menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြောင်းသီးနှံ စိုက်ပျိုးနည်း
🍃🌽🍃🌽🍃🌽🍃🌽🍃🌽🍃
မြေအမျိုးအစား
--------------
မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း မြေစေးမဆန်သော မြေရွ နှင့် သဲမဆန်သော မြေအမျိုးအစား ဖြစ်သင့်သည်။ ရေမဝပ် ၊စိမ့်မစွဲသောမြေ၊ အစိုဓာတ်ထိမ်းနိုင်သောမြေ၊ သစ်ဆွေးဓာတ် ကြွယ်ဝသောမြေ၊ နုံးမြေ၊ နုံးစနယ်မြေမျိုးကို ကြိုက်နှစ်သက်သည်။ မြေချဉ်ငံဓာတ်(၆-၆.၈) အတွင်း အကောင်းဆုံးစိုက်ပျိုးနိုင်ပါသည်။
ရာသီဥတု
--------
အပူချိန် (၆ဝ-၉၅) ဒီဂရီဖာရင်ဟိုက်ရှိသော အခြေအနေတွင် ပြောင်း ဖြစ်ထွန်းနိုင်သည်။ နေ့အပူချိန် (၅၅) ဒီဂရီဖာရင်ဟိုက်အောက် ကျဆင်းသောရာသီတွင် စိုက်မရပါ။ အပူချိန် (၇၀-၇၅) ဒီဂရီ ဖာရင်ဟိုက် ရှိသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ညအပူချိန်(၆၅) ဒီဂရီဖာရင်ဟိုက်အထက်ရှိသောရာသီကို ကြိုက်သည်။ ယင်းအပူချိန်ထက်အေးသော ဒေသတွင်မစိုက်သင့်ပါ။
စိုက်ပျိုးချိန်
----------
နေ့အပူချိန် (၆၅-၉၀) ဒီဂရီဖာရင်ဟိုက်ရှိသောလတွင် စတင်စိုက်ပျိုးပါ။ အပင်သက်တမ်း (၁၀၀-၁၂၀) ရက်အတွင်း ယင်းအပူချိန် ပုံမှန်ရှိသင့်ပါသည်။
မြေပြုပြင်ခြင်း
------------
ပြောင်းစိုက်မည့် မြေကွက်အား ကြိုတင်ထယ်ရေးပြင်ထားရသည်။ ယခင်သီးနှံအကြွင်းအကျန်များနှင့် ပေါင်းမြက်များ ထယ်စာခဲအောက်မြုပ်စေခြင်းဖြင့် မြေဆွေးဓာတ်များရစေပြီး ပေါင်းမြက်ပေါက်မှု သက်သာစေပါသည်။ ပြောင်းစိုက်ခါနီး ထယ်ရေးမပြင်မီတွင် သစ်ဆွေး၊နွားချေးဆွေးများ ထည့်ပြီးမှ မြေပြင်ပါ။ ထယ် (၁-၂) စပ် နှင့် ထွန် (၂-၄) စပ်မြေအမျိုးအစား အနေအထားအရ ပြုပြင်ပါ။
စိုက်နည်းစနစ်
------------
ပြောင်းသည် လေဖြင့် ဝတ်မှုန်ကူးသောအပင်ဖြစ်၍ အတန်းများအား လေသွားလမ်းကြောင်းကို ကန့်လန့် ဖြတ်၍ ထားသင့်သည်။ အတန်းကြား(၂၄ - ၃၀) လက်မ၊ အပင်ကြား (၈ - ၁၂) လက်မတွင် (၁) ကျင်း (၁) ပင် ချန်ထားပြီး စိုက်ပါ။ မျိုးနှင့်စိုက်စနစ် ကွဲပြားသည်နှင့်အမျှ အတန်းကြား၊အပင်ကြား ကွာခြားနိုင်ပါသည်။ တစ်ဧကအပင်ဦးရေ (၁၇,၀၀၀) မှ (၂၄,၀၀၀) ပင်ဝင်အောင်စိုက်ပါ။
ရေပေးသွင်းခြင်း
--------------
ပြောင်း တစ်ရာသီ အပြည့်အဝကြီးထွား ဖြစ်ထွန်းစေရန် လုံလောက်သော မိုးရေမရပါက (သို့မဟုတ်) ရေသွင်းစိုက်ပါက ၂၀၊ ၄၀၊ ၆၀၊ ၈၀၊ ၁၀၀ ရက်သားများတွင် ရေပေးသွင်းပါ။ တစ်ကြိမ် နှင့်တစ်ကြိမ် တိုးပြီး ရေပေးသွင်းပေးသင့်ပါသည်။
မြေသြဇာကျွေးခြင်း
-----------------
မြေခံအဖြစ် ရွှေတိုးကွန်ပေါင်း(၁၇ : ၈ : ၈ + ၁၅ S (၁)အိတ် နှင့် မော်နီတာဂျစ်ပ်ဆမ် (၁) အိတ် ရောစပ်၍ တစ်ဧကနှုန်းကျွေးပါ။ ၂၀-၂၅ ရက်သားဘောင်လုံးချိန်တွင်တစ်ဧကလျှင် အောင်နှံဝေ (သို့မဟုတ်) မိုးပုလဲ (၁)အိတ်နှုန်း ထည့်သွင်းပေးရပါမည်။
ပေါင်းမြက်နှိမ်နင်းခြင်း
--------------------
ပြောင်းထယ်ရေးမပြင်မီ ပေါက်နေသော ပေါင်းမြက်များအား ပေါင်းစင်၊ ဧမီကွင်း ဆေးများဖြင့် နှိမ်နင်းပါ။ ပြောင်းစိုက်မြေဖုံးပြီးချိန်မှ (၁၀) ရက်သားအတွင်း ၎င်းပြောင်းရွေးချယ်ပေါင်းသတ်ဆေးတစ်မျိုးမျိုး ဖြင့် နှိမ်နင်းနိုင်ပါသည်။ ပေါင်းသတ်ဆေးအား ပေါင်းပင်အရွက် (၂) ရွက်ထွက်ချိန် နောက်ဆုံး အသုံးပြုပေးရန်ဖြစ်ပါသည်။
🍃စစ်မှန် ပြည့်ဝ ဝိစာရ🍃