menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ဆန်နီစပါး” အကြောင်း သိမှတ်စရာ
🌾🎋🌾🎋🌾🎋🌾🎋🌾🎋🌾
“ဆန်နီစပါး”ဆိုသည်မှာ အသန်မာဆုံးသော ပေါင်းပင်တစ်မျိုးဖြစ်သည်။
ဆန်နီစပါးဖြစ်ပေါ်လာပုံ .....
စိုက်ပျိုးထားသောစပါးနှင့် စပါးရိုင်းတို့သဘာဝအလျှောက် မျိုးကူးစက်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ယူဆကြသည်။ သဘာဝအလျှောက်မျိုးကူးစပ်ပြီးပါက ရိုးရိုးစပါးသာရရှိသည်။ နောက်ရာသီတွင် ထိုစပါးစေ့ကိုစိုက်ပါက ဆန်နီများတွေ့ရှိနိုင်သည်။
ဆန်နီစပါးစေ့၏လက္ခဏာများ .....
▪️ ရင့်မှည့်မှုစောခြင်း
▪️ ပန်းပွင့်ပြီး ၂ ပါတ်အတွင်းစတင်ကြွေခြင်း (ထိကြွေ၊ လေတိုက်ကြွေ)
▪️ မျိုးစေ့ငုတ်ချိန်အမျိုးမျိုးရှိခြင်း (အများအားဖြင့် ၃ လခန့်ကြာမြင့်ခြင်း)
▪️ ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်း (ပင်ပိုင်းကြီးထွားမှုအဆင့်တွင် လျှင်မြန်စွာကြီးထွားခြင်း)
▪️ သန်စွမ်းခြင်း (စွတ်စို/ခြောက်သွေ့သည့်မည့်သည့်အခြေအနေတွင်မဆို ကြီးထွားမှုအားကောင်းခြင်း)
ဆန်နီစပါးစေ့၏ ပုံသဏ္ဍာန်များ .....
▪️ အမြီးပါခြင်
း
▪️ စပါးစေ့ပုံသဏ္ဍာန် အမျိုးမျိုးရှိခြင်း (ပု၊ ရှည်၊ လုံးဝန်း)
▪️ အစေ့ခွံမှာ ပုံမှန်စပါးထက် အရောင်ဖျော့ခြင်း၊ မီးခိုးဖြူရောင်အခွံကြမ်းခြင်း
▪️ ဆန်သားအနီရောင်ဖြစ်ခြင်း။
ဆန်နီစပါးပင်မှ ဖြစ်ပေါ်လာသောပြဿနာများ .....
▪️ စပါးမျိုးစေ့၏ အရည်အသွေးနှင့်အထွက်နှုန်းလျော့ကျစေခြင်း
▪️ ဆန်အရည်အသွေးညံ့ဖျင်းခြင်း
▪️ စိုက်ခင်းတွင် ဆန်နီပင်ပါဝင်သွားပါက မျိုးကူးစပ်လွယ်၍ နှိမ်နင်းရန် ခက်ခဲခြင်း။
ကာကွယ်နှိမ်နင်းနည်းစနစ်များ .....
မျိုးသုံးစွဲခြင်း
-----------
ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဓာတ်ခွဲခန်းစစ်ဆေးခြင်းတို့၏ သတ်မှတ်စံချိန်စံညွှန်းပြည့်မီသော မျိုးစေ့အဆင့်များကိုသာအသုံးပြုရန်။
မြေပြုပြင်ခြင်း
------------
▪️ ကြွေကျသော ဆန်နီစပါးစေ့များအတွက် ထယ်မထိုးဘဲ ငှက်များကောက်စားစေခြင်း
▪️ ရိုးပြတ်မီးရှို့ခြင်း
▪️ စိုက်ခင်းထဲကြွေသော အစေ့များကို အပင်ပေါက်ရန်ရေသွင်းပေးခြင်း
▪️ အပင်ကလေးများပေါက်လာပါက ထပ်မံထွန်မွှေ၍ ဖျက်ဆီးခြင်းဖြင့် ကောက်လေများပျက်ဆီးစေခြင်း။
ဆန်နီပါဝင်သော အပင်ဖယ်ရှားနည်း
------------------------------
▪️ စပါးရင့်မည့်ချိန် နံနက်စောစော စပါးခင်းတွင်ဝင်၍ အနှံများကို နေရောင်တွင် ကြည့်ပါ။ အနီရောင်ဖြစ်နေသော ဆန်နီစေ့ပါဝင်သည့် အနှံ/အပင်ကို နှုတ်ပါ။
▪️ အနှံခက်လိုက် ပျိုးထောင်ပါက ရေစိမ်၍ အနီရောင်အစေ့ပါသော အနှံများကို ထင်ရှားစွာမြင်တွေ့ပါက ၎င်းအနှံများဖယ်ရှားပါ။
စိုက်ပျိုးခြင်း
----------
▪️ ရွေ့ပြောင်းစိုက်ပျိုးခြင်းသည် ကြဲပက်ခြင်းထက် ဆန်နီဖြစ်ပေါ်မှု လျော့နည်းစေခြင်း
▪️ လမိုင်းရှိက တစ်ပင်ချင်း အမြစ်မှနှုတ်ရန်
▪️ မျိုးကွဲနှုတ်ချိန် လက်ပေါင်းနှုတ်ရန် (စိုက်ချိန် ၂ - ၄ ပါတ်အတွင်း)
▪️ သီးနှံအလှည့်ကျစိုက်ခြင်း (စပါးအပြီးပဲစိုက်ခြင်းဖြင့် ကောက်လေဖြစ်မှုနည်းခြင်း)
▪️ ရေသွင်းမြောင်း၊ ကန်သင်းသန့်ရှင်းခြင်း (ဝတ်မှုံကူးမှု ကာကွယ်ခြင်း)
▪️ ရွေးချယ်ပေါင်းသတ်ဆေးသုံးခြင်းဖြင့် မြက်မျိုးရင်းဝင်အပင်များ ကာကွယ်နှိမ်နင်းနိုင်ခြင်း
▪️ တလင်းနှင့် လယ်ယာသုံးစက်ကရိယာများသန့်ရှင်းခြင်း
▪️ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်ခြင်း (စပါးရိုင်းတစ်ပင်မှ ဝတ်မှုံများစွာထွက်နိုင်ပြီး စပါးပင်များစွာသို့ ဝတ်မှုံကူးနိုင်သောကြောင့် စိုက်ခင်းအားလုံး တစ်ပင်တွေ့ တစ်ပင်နှုတ်စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်)
Sources : စိုက်ပျိုးရေးဦးစီးဌာန