menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
နှမ်းစိုက်ပျိုးရေးအတွက် လိုအပ်ချက်မျာ
🔹ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ စိုက်ပျိုးနိုင်သည့် မြေဧရိယာများ၊ အခြားသဘာဝပတ်ဝန်းကျင် အရင်းအမြစ်များပါ ရှားပါးလာနေသည်ကို တွေ့ရှိရသည်။ ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့သည်ခန့်မှန်း၍မရနိုင်သော ရာသီဥတုပြောင်းလဲလာမှုဒဏ်များကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။ အဆိုပါပြဿနာများသည် ကမ္ဘာ့လူသားတို့၏ စားဝတ်နေရေးကို စိန်ခေါ်လျက်ရှိနေရာ ဖြေရှင်းပေးနိုင်မည့် နည်လမ်းများကို အမြဲရှာဖွေနေကြရဦးမည်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝသစ်တော သယံဇာတများနှင့် ပင်လယ်၊ ရေထွက်ပစ္စည်းများ ပေါများပြီး စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံ ဖြစ်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အထွက်ကောင်း၊ အရည်အသွေးကောင်း သီးနှံမျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးထုတ်လုပ် ရောင်းချပေးနိုင်ပါက နိုင်ငံ၏ စီးပွားရေးများ တိုးတက်လာမည်ဖြစ်သည်။
🔹 မြန်မာနိုင်ငံတွင် လူသုံးများပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ရန်နှင့် ဈေးကွက်ဝင်အရည်အသွေးကောင်းများ ရရှိရန်ချိန်ညှိထုတ်လုပ်ပေးနိုင်ရေးတို့ အတွက် တောင်သူလယ်သမားကြီးများကို စိုက်ပျိုးရေးအသိပညာဗဟုသုတများ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးနိုင်ရန် လိုအပ်သည်။ ထို့ပြင် စားသုံးဆီဖူလုံရေးနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် ဆီထွက်သီးနှံများထဲမှ နှမ်းသီးနှံကိုတောင်သူလယ်သမားကြီးများ တိုးချဲ့စိုက်ပျိုးသွားကြရန် လိုအပ်ပါသည်။
🔹 နှမ်းသီးနှံ၏ မူရင်းဒေသမှာ အာရှတိုက်နှင့် အာဖရိကတိုက်ရှိ အပူပိုင်းဒေသများတွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။ နှမ်းသီးနှံကို အမျိုးအစားခွဲခြားပါကမိုးနှမ်း (ခေါ်) နှမ်းလျင်နှင့် ဆောင်းနှမ်း (ခေါ်) နှမ်းကြီးတို့ ဖြစ်သည်။ နှမ်းလျင်သီးနှံတွင်အပင်၏သက်တမ်းမှာ ရက် ၉၀ မှ ရက် ၁၀၀ အတွင်းရှိပြီး