menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
နှံစားပြောင်းစိုက်ပျိုးနည်း
🌿🎋🌿🎋🌿🎋🌿🎋🌿🎋🌿
🎋အမျိုးအစား🎋
မိုးရာသီတွင် စိုက်ပျိုးသောမျိုးများနှင့် မိုးနှောင်းရာသီတွင် စိုက်ပျိုးသောမျိုးများဟူ၍ရှိကြသည်။ နှံစားပြောင်းတွင် ခွံပြောင်းနှင့် ဆန်ပြောင်းဟူ၍ နှစ်မျိုးရှိရာ တောင်သူများအနေဖြင့် ခေါ်ဝေါ်သော လယ်ကြီး၊ ရုံးစင်းကြီး၊ ပြောင်းကောက်၊ ညှင်းတို့သည် ဆန်ပြောင်းမျိုးများဖြစ်ကြပြီး ကုလားပြောင်းနက်၊ ခွဲပြောင်းညိုနှင့် နှံကားမျိုးတို့မှာ ခွံပြောင်းများဖြစ်ကြသည်။
ခွံပြောင်း
-------
ခွံပြောင်း၏ ပင်စည်ရိုးတံမှာ ရင့်သောအခါ နီကြန့်ကြန့် အရောင်ရှိပြီး အသားပျော့၍ သကြား ရည်ရွှမ်းသည်။အပင်ရင်းမှာ ဆန်ပြောင်းထက် ပိုမြင့်ပြီး အနှံကားသည်။အစေ့မှာ အနီရောင်၊ အညိုရောင်နှင့် အမည်းရောင်ရှိသည်။
ဆန်ပြောင်း
----------
ဆန်ပြောင်း၏ ပင်စည်ရိုးတံမှာ စိမ်းလဲ့လဲ့အရောင်ရှိပြီး အသားမာသည်။ အပင်မှာမူ သေး၍ ခွံပြောင်းကဲ့သို့ မမြင့်ပေ။ ဆန်ပြောင်းစေ့များမှာ အဖြူရောင်ရှိပြီး အခွံပေါ်သို့ပြူးထွက်လျက်ရှိသည်။ အမျိုးအစားကောင်းမွန်သည့်အလျောက် လူများစားသုံးနိုင်သည်။ စပါးမစိုက်ပျိုးသော ဆန်ရှားသော ဒေသများတွင် ဆန်ပြောင်းကိုစားသုံးကြသည်။ဆန်ပြောင်းသည် အစေ့ကိုလိုက်၍ မွဲပြာသော အခွံရှိသည့် အစေ့ဖြူ အကြီးစားမျိုး၊ညိုသော အခွံရှိသည့် အစေ့ဝါမျိုးနှင့် မည်းသောအခွံရှိသည့် အစေ့ဖြူမျိုးဟူ၍ ၃ မျိုးကွဲပြားသည်။
🎋မြေ နှင့် ရာသီဥတု🎋
ရေဝပ်သောမြေ၊ စမ်းပေါက်သောမြေ၊ ကျောက်စရစ်မြေမှအပ ကျန်မြေများတွင် ဖြစ်ထွန်းသည်။ အကောင်းဆုံးမြေမှာ နုန်းမြေစေးဖြစ်သည်။မြေချဉ်ငန်ဓါတ် (၇.၅-၈.၅) ကိုကြိုက်နှစ်သက်သည်။ တစ်နှစ်လျှင် မိုးရေချိန်(၂၅-၃၀) လက်မရွာသွန်းသော ဒေသများတွင် ဖြစ်ထွန်းပြီး သီးနှံသက်တမ်းတွင် မိုးရေချိန် (၁၈-၂၀) လက်မရှိလျှင်ကောင်းစွာလုံလောက်မှုရှိသည်။အပူချိန် (၈၀-၉၀)ဒီဂရီဖာရင်ဟိုက် အတွင်းကောင်းစွာဖြစ်ထွန်းပြီး အပူချိန် (၆၀-၁၀၀) ဒီဂရီ အထိခံနိုင်ရည်ရှိသော မျိုးများလည်းရှိသည်။
🎋မြေပြုပြင်နည်း🎋
