menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြောင်းဖူးသီးနှံမှာ ပေါင်းမြက်ကာကွယ်နှိမ်နင်းပါ
🌽🌱🌽🌱🌽🌱🌽🌱🌽🌱🌽
↗️ပြောင်းဖူးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် ပေါင်းမြက်ကို ကာကွယ်နှိမ်နင်းရန် လိုအပ်သည်။ အထူးသဖြင့် ပြောင်းဖူးပင်များ တစ်လသားမပြည့်မီ ပေါင်းကို နိုင်နင်းစွာ မနှိမ်နင်းပါက အပင်များ မကြီးထွားနိုင်တော့ဘဲ ဝါလာတတ်ပါသည်။ ထို့အတူ ရွက်ဖြတ်ပိုးများကလည်း ကျရောက်လာတတ်ပါသည်။
ပေါက်ရောက်သည့်ပေါင်းမြက်များ …..
☑️ပြောင်းဖူးစိုက်ခင်းများတွင် ပေါင်းမြက်မျိုးစုံပေါက်ရောက်နိုင်သည်။ မြက်မုန်ညင်း၊ ဝက်ကျွတ်၊ ဆူးလေး၊ ကြက်မောက်၊ ဟင်းနုနယ်ရိုင်း၊ ဆင်ငိုမြက်၊ ဘဲစာမြက် စသည့် ပေါင်းမြက်တို့ကို ပြောင်းဖူး စိုက်ခင်းများတွင်တွေ့မြင်နိုင်ပါသည်။ မြက်မုန်ညင်း၊ ဝက်ကျွတ်နှင့် ဆူးလေးတို့သည် မြေမျက်နှာပြင်ပေါ် ၌ ကပ်၍ တစ်ပြင်တစ်စပ်တည်း ပေါက်ရောက်ပြီး ပြောင်းဖူးပင်ငယ်တို့၏ အစာအာဟာရနှင့် ရေတို့ကို ရယူစားသုံးကြသည်။ သို့ဖြစ်သောကြောင့် အပင်ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်ပါသည်။ ကြက်မောက် နှင့် ဟင်းနုနယ်ရိုင်းတို့မှာ ရွက်ပြန့်ပေါင်းအုပ်စုဝင်များဖြစ်ပြီး ပြောင်းဖူးပင်နှင့်အတူ အပင် အရပ်မြင့်တက် ကြီးထွားကြကာ ပြောင်းဖူးပင်၏ အစာအာဟာရနှင့်ရေတို့ကို ရယူစားသုံးကြပါသည်။
ပေါင်းပင်များကြောင့် အထွက်လျော့နည်းမှု …..
☑️ပေါင်းပင်များ၏ဖျက်ဆီးမှုကြောင့် ပြောင်းဖူးအစေ့အထွက်ကို ၃၆ မှ ၆၀ ရာခိုင်နှုန်းထိ လျော့နည်းနိုင် သည်။ လျော့နည်းမှုရာခိုင်နှုန်းသည် ပြောင်းဖူးစိုက်ခင်းထဲ၌ပေါက်ရောက်သော ပေါင်းပင်အမျိုးအစားနှင့် အနည်းအများပေါ်တွင် မူတည်သည်။ ထို့အတူ မိုးရာသီ၊ ဆောင်းရာသီ နှင့် မိုးကြိုရာသီဟူ၍ စိုက်ပျိုးရာသီအလိုက်လည်း ကွာခြားနိုင်သည်။ ပေါင်းထူထပ်စွာပေါက်ပါက ပေါင်းပင်ကြောင့် အထွက် နှုန်း လျော့နည်းသည့်ပြင် ပေါင်းပင်ကတစ်ဆင့် ရောဂါပိုးမွှားများ ကူးစက်ပြန့်ပွားကာ ပြောင်းဖူးအထွက်ကို ပိုလို့ပင်ထိခိုက်နိုင်ကြောင်းသုတေသနတွေ့ရှိချက်များက ဖော်ပြပါသည်။
ပေါင်းနှိမ်နင်းခြင်း …..
☑️ဓာတုပေါင်းသတ်ဆေးများသည်ပြောင်းဖူးသီးနှံ ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးအတွက်အထူးထိရောက် သည်။ သို့သော် ဓာတုပေါင်းသတ်ဆေးကိုချည်းအားမကိုးသင့်ဟု မြင်သည်။ လယ်ယာလုပ်ကိုင်နည်းစနစ် များကိုလည်း ပေါင်းမြက်ကာကွယ်နှိမ်နင်းရန် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်သင့်သည်။ နည်းလမ်းပေါင်းစုံ ပေါင်းစပ်သုံးစွဲလျှင်တော့ အကောင်းဆုံး ဖြစ်ပါသည်။
☑️လယ်ယာလုပ်ကိုင်မှု နည်းစနစ်အနေဖြင့် ပထမဦးဆုံးနည်းလမ်းမှာ စိုက်သည့်ဒေသအခြေအနေနှင့် သင့်တော်ကိုက်ညီသော ပြောင်းဖူးမျိုးကို အသုံးပြုစိုက်ပျိုးရန်ဖြစ်သည်။ ထယ်ရေး၊ ထွန်ရေး ပြုပြင်ခြင်းဖြင့် ပေါင်းမြက်ကင်းစင်သောစိုက်ခင်းဖြစ်အောင် ဆောင်ရွက်သင့်သည်။ ရာသီအလိုက် စိုက်ချိန်မှန်ဖို့ လိုသည်။ ထောက်ခံထားသည့် အပင်အတန်းအကွာအဝေးဖြင့် စိုက်နည်းစနစ်မှန်ဖို့ လိုသည်။ သတ်မှတ်အပင်ရေ ပြည့်မီဖို့ လိုသည်။ အတန်းလိုက်စိုက်ပျိုးခြင်းသည် အတန်းကြားအတွင်း ကြားထွန်တိုက်ခြင်း၊ ပေါက်ပေါင်းပေါက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းတို့ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။
ဓာတုပေါင်းသတ်ဆေး …..
