menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
နွေစပါး နှင့် ဖျက်ပိုး
🌾🐛🌾🐛🌾🐛🌾🐛🌾🐛🌾
◾️ယခုအချိန် ဖြစ်ထွန်းအောင်မြင်နေသောနွေစပါးခင်းများတွင် ပိုးမွှားဖျက်စီးမှု မရှိရန်ဂရုပြုကြရပါမည်။ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း နွေစပါးများဧကများစွာ စိုက်ပျိုးကြသည်။ နွေစပါးစိုက်ပျိုးမှု အောင်မြင်သည်မှာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး ပင်လယ်ဒီရေ ရေတက်၊ရေကျဖြင့် ချောင်းမြောင်းများရှိရေချိုကို ပင်လယ်ရေငန်မှ တွန်းပို့၍ သဘာဝဒီရေအတက်အကျဖြင့် စိုက်ခင်းသို့ ရေသွင်းနိုင်သည်။ ခက်ခဲသောနေရာများ၌ စက်ဖြင့်ရေတင်ကြရသည်။
◾️စပါးစိုက်ခင်းများစိမ်းစို ဖြစ်ထွန်းလာသည်နှင့် ဖျက်ပိုးသည်အစာရှာရန်ရောက်လာတတ်သည်။ မိုးစပါး တွင်ဖျက်စီးမှုများသော “ဆစ်ပိုး”သည် နွေစပါးတွင်လည်းအဆိုးရွားဆုံးဖျက်စီးတတ်ပါသည်။ မိုးစပါး စိုက်ပျိုးမှုများသော ရွှေဘိုပေါ်ဆန်းစပါးစိုက်ပျိုးသည့် ရွှေဘိုဒေသဘက်တွင် အဝါရောင်ဆစ်ပိုး ကျရောက်သည်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးများတွင် ဦးခေါင်းမဲဆစ်ပိုးသည် စိုက်ပျိုးချိန်မှစ၍ တွေ့နိုင်သဖြင့်အထူးဂရုပြုစစ်ဆေးကြည့်ရှုပြီး လက်ဦးအောင်ကာကွယ်နှိမ်နင်းကြရပါ မည်။ ၎င်းဆစ်ပိုးသည် ပေါင်းမြက်ထူလျှင်ကျရောက်နိုင်သည်။ စပါးပြီးစပါး စိုက်ပျိုးသောစိုက်ကွင်းများတွင် ကျရောက်မှုပို၍များတတ်သည်။
◾️ထို့ကြောင့် အညာဒေသတွင်မိုးရာသီစိုက်ပျိုးသည့်မိုးစပါးတွင်လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နွေစပါးတွင်လည်းကောင်းဆစ်ပိုးအန္တရာယ် ဂရုပြုကာကွယ်ကြရမည် ဖြစ်ပါသည်။ ခေါင်းမဲဆစ်ပိုးသည်စပါးရွက်၏အောက်ဘက်မျက်နှာပြင်တွင် ဥ ၂၀၀ခန့် အုနိုင်သည်။ လောက်ကောင်သည်ဦးခေါင်းမဲသဖြင့်ခေါင်းမဲဆစ်ပိုးဟုခေါ်သည်။ ဦးခေါင်းအရောင် အဝါရောင်သန်းပြီး အညိုရောင်ကိုယ်ခန္ဓာရှိလျှင် အစင်းပါဆစ်ပိုးဖြစ်သည်။ ဦးခေါင်းအရောင်သည် လိမ္မော်ရောင်သန်းသော အနီရောင်ဖြစ်လျှင် ပန်းရောင်ဆစ်ပိုးဖြစ်သည်။ ခန္ဓာကိုယ်ဖြူပြီးဦးခေါင်းမဲလျှင် အဖြူရောင်ဆစ်ပိုးဖြစ်သည်။ ခန္ဓာကိုယ်ဝါပြီးဦးခေါင်းမဲလျှင် အဝါရောင်ဆစ်ပိုးဖြစ်သည်။
◾️စပါးပင် အပင်ပွားစည်းချိန် ဆစ်ပိုးလက္ခဏာ အူပုပ်သည်ကိုစတင်တွေ့ရှိပါက ရေသွင်းရေထုတ်ပြုလုပ်ကြသင့်သည်။ ရေအခြေအနေပေးသော နေရာများတွင် တစ်ရက်နှစ်ရက်ခန့်ရေထုတ်၍ ဆစ်ပိုးပွားများ မှုကိုကာကွယ်နိုင်သည်။ ပုလဲဓာတ်မြေဩဇာ အချိုးကျသုံး၍ ပိုတက်စီယမ်ဓာတ်မြေဩဇာကို မဖြစ်မနေ အသုံးပြုပေးပါ။ စပါးတွင်ဆစ်ပိုးကျရောက်ပါက မြေအစိုဓာတ်ကောင်းချိန်တွင် ဝိစာရ ၏ ဒီပါ ၄၆ ဂျီ (သို့မဟုတ်) ဖစ်ပရို ၃ ဂျီအာ ဆေးတစ်မျိုးမျိုး ကြဲပက်နိုင်ပြီး ဆေးဖျန်းလိုလျှင် အားတက် (သို့မဟုတ်) ဒိုင်နမို ဆေးတစ်မျိုးမျိုး ပက်ဖျန်းပေးရပါမည်။ ထို့ပြင် ညနေစောင်းနေဝင်ချိန်တွင် ပိုးဖလံကို မီးထောင် ခြောက် ထွန်း၍ စုပေါင်းပြီး တစ်ကွင်းတစ်စပ် ကာကွယ်နှိမ်နင်းနိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။
စစ်မှန် ပြည့်ဝ ဝိစာရ
Sources : ကိုရဲ (စိုက်ပျိုးရေး)
စိုက်ပျိုးရေးရာ အကြံပြုချက်များ