မိုးရာသီစိုက်ပျိုးရေးအတွက် မြေပြုပြင်ရာတွင် မိုးနှောင်းထယ်ရေးဖြစ်စေ၊ မိုးဦးကျစတွင်ဖြစ်စေ အခြားသီးနှံများကဲ့သို့ပင် မြေပြင်စိုက်ပျိုးကြသည်။မိုးစတင်ရွာသွန်းသည်နှင့်တစ်ပြိုင်နက် ၅သွားထွန်ဖြင့် (၂-၃)စပ် အနက်၄လက်မခန့် ရရှိအောင်ထွန်ယက်ပြီး ထယ်ရေးညက်သည့်တိုင် ၇သွားထွန်ဖြင့် အပြီးသတ်ထွန်ယက်စိုက်ပျိုးရမည်။မြေမှုန့်ညက်လေကောင်းလေဖြစ်သည်။ထွန်ရေးညက်ပြီး အစိုဓါတ်ရရှိလျှင်ချက်ချင်းစိုက်ရမည်။မစိုက်နိုင်သေးပါက ကြမ်းတုံးဖိပေးရမည်။ မိုးနှောင်းစိုက်ပျိုးရေးအတွက်မှာ မိုးဦးသက်လျင်သီးနှံများ ရိတ်သိမ်းပြီးနောက် တော်သလင်းလတွင် မြေကိုအမှိုက်များ လျင်မြန်စွာ ရှင်းလင်းပြီး ထယ်ထိုးထွန်ယက်ရမည်။ သဲမြေပွများတွင် စိုက်ပျိုးပါက ထယ်ကို အသုံးမပြုဘဲ ထွန်ဖြင့်မြေကို ကြေညက်အောင်ပြုလုပ်ရမည်။မိုးနှောင်းထယ်ရေးအတွက် သတိပြုရမည်မှာ အစိုဓါတ်ကောင်းစွာ မီရန်အချိန်မီပြုပြင်ရမည်။
🎋မြေသြဇာထည့်သွင်းခြင်း🎋
စိုက်ပျိုးရာတွင် နွားချေး (၁)ဧကလျှင် လှည်း (၁၀-၁၅)စီးခန့်ကို မထွန်ယက်မီ ချပေးရပါမည်။ မြေသြဇာ အသုံးပြုရန် နှုန်းထားအတွက် ….. ယူရီးယား ဓာတ်မြေသြဇာ - ၂၈ ပေါင်/ဧက၊ တီစူပါ ဓာတ်မြေသြဇာ - ၅၆ ပေါင်/ဧက နှင့် ပိုတက်ရှ် ဓာတ်မြေသြဇာ - ၂၈ ပေါင်/ဧက နှုန်း မြေပြင်ချိန်တွင် ထည့်ပါ။ အပင်သက်တမ်း (၂၀) ရက်သားအား ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ ၂၈ ပေါင်/ဧက နှုန်း၊ အပင်သက်တမ်း (၃၅) ရက်သားအား ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ ၅၆ ပေါင်/ဧက နှုန်း ထည့်ပေးရပါမည်။
🎋စိုက်ပျိုးချိန်🎋
မိုးဦးနှင့်မိုးနှောင်းကာလများတွင် စိုက်ပျိုးကြသည်။ များသောအားဖြင့် မိုးရေချိန် ၂၅လက်မထက် ကျော်သောဒေသများတွင် မိုးဦးပိုင်းတွင် စိုက်ပျိုးကြပြီး မိုးရေချိန် ၂၅လက်မထက်ရွာသော ဒေသများတွင် မိုးဦး၊ မိုးနှောင်း ၂ချိန်စလုံး စိုက်ပျိုးကြသည်။မိုးဦးရာသီစိုက်ပျိုးခြင်းကို နယုန်၊ ဝါဆိုလများတွင် အပြီးသတ်စိုက်ပျိုးကြပြီး၊ မိုးနှောင်းရာသီစိုက်ပျိုးခြင်းကို တော်သလင်းလတွင် စိုက်ပျိုးကြသည်။ အချို့ကမူ မိုးရာသီစိုက်ပျိုးခြင်းကို ဝါခေါင်လအထိစိုက်ပျိုးကြသည်။
🎋စိုက်ပျိုးနည်း🎋