နှမ်းကြီးသီးနှံအပင်၏သက်တမ်းမှာ ရက်ပေါင်း ၁၂၀ ကျော် ရှိသည်။နှမ်းလျင်သီးနှံများကို မိုးရာသီသီးနှံအဖြစ်လည်းကောင်း၊ နှမ်းကြီးကို မိုးနှောင်းဆောင်းရာသီ သီးနှံအဖြစ်လည်းကောင်းစိုက်ပျိုးကြသည်။ နှမ်းစိုက်ပျိုးရန် အကောင်းဆုံးမြေသည် ရေစီးဆင်းမှုကောင်းမွန်ပြီး အာဟာရဓာတ်များပြည့်ဝသော သဲနုန်းမြေနှင့် နုန်းမြေများပင် ဖြစ်သည်။ စနယ်မြေစေးများတွင် အပင်မဖြစ်နိုင်ပါ။ မြေစေးများတွင် စိုက်ပျိုးပါက ရေသွင်း၊ ရေထုတ်၊ ရေနုတ်မြောင်းများကောင်းမွန်စွာ ပြုလုပ်ပေးရမည်။
🔹 နှမ်းစိုက်ပျိုးရန်မြေများကို မြေခံအဖြစ် သဘာဝမြေဆွေးများနှင့် နွားချေးဆွေးများကို ထည့်သွင်း၍ ကြိုတင်ထွန်ရေးပြင်ထားပေးရန် လိုအပ်သည်။နှမ်းသီးနှံစိုက်ပျိုးရန် နွေထယ်ရေးတစ်စပ် ဆောင်ရွက်ပြီးနောက် မိုးကျချိန်တွင် ထွန်ရေးညက်သည်အထိရရှိအောင်ဆောင်ရွက်ပေးရသည်။ နှမ်းစိုက်ပျိုးမည့်မြေတွင် တစ်ဧကနွားချေးလှည်း ခြောက်စီးမှ ရှစ်စီးအထိ ထည့်သွင်းပေးရမည်။ မြေခံအဖြစ် ကွန်ပေါင်းဓာတ်မြေသြဇာ တစ်အိတ်နှုန်း ထည့်ပေးရမည်။နှမ်းသီးနှံ စိုက်ပျိုးကြရာတွင် တစ်ဧကအထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်ခိုင်မာသော မျိုးကောင်းမျိုးသန့် နှမ်းမျိုးများကိုရွေးချယ်စိုက်ပျိုးသင့်သည်။
🔹နှမ်းလျင်သီးနှံများတွင် နှမ်းနက်မျိုးဖြစ်သော စမုန်နက်၊ဆင်းရတနာ ၃ မျိုးများ၊ နှမ်းဖြူမျိုးများဖြစ်သည့် ဆင်းရတနာ ၄ နှင့် ဒေသမျိုး ဘပန်၊မြောက်ယိမ်း၊ ခြုံကျော်မျိုးများသည် ဈေးကွက်ရှိပြီး တောင်သူကြီးများ အဓိကထားစိုက်ပျိုးလျက်ရှိနေပါသည်။ နှမ်းကြီးသီးနှံအတွက် မျိုးတွင် ဒေသမျိုး ကြယ်မရှောင်မျိုးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည်။နှမ်းသီးနှံကို စိုက်ပျိုးကြရာတွင် စိုက်စနစ်မှာ ကိုင်းဖြာသောနှမ်းမျိုးများတွင် တန်းကြား ၁၅ လက်မ၊ ပင်ကြား ခြောက်လက်မ၊ ကိုင်းမဖြာသော တပင်တိုင်မျိုးများအတွက် တန်းကြား ၁၂ လက်မ၊ ပင်ကြားလေးလက်မဖြင့် စိုက်ပျိုးရပါမည်။ နှမ်းသီးနှံကို စိုက်ကြောင်းဆွဲပြီး နို့ဆီဘူးအပေါက်ဖောက်၍ မျိုးစေ့ချခြင်း၊ စိုက်ကြောင်းများထဲ မျိုးစေ့ကြဲပက်ပြီး ဖုံးပေးခြင်းများ ပြုလုပ်ပေးရသည်။ နှမ်းတစ်ဧကစိုက်ပျိုးရန် မျိုးစေ့နှစ်ပြည်လိုအပ်ပါသည်။ အများအားဖြင့်တစ်ဧက နှစ်ပြည်မှ သုံးပြည်အထိ အသုံးပြုကြပါသည်။