☑️ယခုအခါ ဓာတုပေါင်းသတ်ဆေးအမျိုးမျိုးကို အလွယ်တကူဝယ်ယူရရှိနိုင်သည်။ ပြောင်းဖူးသီးနှံစိုက်ပျိုး ခြင်းမပြုမီ (Preplant) အသုံးပြုနိုင်သည့်ပေါင်းသတ်ဆေး၊ ပြောင်းဖူးသီးနှံ စိုက်ပျိုးပြီးသော်လည်း ပေါင်းမြက်အပင်မပေါက်မီ (Preemergence) အသုံးပြုနိုင်သည့် ပေါင်းသတ်ဆေး၊ ပြောင်းဖူးသီးနှံ စိုက်ပျိုးပြီး အပင်ပေါက်ချိန်တွင် ပေါင်းမြက်အပင်ပေါက်ပြီး (Postemergence) အသုံးပြုနိုင်သည့် ပေါင်းသတ်ဆေးဟူ၍ ခွဲခြားထားရာ အသုံးပြုလိုသည့် ဓာတုပေါင်းသတ်ဆေးကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
☑️ပြောင်းဖူးသီးနှံ စိုက်ပျိုးသူများသည်ပြောင်းဖူးသီးနှံစိုက်ခင်းများတွင် ပေါက်ရောက်လေ့ရှိသော ပေါင်းမြက်အမျိုးအစားများကို အပင်ပေါက်ခြင်း၊ ကြီးထွားခြင်း၊ ပန်းပွင့်ခြင်း၊ မျိုးစေ့ပျံ့နှံ့ခြင်း စသည့် ပေါင်းမြက်ဆိုင်ရာ ဗဟုသုတရှိဖို့ လိုသည်။ ဓာတုပေါင်းသတ်ဆေးဆိုင်ရာ သုံးစွဲသင့်သည့်ဆေး၊ သုံးစွဲသင့် သည့်အချိန်၊ သုံးစွဲနည်း စသည်တို့ကိုလည်း သိထားရပါမည်။ ထို့ပြင် နှစ်စဉ်ပေါင်းမြက်ပေါက်ရောက်မှုအစဉ်အဆက်ပြတ်ရေးအတွက် သီးလှည့်စိုက်ပျိုးခြင်း (Crop Rotation) နည်းစနစ်ကိုလည်း နားလည်ထားဖို့ လိုပါသည်။
ဓာတုပေါင်းသတ်ဆေး သုံးစွဲရာတွင် ထည့်သွင်းစဉ်းစားရန်များ …..
☑️ပြောင်းဖူးစိုက်ခင်းအတွင်း ပေါင်းပေါက်ရောက်မှုကို လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နင်းနိုင်သည်။ သို့သော် လက်ပေါင်းလိုက်ရာတွင် ပေါင်းပင်များကုန်စင်အောင် နုတ်ပယ်ခြင်းမပြုနိုင်ပါ။ ဓာတုပေါင်းသတ်ဆေးမှာ မူ ပေါင်းပင်များကို ကုန်စင်အောင်နှိမ်နင်းနိုင်သည်။ သို့သော် ဓာတုပေါင်းသတ်ဆေးများသည် စနစ်တကျ နည်းစနစ်မှန်စွာသုံးစွဲမှသာ ထိရောက်မှုရှိတာဖြစ်ပါသည်။ အရေးကြီးသည်မှာ ဓာတုပေါင်းသတ်ဆေး သုံးစွဲရာတွင် ပေါင်းပင်များကိုသာမက ပြောင်းဖူးပင်များကိုလောင်ကာ ထိခိုက်ပျက်စီးမှုမဖြစ်စေရေး ထည့်သွင်းစဉ်းစားရန်လိုသည်။
☑️ထို့ပြင် ကုန်ကျစရိတ်သက်သာရေးနှင့် စီးပွားရေးတွက်ခြေကိုက်သော ပြောင်းဖူးအထွက်နှုန်းကိုရရှိရေး စဉ်းစားသင့်သည်။ သို့ဖြစ်၍ ဓာတုပေါင်းသတ်ဆေးများ၏ ကာလပေါက်ဈေးနှင့် တွက်ခြေကိုက်၊ မကိုက်ကို ကြိုတင်တွက်ချက်ရန်လိုသည်။ လုပ်သားလုပ်အားရရှိနိုင်မှုကို လေ့လာရန်လိုသည်။ လက်ပေါင်းလိုက်ခနှင့် နှိုင်းယှဉ်ကြည့်သင့်သည်။ ထိရောက်သော ပေါင်းနှိမ်နင်းမှုဖြစ်စေရန် ဈေးကွက် တွင် ရရှိနိုင်သည့် ဓာတုပေါင်းသတ်ဆေးအမျိုးအစား၊ ရရှိနိုင်သည့်ပေါင်းသတ်ဆေးကို မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင် ပက်ဖျန်းရမည်၊ မည်သို့ဖျန်းရမည် စသည်တို့ကို စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန်လိုပါသည်။
မောင်ဖူးဝေ(တောင်တွင်းကြီး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) - မတ်လ (၆) ရက်