menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
နှမ်းစေ့အရည်အသွေးကောင်းရန် နှမ်းထောင်နေလှန်းပါ
🔹မြန်မာ့လယ်ယာထွက်ကုန်သီးနှံများ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် စံချိန်မီ အဆင့်အတန်းရရှိရန် စိုက်ခင်းများပြုစုမှု၊ ရိတ်သိမ်းမှုအဆင့်သည် အရေးကြီးပါသည်။ မြေပဲဆိုလျှင် မှိုဆိပ် (အဖရာတော့ပ်ဆင်မှိုဆိပ်) ပါဝင်မှုရှိ၍ ပြည်ပကဝယ်ယူမှု လျော့နည်းလာသည်။ နှမ်းဆိုလျှင် နှမ်းစေ့များ၌ဖရီးဖက်တီးအက်စစ် (Free Fatty Acid -F.F.A) ပါဝင်မှုရှိနိုင်၍ ရိတ်သိမ်းချိန်မှန်ကန်ရေး၊ စနစ်တကျ နှမ်းထောင်နေလှန်းအခြောက်ခံမှု ပြုလုပ်သင့်သည်။
🔹ပထမဦးစွာ နှမ်းပင်နုတ်သိမ်းချိန် မှန်ကန်ရပါမည်။ ဤသို့မှန်ကန်ရန် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ ရွေးချယ်စိုက်ပျိုးသင့်ပါသည်။နှမ်းမျိုးအလိုက် သက်တမ်းများသိသင့်ပါသည်။ ရာသီဥတုပြောင်းလဲမှုကြုံတွေ့နေရသဖြင့် ဒေသနှမ်းမျိုးများကို မပြောတော့ပါ။ သက်လျင်နှမ်းမျိုး အထွက်ကောင်းများဖြစ်သည့် နှမ်းနက် ဆင်းရတနာ(၃) သည် အသက်ရက် ၈၅ ရက်- ရက် ၉၀၊ နှမ်းစေ့အဖြူ ဆင်းရတနာ (၄) သည် ရက်၈၀ မှ ၈၅ ရက်၊ ဆင်းရတနာ (၈) သည် ၇၅ ရက်မှ ရက် ၈၀၊ ဆင်းရတနာ (၁၀) သည် ၇၅ ရက်မှ ရက် ၈၀ ၊ ရေဆင်း (၉) နှမ်းဖြူသည် ရက် ၈၀ မှ ၈၅ ရက်၊ ဆင်းရတနာ (၅) သည် ရက် ၈၀ မှ ၈၅ ရက်၊ မကွေးဖြူ ၆၅ ရက်မှ ရက် ၇၀၊ မကွေးနီ၁ /၀၄ သည် ၈၅ ရက်မှ ရက် ၉၀ ၊ မကွေးနီ(နှမ်းနီ) ၂ /၀၄ သည် ၈၅ ရက်မှ ရက် ၉၀၊ မကွေး ၇ / ၉ သည် ၈၅ ရက်မှ ရက် ၉၀၊ နှမ်းနီ ၂၅ / ၁၆၀ (မကွေးမျိုး) သည် ၈၅ ရက်မှရက် ၉၀ ရှိသည်။ထို့ကြောင့် နှမ်းမျိုးများသည် ၆၅ ရက်မှ ရက် ၉၀ အတွင်းသာ ရှိကြပါသည်။
🔹အသက်လျင်၊ အရည်အသွေးကောင်း၊ ပြည်ပပို့စံမီပြီး မျိုးအလိုက် ရေငတ်ခံ၊ မိုးခေါင်ခံ၊ နှမ်းဖိုရောဂါဒဏ်ခံ၊ အပူခံမျိုးများရှိကြရာ နှမ်းစိုက်ပျိုးကြမည့် တောင်သူများက မိမိဒေသနှင့် ကိုက်ညီသော နှမ်းမျိုးကိုရွေးချယ်စိုက်ပျိုးရန် အရေးကြီးပါသည်။ယခုကြုံတွေ့နေရသော ရာသီဥတုမိုးရွာမှုသည် ပုံမှန်ရာသီနှမ်းစိုက်ပျိုးမှု ကျင့်သုံးချိန်နှင့် ပြုလုပ်စိုက်ပျိုးနေ၍ ဟန်မကျသည်က များနေကြသည်။