နှံစားပြောင်းစိုက်ပျိုးရာတွင် မြေပြင်ပြီးနောက် ကြဲပက်စိုက်ပျိုးပါက ပေါင်းမြက်ရှင်းလင်းရန် မလွယ်ကူသဖြင့် အပင်သန်စွမ်းမှုမရှိပေ။ ထို့ကြောင့် အတန်းလိုက်စိုက်ပျိုးသင့်သည်။ အတန်းလိုက် စိုက်ပျိုးရာတွင် ၂ပေကွာတန်းများ ဖော်ပြီး မျိုးစေ့များကို ထွန်ကြောင်းထဲတွင် ဖြူးချပေးရမည်။ မျိုးစေ့နှုန်းမှာ အနှံအတွက် အဓိကထားပါက ၁ဧကလျှင် ၁တင်းနှုန်းဖြစ်သည်။ တန်းကြား ၁၆လက်မ အတန်းကို ၁ဧကမျိုး ၁တင်းခွဲကြဲခြင်းဖြင့် ပြောင်းရိုးအထွက် ပိုကောင်းသည်။ စိုက်ပျိုးပြီး ၅ရက်ခန့်ကြာသော် အပင်ငယ်ကလေးများပေါက်လာပြီး ပေါင်းမြက်များအခြေအနေကို ကြည့်၍စိုက်ပျိုးပြီး ၁၅ရက်မှစ၍ ၅သွား သံထွန်ဖြင့် (၂-၃)ကြိမ်ပေါင်းသင်မြေဆွပေးရမည်။ အစေ့အတွက်စိုက်ပျိုးပါက အပင်ပေါက်ထူလွန်းလျှင် အထူအပါးလိုက်၍ ၃သွား (သို့မဟုတ်) ၅သွား ထွန်ဖြင့် အပင်မှုန်းပေးရမည်။ သို့သော်သတိပြုရမည့် အချက်မှာ အစိုဓါတ်မိရန် ထွန်ရေးအပြီးတွင် ကြမ်းတုံးအုပ်ခြင်းနှင့် အချိန်မီစိုက်ပျိုးခြင်းပြုလုပ်ရမည်။
🎋ပိုးမွှား ရောဂါ ကျရောက်မှု🎋
နှံစားပြောင်းစိုက်ပျိုးရာတွင် ပျပိုး၊ ရွက်ဖြတ်ပိုးနှင့် မှိုရောဂါများကျရောက်တတ်သည်။ ပြောင်းပင်များ ငယ်စဉ်အခါ အရွက်များမှာ နူးညံ့ပြီး ချိုသောကြောင့် ရွက်နုများပေါ်တွင် ပျကောင်များ ကျရောက်ပြီး အရွက်မှ အရည်ကို စုပ်ယူဖျက်ဆီးတတ်သည်။ပျပိုးကောင်များ အနည်းငယ်ကျရောက်ပါက ရွက်နုများပါး၍ အပင်မထနိုင်ဘဲရှိမည်။အထူးသဖြင့် မိုးအုံ့သောအခါများတွင် သိသာစွာ ကျရောက်သည်။ ပြောင်းပင်ငယ်စဉ်အရွက်များချိုသဖြင့် ကျရောက်ဖျက်ဆီးတတ်သော ပိုးတစ်မျိုးမှာလည်း ရွက်ဖြတ်ပိုး ဖြစ်သည်။ ရွက်ဖြတ်ပိုးများသည် ပြောင်းခင်းအတွင်းတွင်သော်လည်းကောင်း၊ နီးစပ်ရာ မြက်ခင်း ယာခင်းများတွင်သော်လည်းကောင်း ဖလံမများ၏ ဥများမှ ပေါက်ဖွားပြီး အပင်ပေါ်သို့ကူးသန်းကျရောက် ပြီး အရွက်များကို ကိုက်ဖြတ်စားသောက်ကြသည်။ ပြောင်းများတွင် ဖြစ်တတ်သော ရောဂါမှာ အနှံများတွင် ကျရောက်သည့်မှိုရောဂါဖြစ်သည်။ထိုမှိုရောဂါကို ဒေသအလိုက် အိုင်းရောဂါ၊မှိုတောင့်နှံရောဂါ၊ ဖောင်းရောဂါစသည်ဖြင့် ခေါ်ကြသည်။ရောဂါဖြစ်ပွားပါက