menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
နွေစပါးစိုက်ပြီးလျှင် ကောက်ပင် မဖြစ်မနေ ဖာပါ။
🔹ဤအကြောင်းအရာကိုရေးသားရခြင်းမှာ နွေစပါးစိုက်ပျိုးရာတွင် တစ်ဧကဝင်ဆံ့ရမည့် ကောက်ပင် အရေအတွက် ပြည့်မီရေး၊ တစ်ဧကရှိရမည့်အနှံအရေအတွက်ပြည့်မီရေးသည် အရေးကြီးသောကြောင့် ဖြစ်သည်။ လယ်ယာသီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သောအထွက်ရရှိနိုင်ရန် တစ်ဧကဝင်ဆံ့ရမည့် အပင်အရေအတွက်သည်အဓိကဖြစ်သည်။ စပါးတစ်ဧက ကောက်ကွက် ၁၀၀၀၀ လျော့လျှင် ၁၀တင်း အထွက်လျော့နိုင်ကြောင်း သိရှိရသည်။
🔹စပါးစိုက်ခင်းမလုပ်မီကပင် ကောက်ပင်ဖာရန်အတွက်ပျိုးထောင်ထားဖို့လိုပါသည်။ ပျိုးပိုဆိုသည်မှာ ဧကဒဿမ ၁၀ခန့်အကွက်တွင် စိုက်ခင်း(သို့မဟုတ်)ကြဲခင်း နှင့်သက်တမ်းတူမျိုးရအောင်အရန်ပျိုးထောင် ထားခြင်းဖြစ်သည်။ သို့မှသာသက်တမ်းတူပျိုးပင်များနှင့် စိုက်ခင်းအတွင်းကောက်ကွက်မပြည့်သည့်နေရာတွင် ကောက်ပင်ဖာရန်ဖြစ်သည်။ ကြဲခင်းများတွင်လည်း ကွက်ကြားဖြစ်၍ ကြဲသွားသည့်နေရာတွင် သက်တမ်းတူ အရန်ပျိုးဖြင့် ကောက်ကွက်ဖာပေးရန်လိုပါသည်။ ကောက်ပင်ဖာခြင်းသည် အချိန်ကိုက်ဆောင်ရွက်ရန်ဖြစ်သည်။ အကြောင်းမှာ မူလစိုက်ထား ကြဲထားသော စပါးပင်များနှင့် အတူတူ အပင်ပွားစည်းပြီး အနှံထွက်ရာတွင်လည်း အချိန်တူထွက်လာနိုင်ရန်ဖြစ်သည်။
🔹စပါးကြဲခင်းများတွင် အပင်ပေါက်မညီပဲ ကွက်ကြားဖြစ်ရခြင်းမှာ အပင်ပေါက်နှုန်းညံ့ခြင်း၊ မြေမျက်နှာ ပြင်မညီသည့်အတွက်ရေနေရေထိုင်မညီ၍ ရေခံနှင့်စပါးကြဲပြီး ( ၂-၃)ရက်ခန့်အကြာ ရေပြောင်ထုတ်ချိန်တွင် ရေဘဲ၊ စနှိုက်၊ စာကလေးတို့ကဲ့သို့ ငှက်များ၏စားသောက်ဖျက်စီးခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ကြောင့်အပင်ပေါက်ကောင်းသည့်စပါးမျိုးသန့်များကိုရွေးချယ်စိုက်ပျိုးရန်၊ တမန်းမျက်နှာပြင်ကိုညီအောင် ညှိကြရန်၊ စပါးကြဲခင်းများ ပျိုးကြဲလျှင်လက်ဆညီညီဖြင့်တစ်ကွင်းတစ်စပ်တည်း ကြဲပက်နိုင်ပါရန် အကြံပြုတင်ပြလိုက်ပါသည်။
- အောင်ဆန်း (စိုက်ပျိုးရေး)
- မြန်မာတောင်သူကြီးများဂျာနယ်