🔹ယခုစာမူတွင် နှမ်းရိတ်ချိန်ကိုသာ အလေးပေးဖော်ပြမည်ဖြစ်သဖြင့် နှမ်းသိမ်းချိန်မှန်သည် နှမ်းခင်းတစ်ခင်းလုံး အရောင်ဝါလာချိန်ဖြစ်သည်။ နှမ်းပင်၏အလယ်တွင်ရှိသော သီးတောင့်ကို ခွဲကြည့်ပြီး နှမ်းစေ့အရောင်ပြောင်းလျှင် ရိတ်သိမ်းနိုင်သည်။ (နှမ်းဖြူစေ့သည် အရောင်မပြောင်းပါ) ရိတ်သိမ်းချိန်စောလျှင် အပေါ်နှမ်းသီးများ မရင့်နိုင်သည့်အပြင် နှမ်းစေ့ထဲ၌ ဖရီးဖက်တီးအက်စစ် များလာနိုင်သည်။ဆီကြိတ်လျှင် ဆီထွက်လျော့နည်းမည်။ အဖျင်းများ၍ အထွက်နည်းမည်။ ရိတ်သိမ်းချိန် နောက်ကျလျှင် အောက်သီးများ မြန်မြန်ကွဲ၍ နှမ်းစေ့လေလွင့်ဆုံးရှုံးမည်။
🔹နှမ်းအပြီးစိုက်ပျိုးမည့် သီးထပ်သီးနှံအတွက် စိုက်ချိန်နောက်ကျမည်။ ထို့ကြောင့် နှမ်းပင်၏အလယ်သီး အရောင်ပြောင်းလျှင် အောက်သီးနှင့် အထက်သီးလည်းမှည့်ပြီ။ အထက်သီးသည် နှမ်းထောင်နေလှန်းရင်း ရင့်မှည့်လာမည်။အချို့က နှမ်းနုတ်ပြီးလျှင် နှမ်းပင်ရှိအရွက်များကြွေကျရန် နှမ်းမထောင်ဘဲ စုပုံထားကြသဖြင့် နှမ်းစေ့တွင် အက်စစ်ဓာတ်ပါဝင်မှု ရှိလာသည်။ နှမ်းမထောင်ဘဲ နှမ်းပုံခြင်းသည် နှမ်းစေ့အရည်အသွေး မကောင်းနိုင်ပါ။ အသီးပါသော နှမ်းပင်အဖျားကို အပုံ၏အလယ်တွင် ပိုင်းမြှုပ်ထည့်ထား၍နှမ်းစေ့ပါအပိုင်းသည် အတွင်းရောက်နေပြီးနှမ်းပင်အရင်းအမြစ်ပိုင်းသည် အပုံ၏ ဘေးပတ်ပတ်လည်အပြင် ရောက်နေသည်။ အပုံကို ငါးည၊ ခြောက်ည နှပ်ထားကြသည်။ အရွက်ကြွေ၊ နှမ်းပင်ပုပ်ရန်ဟု သိကြသည်။ ထို့ကြောင့် နှမ်းစေ့သည် အရောင်အသွေး၊အရည်အသွေး ကျဆင်းရသည်။ နှမ်းစေ့ထဲအက်စစ်များလာတော့သည်။နှမ်းပင်နုတ်သိမ်းပြီး ချက်ချင်းနှမ်းထောင်ပါ။
🔹အကြောင်းကြောင်းကြောင့် မပြုလုပ်နိုင်လျှင် မြေပါ်မိုးကာစခင်း၍ ခပ်ပါးပါးဖြန့်ထားပါ။ ဤသို့ပြုလုပ်ခြင်းကလည်းမကောင်းပါ။ ထို့ကြောင့် နှမ်းထောင်ပါမှနှမ်းစေ့အရည်အသွေး ကောင်းပါမည်။ နုတ်ပြီးနှမ်းပင်လက်တစ်ကိုင်ကို နှမ်းပင်နှင့် ပင်ပြန်စည်းပါ။ နှမ်းစည်းများကို နေလှန်းရာတွင် အသီးများ အထက်ထောင်ထားပြီး သုံးစည်းဆိုင်ထောင်ပါ။ အောက်ခြေမြေပေါ်တွင် မြေသားပေါ်၌ မိုးကာစ၊ ပလတ်စတစ်ခင်းထားလျှင် မြေမှ မှိုများ နှမ်းပင်မရောက်နိုင်ပါ။ ယပ်တောင်သဏ္ဌာန် ဖြန့်စည်းထားသော နှမ်းစည်းများ တစ်ခုနှင့်တစ်ခု ထိနေမှ အခြေသုံးဖက်ခိုင်မြဲ၍ မလဲမပြိုဘဲ အခြောက်ညီညာပါမည်။ နှမ်းထောင်ချိန် နေပူသုံးရက်ခန့်ရရန် လိုသည်။ တိမ်ထူလျှင်၊မိုးစွေလျှင် နှမ်းစေ့ပျက်နိုင်သည်။ မိုးမိလျှင်ပျက်စီးမှုပိုများသည်။