ရိတ်သိမ်းခါနီးတွင် ပြောင်းစေ့များမှာ ကျပ်ခိုးနှင့်တူသော အမှုန့်ခဲများဖြင့် တဖြည်းဖြည်းပြည့်လာသည်။ အနည်းငယ်သာကျရောက်ပါက အပျက်အဆီးမရှိသော်လည်း ကျရောက်မှုများပါက ပျက်ဆီးဆုံးရှုံးမှု များသည်။ ရောဂါလက္ခဏာမှာ အစေ့များရှည်ထွက်လာ၍ ကြပ်ခိုးကဲ့သို့ အမှုန့် အခဲများဖြင့်ပြည့်လာ သည်။ ထိုအမှုန့်အခဲများသည် အခြားပြောင်းစေ့သို့လွင့်၍ ကပ်နေသောအခါ ထိုအစေ့ကိုစိုက်ပါက ရောဂါမှိုများ မှာလည်း ပြောင်းပင်နှင့် အတူကြီးထွားပြီး ပြောင်းနှံများဆီသို့ တစ်ဖန်ကျရောက်ဖျက်ဆီးပြန်သည်။ ကာကွယ်နိုင်ရန် စိုက်ပျိုးချိန်တွင် မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးဖြင့်လူးနယ်စိုက်ပျိုးပေးရပါမည်။
🎋ရိတ်သိမ်းခြင်း🎋
နွားစာအတွက် ရိတ်သိမ်းပါက အစိုဖြစ်စေ၊ အခြောက်ဖြစ်စေ ရိတ်သိမ်းနိုင်သည်။ အခြောက်ရိတ်သိမ်း ပါက အနှံများပါ စားသုံးရန်ရရှိနိုင်သည်။အစိမ်းရိတ်သိမ်းလိုပါက စိုက်ပြီးတစ်လခွဲမှ ၂လသားခန့်တွင် အရင်း ၆လက်မချိန်၍ ရိတ်သိမ်းကျွေးနိုင်သည်။ပြောင်းချိုမျိုးများသည် အတက်ပေါက်မြန်၍ ပထမ အကြိမ် ရိတ်ဖြတ်ပြီးနောက် အတက်များအလိုအလျောက်ထပ်မံပေါက်လာသည်။ဒုတိယအကြိမ်ရိတ်ပြီး အငုတ်များကို ဆက်လက်ထားရှိပါက နတ်တော်၊ ပြာသိုလများတွင် အနှံများနှင့် အရိုးများကို နောက်ဆုံး ရိတ်သိမ်းနိုင်သည်။ ထိုကဲ့သို့ ရိတ်ခြင်းသည် မိုးဦးစိုက်ပြောင်းများအတွက်သာ သင့်တော်သည်။မိုးနှောင်းစိုက်ပြောင်းများကို အစိမ်းရိတ်ကျွေးပါက အနှံဖြစ်ထွန်းနိုင်မည်မဟုတ်ပေ။ အစာစိမ်းရိတ်ကျွေးပါက အနှံများကို ရိတ်သိမ်း နိုင်သည်။ မိုးနှောင်းစိုက်များအတွက် ပြာသို၊ တပို့တွဲလများတွင် အနှံများရိတ်သိမ်းနိုင်သည်။နှံစားပြောင်း များကို ရိတ်သိမ်းရာတွင် အရင်းမှကပ်၍ ရိတ်ပြီးအကွက်ထဲတွင်အခြောက်ခံထားရမည်။ ပြောင်းရိုးများ မခြောက်မီ အနှံများကို တံစဉ်ဖြင့် လိုက်လံဖြတ်သိမ်းရမည်။အနှံများကိုတလင်းတွင်ဖြန့်ကာ နွားဖြင့်နင်းနယ်၍ အစေ့များကို ခြွေထုတ်ရမည်။
🎋စစ်မှန် ပြည့်ဝ ဝိစာရ🎋
Source : မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း(သီးနှံစိုက်ပျိုးနည်းများ)