🔹နှမ်းပင်သည် စိုက်ပျိုးပြီး ခြောက်ရက်အကြာတွင် အပင်ငယ်များ ပေါက်လာပါသည်။ ၁၆ ရက်အကြာတွင် လေးသွားထွန်ကိုသုံး၍ ကန့်လန့်ဖြတ်ကြောင်းတိုက်ပြီးနှမ်းအပင်ငယ်ကို မှုန်းပေးရသည်။ သို့မှသာအပင်ငယ်များ နိုးကြားလာပြီး ပိုမိုသန်စွမ်းလာပါသည်။ အပင်ကို မှုန်းပြီး ငါးရက်ခန့်အကြာ သားခွဲ၊ ပေါင်းနုတ်ခြင်းကို အမြန်ဆုံး ဆောင်ရွက်ရပါမည်။ ရက် ၂၀ သားတွင် လေးသွားထွန်ဖြင့် ကြားတိုက်ခြင်းကိုငါးရက်ခြားတစ်ကြိမ်၊ နှစ်ကြိမ် ဆောင်ရွက်ရပါမည်။ အောက်ခံမြေ အစိုဓာတ်ရှိချိန်တွင်ပင်ဖြစ်မြေသြဇာ ယူရီးယား တစ်ဧက တစ်အိတ်နှုန်း အသုံးပြုပါ။
🔹အပင်ပြုစုစောင့်ရှောက်ရာတွင် ရွက်ကပ်၊ ရွက်လိပ်ပိုးများနှင့် အပင်ငယ်စဉ် ဖြုတ်ပိုး (စုပ်ပိုး) များကိုကာကွယ်ရန် ထိသေ၊ စားသေ ပိုးသတ်ဆေးတစ်မျိုးဖြင့် ပက်ဖျန်းကာကွယ်ပါ။ ပိုးသတ်ဆေးကို လိုအပ်မှဖျန်းပါ။ မလိုအပ်ပါကမဖျန်းပါနှင့်။ သဘာဝပိုးသတ်ဆေးဖြစ်သည့်ချင်းစိမ်း၊ ငရုတ်သီး၊ ဆေးရွက်ကြီးဆေးရည်ကို စုပ်ပိုးရန်မှကာကွယ်ရန် ပက်ဖျန်းနိုင်ပါသည်။ နှမ်းသီးနှံသည် အပင်၏သက်တမ်းများအရ စိုက်ပျိုးပြီး တစ်ရက်မှ ၂၉ ရက်အထိအပင်ဖြစ်ထွန်းချိန် ဖြစ်သည်။ ရက် ၃၀ တွင်ပန်းဖူးများ စတင်ပြီး ရက် ၄၀ တွင် ပန်းစတင်ပွင့်သည်။ ရက် ၅၀ သားတွင် ပန်းပွင့်စုံချိန်ဖြစ်ပြီး ရက် ၆၀ သားတွင် အသီးကင်း စဝင်ချိန်ဖြစ်သည်။ ရက် ၇၀ မှ ရက် ၈၀ သားတွင် အသီးရင့်ချိန်ဖြစ်ပြီး ရက် ၉၀ မှ ရက်၁၀၀ အတွင်း ရိတ်သိမ်းပေးနိုင်ပါသည်။
🔹မိုးနှမ်းလျင်ကို သြဂုတ်လတွင် ရိတ်သိမ်းကြရပြီး ဆောင်းရာသီစိုက် နှမ်းကြီးကို ဇန်နဝါရီလတွင် ရိတ်သိမ်းရသည်။တောင်သူလယ်သမားကြီးများက နိုင်ငံတော်အတွက် လိုအပ်လျက်ရှိနေသောစားသုံးဆီဖူလုံစေရေးနှင့် ပြည်ပပို့ကုန် ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံကို တိုးချဲ့စိုက်ပျိုးသွားကြရန် လိုအပ်လှပါသည်။ မိသားစုဝင်ငွေတိုးစေရေးနှင့် စားနပ်ရိက္ခာဖူလုံစေရေးတို့အတွက် နှမ်းစိုက်ပျိုးရေးအတွက် လိုအပ်ချက်များကို ဖော်ပြလိုက်ရပါသည်။
- ရွှေမင်းအောင်(ကျောက်ပန်းတောင်း)
- မြန်မာတောင်သူကြီးများဂျာနယ်