🔹နှမ်းစေ့တွင် အက်စစ်ဓာတ်ပါဝင်မှာကို တောင်သူများ စိုးရိမ်ကြသည်။ ရောင်းပန်းမလှ၊ ဈေးမရ၍ ဖြစ်သည်။နှမ်းမထောင်ဘဲ နှမ်းပုံခြင်းကြောင့်သာ အက်စစ်ဓာတ်သည် နှမ်းစေ့ထဲရောက်ရသဖြင့် နှမ်းထောင်စနစ် ကျင့်သုံးသင့်သည်။ နှမ်းပုံနေလှန်း အခြောက်ခံခြင်းသည် ဆီထွက်ကျသည်။ အစိုဓာတ်ကျန်သည်။ အက်စစ်ပါဝင်မှုရှိနိုင်သည်။ နှမ်းထောင်နေလှန်းမှုသည် အစိုဓာတ် ၄ မှ ၆ ရာခိုင်နှုန်းရှိအောင်ပြုလုပ်နိုင်သည်။ ဆီထွက်နှုန်း ၅၂ ဒသမ ၈အထိ ရှိနိုင်သည်။ အက်စစ်ပါဝင်မှု အနည်းဆုံး သုည ဒသမ ၇ ခန့်သာရှိသည်။ အစေ့အရောင် ပိုကောင်းသည်။ စံချိန်မီရောင်းချနိုင်ပါသည်။
🔹နှမ်းစေ့ခြွေလျှင်လည်း နှမ်းထောင်သည့်နေရာတွင်သာ ခြွေပါ။ နှမ်းထောင်နေလှန်း၊ နှမ်းစေ့ခြွေချိန်၊ နှမ်းဂျပိုးမည်းကျနိုင်၍ ဂရုပြုသင့်သည်။ အရည်အသွေးကောင်းနှမ်းစေ့သည် ခြောက်သွေ့ရမည်။ အစိုဓာတ်ကိုးရာခိုင်နှုန်းနှင့်အောက် ရှိသင့်သည်။ ဖုန်၊သဲ ပါဝင်မှု နှစ်ရာခိုင်နှုန်းအောက် နည်းရမည်။ ဖြစ်နိုင်လျှင် လုံးဝမပါရှိပါစေနှင့်။ သန့်အောင်ပြုလုပ်ပါ။ အစေ့ကွဲ၊ အစေ့နာဖယ်ရှင်းပါ။ထည့်သည့်အိတ်ကအစ သန့်ပြန့်အမှိုက်ကင်း၊ ရောဂါရှင်းရမည်။ ပြည်ပပို့လျှင် ပို့သောနိုင်ငံအလိုက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင်ပြုပြင်ပေးပါ။
🔹ပြင်ပက ပစ္စည်းပါဝင်မှု (ခဲ၊သဲ၊ သံချောင်း၊ အပ်)၊ မရင့်မှည့်ဘဲ ရှုံ့တွန့်သောအစေ့၊ အရောင်ရောပါဝင်မှု (နှမ်းဖြူတွင် နှမ်းစေ့အနီ၊ နှမ်းစေ့အညို၊ နှမ်းစေ့အနက်ရောပါမှု)၊ အစိုဓာတ်ပါဝင်မှုတို့ကိုဂရုပြုရပါမည်။ မြန်မာ့ပို့ကုန်သီးနှံများသည် စိုက်ပျိုးရာတွင် ဂရုပြုနည်းစနစ်မှန် ကျင့်သုံးနေရုံဖြင့်မပြီးဘဲ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန် ဆောင်ရွက်ရမည့် လုပ်ငန်းများတွင်ချို့ယွင်းမှု၊ အားနည်းချက်များစွာ ရှိနေသဖြင့် ပြည်ပဈေးကွက်တွင် နာမည်ပျက်မရှိရန်၊ ဈေးကွက်မပျက်ရန်၊ စိုက်ပျိုးထုတ်လုပ်သူ၊ ဝယ်ယူရောင်းချသူ၊ တင်ပို့သူများအားလုံး စုစည်းညီညွတ်ပြုပြင်မှ စံချိန်မီပို့ကုန်များ ရရှိမည် ဖြစ်ပါမည်။
- ဆွေရည်
- မြန်မာတောင်သူကြီးများ ဂျာနယ်