် အရွက်ကို ကိုက်ဖြတ်စားသဖြင့် အရွက်များစုတ်ပြတ်နေပြီး၊ အချို့အရွက်များမှာ ရိုးတံသာကျန်သည်။ အရွက်ပေါ်တွင် ပိုးမစင်များကိုတွေ့နိုင်သည်။ 

☑️ “ရွက်စုံစားခူဝါ” ကျရောက်ပါက “အီမာလန်ဒါ၊ ရယ်ဒီ” ဆေးများကိုအသုံးပြု၍ ကာကွယ်နှိမ်နင်း နိုင်ပါသည်။ 

ရွက်ထွေးပိုး 
-------- 
☑️ သီးကိုင်းထိပ်ဖျားရှိ အရွက်များနှင့် အပွင့်များအား ချည်ဖြင့်ရစ်ပတ်လုံးထွေး၍ အိမ်ဖွဲ့ကာ အတွင်း၌နေထိုင်၍ အရွက်၊ အပွင့်နှင့် အသီးနုများကို စားသောက်ဖျက်ဆီးသည်။ 

☑️ “ရွက်ထွေးပိုး”ကို နှိမ်နင်းနိုင်ရန် အတွက် “အီမာလန်ဒါ၊ အက်စ်ဖိတ်” ပိုးသတ်ဆေးများကို အသုံးပြုပေးနိုင်ပါသည်။ 

နှမ်းဖလံ 
------ 
☑️ မိုးဦးကျစ ဇွန်လမှ အောက်တိုဘာလအထိ ကျရောက်တတ်ပါသည်။ ဥမှပေါက်စလောက်ကောင်မှ နောက်ဆုံးအဆင့်လောက်ကောင်အရွယ်အထိ အရွက်များကိုကိုက်ဖြတ်စားသောက်လေ့ရှိပါသည်။ တစ်ခါတစ်ရံ ရွက်ရိုးသာကျန်ခဲ့သည်။ 
☑️ “နှမ်းဖလံ”အား ကာကွယ်နှိမ်နင်းရန် “အီမာလန်ဒါ၊ ရယ်ဒီ” ဆေးများကို အသုံးပြုနိုင်ပါသည်။ 

နှမ်းစုပ်ဂျပိုး 
---------
☑️ နှမ်းသီးချိန်မှ ရိတ်သိမ်းချွေလှေ့ချိန်အထိကျရောက်တတ်သည်။ အသီးတောင့်များကို ထိုးဖောက်၍ အတွင်းရှိ နှမ်းစေ့များအား စုပ်ယူ စားသောက်သဖြင့် အဖျဉ်းအမှော်များဖြစ်ကာ အထွက် သိသာစွာ လျော့စေသည်။ အချို့မှာနှမ်းသိုလှောင်ခန်းအထိဆက်လက်ဖျက်ဆီးကြသည်။ ခေါင်းလောင်းဆွဲချိန်တွင် စတင်ဆေးဖျန်းပေးရပါမည်။ 

☑️ “နှမ်းစုပ်ဂျပိုး” ကို နှိမ်နင်းနိုင်ရန် “လန်ဒါ ၅” ဆေးကို အသုံးပြုပေးနိုင်ပါသည်။ 

နှမ်းကျိုင်းနက် 
----------- 
☑️ မိုးနှမ်းများတွင် ဇွန်လမှ စက်တင်ဘာလ အတွင်းကျရောက်လေ့ရှိသည်။ ကျိုင်းကောင်ကြီးသည် အရွက်များကို ကိုက်စားသဖြင့်အရွက်သားများကုန်ပြီး အရိုးသာကျန်ခဲ့သည်။ အရွက်သေးလျှင် အရွက်ဘေးနားတွင် အကွင်းလိုက်ပြတ်နေသည်။ ညပိုင်းတွင်ထွက်စားလေ့ရှိသည်။ 

☑️ အရွက်များကိုကိုက်ဖြတ်ခံရမှုများပြားပါက “ဆိုက်ပါမက်စ်၊ လန်ဒါ ၅" ပိုးသတ်ဆေး တစ်မျိုးမျိုးကို ဆေးအညွှန်းပါအတိုင်းပက်ဖျန်းပေးခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

ဖိုးလမင်းကျိုင်း 
----------- 
☑️ မြေကြီးထဲတွင်နေ၍ နှမ်းပင်စည်၏ အခေါက်နှင့် အမြစ်များကို ကိုက်ဖြတ်ဖျက်ဆီးသဖြင့် ပင်စည်ကို တစ်ပတ်ရစ်မိပါက တစ်ပင်လုံး ညှိုးသေနိုင်သည်။ “ဒီပါ ၄၆ဂျီ၊ ဖစ်ပရို ၃ ဂျီအာ” ဆေးခဲ တစ်မျိုးမျိုးကို စိုက်ကြောင်းအတွင်းထည့်ပေးခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။ 

ပုရစ် 
---- 
☑️ အပင်ပေါက်ပြီး (၇) ရက်ခန့်မှ စတင်ကျရောက် ဖျက်ဆီးသည်။ နှမ်းပင်များကို နွားစားထားသကဲ့သို့ ငုတ်တိုဖြစ်အောင် ကိုက်ဖြတ်စားသောက်သည်။ သဲဆန်၍ မြစ်ချောင်းနီးသော စိုက်ခင်းများတွင် ပိုမိုဆိုးရွားသည်။ ညအချိန်တွင် ဖျက်ဆီးလေ့ရှိသည်။ “ဒီပါ ၄၆ဂျီ၊ ဖစ်ပရို ၃ ဂျီအာ” ဆေးခဲ တစ်မျိုးမျိုးကို စိုက်ကြောင်းအတွင်းထည့်ပေးခြင်းဖြင့် ပုရစ်ဖျက်ဆီးခြင်းမှ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

➡️ နှမ်းစိုက်တောင်သူဦးကြီးများအားလုံးအတွက် နှမ်းပင်တွင်ကျရောက်တတ်သောဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနိုင်သည့်ဆေးများကိုသိရှိပြီးဖြစ်ရာ အချိန်မှီကြိုတင်ကာကွယ်နှိမ်နင်းနိုင်ကြ၍ ပိုးမွှားကင်းစင်ပြီး အရည်အသွေးမြင့်အထွက်နှုန်းကောင်းသော နှမ်းစိုက်ခင်းများပိုင်ဆိုင်နိုင်ကြပါစေ။ 

🌱စစ်မှန် ပြည့်ဝ ဝိစာရ🌱 

REF : သီးနှံကာကွယ်ရေးဌာနခွဲ