menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
နှမ်းပင်ကိုဖျက် “နှမ်းကျိုင်းနက်”
🌿🦗🌿🦗🌿🦗🌿🦗🌿🦗🌿
နှမ်းကျိုင်းနက် (Sesamum Black Beetle)
Anomala antiqua
Coleoptera, Scarabaeidae
✔️ကျရောက်သည့်အချိန်✔️
နှမ်းကျိုင်းနက်သည်မိုးနှမ်းတွင် ဇွန်လမှ စက်တင်ဘာလအတွင်း ကျရောက်လေ့ရှိပါသည်။
✔️ကျရောက်ဖျက်ဆီးမှု✔️
နှမ်းနက်ကျိုင်းသည်ပျက်စီးမှုအများဆုံး ဖြစ်စေသော ပိုးအမျိုးအစားဖြစ်သည်။ ပင်ပိုင်းကြီးထွားစ အချိန်တွင် ရွက်နုများကို စတင်စားသုံးကာ နှမ်းရွက်များကုန်သည်အထိ စားသောက်ဖျက်စီးတတ်ပြီး အကိုင်းနု၊ အကိုင်းဖျားများကိုလည်းဖျက်ဆီးပစ်တတ်ပါသည်။ ထို့ကြောင့် နှမ်းနက်ကျိုင်းဖျက်ဆီးပါက နှမ်းပင်ပိုင်းကြီးထွားမှုကို နှောင့်နှေးကြန့်ကြာစေပြီး အလွန်ဆိုးဝါးလာပါက နှမ်းပင်များ သေခြင်း၊ အထွက်နှုန်းလျော့ကျခြင်းများ ဖြစ်တတ်သည်။
✔️ဖျက်ဆီးပုံလက္ခဏာ✔️
ကျိုင်းကောင်ကြီးသည် အရွက်များကိုကိုက်စားသည်။ အရွက်သားများကုန်ပြီး အရိုးသာကျန်ခဲ့သည်။ ညပိုင်းတွင် ထွက်စားလေ့ရှိသည်။ အရွက်များကိုတိတိကျကျကိုက်သည်။ အရွက်သေးလျှင်အရွက် ဘေးနားတွင်အကွင်းလိုက်ပြတ်နေသည်။
✔️ဘဝစက်ဝန်း✔️
အကောင်ကြီးများသည် အပင်များပေါ်တွင်စားသောက်ရင်း မိတ်လိုက်၍ အုချိန်တန်လျှင် မြေကြီးထဲဝင်၍ အုသည်။ ဥမှပေါက်လာသော ပိုးလောက်ကောင်များသည် မြေဆွေးကို စားသောက်သည်။ စားသောက်ပြီး စက်တင်ဘာလလောက်တွင် ဆောင်း အောင်းသည်။ မတ်လ၊ ဧပြီလတွင် ရုပ်ဖုံးအဖြစ်ပြောင်းပြီး၊ မေ၊ ဇွန်လတွင်မြေကြီးထဲမှ ထွက်လာသည်။ တစ်နှစ်လျှင် တစ်သားမှနှစ်သားအထိ သားဆက်ပေါက်ဖွားနိုင် သည်။
✔️ကာကွယ်နှိမ်နင်းခြင်း✔️
🔸 ပိုးကျရောက်မှုနည်းပါးပါက အကောင်များကို လက်ဖြင့် ဖယ်ရှားပေးပါ (သို့မဟုတ်) အကောင်ကြီးများ ကို လက်ကိုင်ပိုက်ဖြင့်ဖမ်းယူဖျက်ဆီးပစ်ပါ။
🔸 ညပိုင်းတွင်အဓိကကျရောက်လေ့ရှိသောကြောင့် ညနေပိုင်းကာလမှစတင်ပြီး မီးထောင်ချောက်များ ထွန်းပေးပါ။
🔸 စိုက်ခင်းအနီးတွင်ရှိသော ပေါင်းမြက်များ၊ ခြုံနွယ်များကို ရှင်းလင်းပေးပါ။
🔸 မြေကြီးအတွင်းခိုအောင်းမှုကိုကာကွယ်နိုင်ရန် “ဒီပါ (သို့) ဖစ်ပရို” ဆေးတစ်မျိုးကိုကြဲပက်ပေးရပါမည်။
🔸 အရွက်များကိုကိုက်ဖြတ်ခံရမှုများပြားပါက “ဒါဘင် ၄၀ အီးစီ၊ လန်ဒါ ၅ အီးစီ" ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးအညွှန်းပါအတိုင်းပက်ဖျန်းပေးခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။
↗️စစ်မှန် ပြည့်ဝ ဝိစာရ↖️
Sources : ပိုးမွှားရောဂါနှင့်ကာကွယ်နှိမ်နင်းနည်းများ