menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပေါင်းမြက်ရှင်းပါမှ သီးနှံအထွက်ကောင်းမည်
🌿🌱🍃🌱🌿🌱🌿🌱🍃🌱🌿
↗️သီးနှံများစိုက်ပျိုးကြရာတွင် မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံစိုက်လျှင်ဖြစ်စေ၊ ကြက်သွန်၊ ငရုတ်နှင့် ပဲမျိုးစုံသီးနှံ စိုက်လျှင်ဖြစ်စေ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးကို မဖြစ်မနေ အသုံးပြုနေကြသော်လည်း ပေါင်းရှင်းမှုကို အလေးထားလုပ်ကိုင်မှု နည်းပါးလျက်ရှိသည်။
↗️ဖျက်ပိုးနှင့် အပင်ရောဂါဆိုလျှင် ဂရုတစိုက်ကာကွယ်နှိမ်နင်းကြပြီး ပေါင်းပင်ဆိုလျှင် အများစုသည် မြက်ကိုသာမြင်ကြ၊ သိကြသည်။ မိမိစိုက်ခင်း၌ ကိုယ်စိုက်ပျိုးသော သီးနှံမှလွဲလျှင် ကျန်သည့်အပင်မှန်သမျှ စိုက်ခင်းထဲရှိနေလျှင် ပေါင်းပင်ဖြစ်သည်။ မြက်မှာလည်း မြက်သီး၊ ကတောက်ဆတ်၊ မြက်မုန်ညင်း၊ ဝက်လာစသည့် မြက်မျိုးပေါင်းများစွာရှိသည်။ တစ်နှစ်ခံပင်၊ နှစ်နှစ်ခံပင် ဆိုပြီးရှိကာ ပင်ပျော့များသည် တစ်နှစ်ခံပင်ဖြစ်ကြသည်ကများသည်။
↗️တစ်နှစ်ခံပေါင်းပင်များသည် နှိမ်နင်းမှုလွယ်သော်လည်း နှစ်ရှည်ခံပေါင်းပင်သည် သန်မာ၊ မြန်ဆန်၊ ကြီးထွား၊ ပြန့်နှံ့သဖြင့် မျိုးပွားမှုကောင်းသည်။ အမြစ်များမြေကြီးနက်နက်အထိ ဆင်းနိုင်ကြသည်။ နှစ်ရှည်ပေါင်းပင်ကို ဆွဲနှုတ်လျှင် မြေပေါ်ပိုင်းဖြတ်တောက်၍ ရှင်းလင်းသွားသော်လည်း မြေကြီးထဲ၌ အမြစ်ဇုံများ ကျန်ရစ်ခဲ့သည်။ လွယ်လွယ်နှင့်ရှင်းရန်မရနိုင်ပေ။
↗️ပေါင်းရှင်းပေါင်းနှိမ်ရာတွင် စိုက်ပျိုးပြီးတစ်လအတွင်း အပြောင်ရှင်းရသည်။ စိုက်ပျိုးသီးနှံပန်းမပွင့်မီ ပြုလုပ်ရသည်။ အကြောင်းကြောင်းကြောင့် သီးနှံပင်အစောပိုင်းကာလ ပေါင်းမရှင်းနိုင်ကြသဖြင့် ပန်းပွင့်၊ အနှံ၊ အဆံထွက်မှ ပေါင်းရှင်းနိင်ကြလျှင် သီးနှံအအထွက် သိသိသာသာကျသွားသည်။
↗️ထို့ကြောင့် မဖြစ်မနေ စိုက်ပြီးတစ်လအတွင်း ပေါင်းရှင်းသင့်သည်။ ဥပမာ-မြေပဲပင်သည် အောက်ကိုင်းမှအပွင့်ကို အတောင့်အသီးဖြစ်ရန် အားထားရသဖြင့် အစောပိုင်းကာလမြေပဲပန်းမပွင့်မီ ပေါင်းရှင်းပေးမှ အထွက်ကောင်းသည်မှာ အခြားသောသီးနှံများထက် ပို၍ဂရုစိုက်ရသည်။
↗️ယခုအချိန်တွင် လုပ်သားရှားပါးလာသောကြောင့် ကောက်စိုက်၊ ကောက်ရိတ် သီးနှံခူးဆွတ်၊ နုတ်ဖော်ချိန်များ နောက်ကျကုန်သည်။ ပေါင်းရှင်းလုပ်သားများခက်ခဲလာမှုကြောင့်လည်း ပေါင်းမနှိမ်နင်းနိုင်ကြသည်များလည်းရှိသည်။ ရိတ်သိမ်းလိုက်သော သီးနှံစေ့များတွင် ပေါင်းစေ့မြက်သီးပါလာ၍ ဈေးလဲမရ၊ ပေါင်းလဲပို၍ ပျံ့ပွားစေသည်။
↗️ပေါင်းသတ်ဆေးများသည် ပိုးသတ်ဆေး၊ အပင်ရောဂါမှိုသတ်ဆေးတို့ကဲ့သို့မဟုတ်သောကြောင့် ရွေးချယ်ပေါင်းသတ်ဆေးနှင့် ရွေးချယ်မဲ့ပေါင်းသတ်ဆေးကို ခွဲခြားသိသင့်သည်။ တစ်ချို့သော ပေါင်းသတ်ဆေးသည် သီးနှံမစိုက်မီဖျန်းရသည်။ ပေါင်းသတ်ဆေးကို တစ်မျိုးတည်းသုံးခြင်းထက် နှစ်မျိုးသုံးမျိုး လှည့်ပတ်သုံးစွဲခြင်းက ပိုထိရောက်မှုရှိသည်။ ပေါင်းရှင်းမှုခက်ခဲလာပြီး လုပ်သားမရသည်ကို ပေါင်းသတ်ဆေးဖြင့်ကာကွယ်နှိမ်နင်းနိုင်သည်။ သို့သော် ပေါင်းသတ်ဆေး အကြောင်းနှင့် အမျိုးအစား၊ အသုံးပြုနည်းကို သေချာသိဖို့လိုအပ်လှပါ၍ နားလည်သိရှိသူများထံ မေးမြန်းသုံးစွဲသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
Sources : ကိုရဲ(စိုက်ပျိုးရေး)