menu

ပဲမျိုးစုံ နှင့် “ပျပိုး” အန္တရာယ် ကြိုတင်ကာကွယ်


🌿🦗🌿🦗🌿🦗🌿🦗🌿🦗🌿

✅ယခုအချိန်ကာလသည်ပဲမျိုးစုံ စိုက်ပျိုးချိန်ဖြစ်သည်။ အထူးသဖြင့် ပဲတီစိမ်း နှင့် မတ်ပဲကို အဓိက စိုက်ပျိုးနေကြပြီး တချို့ စိုက်နေဆဲ၊ တချို့မှာ အပင်ပေါက်ခါစ၊ တချို့မှာ စိုက်ချိန်စော၍ အဖူးအပွင့် ဝင်နေကြပြီဖြစ်သည်။ 

✅ထိုသို့ပဲခင်းတွေစိမ်းလာသည်နှင့်အတူ ပဲပင်ကိုဖျက်သည့် ပိုးမွှားများလည်းပေါ်ပေါက်လာစမြဲပင် ဖြစ်သည်။ ၎င်းဖျက်ပိုးများအနက် ပဲအပင်ပေါက်သည်နှင့် ပဲပင်နှင့်အတူ ဖွားဘက်တော်သဖွယ် ပေါ်လာပြီး ဖျက်ဆီးသည့်ပိုးမှာ “ပျပိုး”ပင်ဖြစ်သည်။ “ပျပိုး” သည် ကန်သင်းပေါ်ရှိ ခြုံနွယ်ပိတ်ပေါင်း များတွင်ခိုအောင်းနေပြီး ပဲပင်ပေါက်လာသည်နှင့် ပဲပင်ပေါ်ရောက်လာတော့သည်။ “ပျပိုး” သည် ပဲမျိုးစုံတွင် ကျရောက်တတ်ပြီး တခြား မြက်၊ ခြုံပင်များတွင် ခိုအောင်းနေတတ်ပါသည်။ ရာသီဥတု ပူပြင်းလျှင် အကောင်ပေါက်ဖွားမှု ပိုမို၍ မြန်မြန်များများ ပွားနိုင်ပါသည်။ 

✅ပဲအပင်ငယ် (၅ - ၇)ရက်သားရလျှင် အရွက်အောက်မျက်နှာပြင်မှာ စတင်ကျတာတွေ့ရပါသည်။ “ပျပိုး” အကောင်ငယ်များသည် ပဲရွက်၏အောက်မျက်နှာပြင် ရွက်ကြောကြားတွင် အစုလိုက်အပြုံလိုက် တွယ်ကပ်နေပြီး ပဲရွက်ရှိသစ်ရည်ကိုစုပ်စားပါသည်။ ထိုသို့စုပ်စားသည့်အတွက် ပဲရွက်တွေဟာ ရွက်နားကစပြီး တဖြည်းဖြည်းအောက်ကိုကုပ်ဝင်သွားပါသည်။ ထို့နောက်တစ်ရွက်လုံး ခြောက်သေသွား တတ်သည်။ ပဲပင်ငယ်လွန်းလျှင် ခံနိုင်ရည်မရှိသောကြောင့် နလံမထူနိုင်တော့ဘဲ အပင်သေသွားပါသည်။ တစ်ခါတစ်ရံ “ပျပိုး” သည် ရောဂါပိုးကိုသယ်ဆောင်လာတတ်သည့်အတွက် နောက်ဆက်တွဲရောဂါများ ဖြစ်စေသည့် အကျိုးဆက်လည်းဖြစ်သည်။ 

✅ပျကောင်အကြီးများ တချို့အတောင်ရှိကြသည်။ ထို့ကြောင့် တစ်ပင်မှတစ်ပင် တစ်ကွက်မှတစ်ကွက်သို့ ကူးစက်ပြန့်ပွားသွားစေပါသည်။ အတောင်မပါသည့်ပျပိုးများသည် အနီးပတ်ဝန်းကျင်ရှိ အထီးများနှင့် မိတ်လိုက်ပြီးမျိုးဆက်ပြန့်ပွားစေပါသည်။ တချို့ပျပိုးများမှာ အထီးနှင့်မိတ်လိုက်ခြင်းမရှိဘဲ လိင်မဲ့နည်းနှင့် တစ်နှစ်လုံးမျိုးဆက်ပွားနိုင်ပါသည်။ ထို့ကြောင့် "ပျပိုး" ကျရောက်လျှင် ဂရုမစိုက်မိပါက နိုင်အောင်နှိမ်နင်းဖို့ခက်ခဲပါသည်။ 

✅ပျမတစ်ကောင်သည် မိတ်လိုက်မျိုးပွားလျှင် ဥပေါင်း(၃၀)ခန့် အုနိုင်သည်။ နှစ်ရက်မှသုံးရက်ကြာလျှင် ဥမှအကောင်ငယ်လေးတွေပေါက်သည်။ အကောင်ငယ်မှအကောင်ကြီးအထိ နှစ်ပတ်မှသုံးပတ်ကြာ နေနိုင်ပါသည်။ ပျပိုးသည်သက်တမ်းတိုပေမယ့် လိင်မဲ့နည်းနှင့် တစ်နှစ်ပတ်လုံးမျိုးဆက်ပြန့်ပွားနိုင်သည်။ လက်ခံပင် (သီးနှံပင်) မရှိချိန်တွင် တခြားမြက်၊ခြုံတွေမှာ ခိုအောင်းနေနိုင်သည်။ ထို့အပြင် ပြန့်ပွားမှု မြန်ဆန်သည့်အတွက် ဂရုပြုကာကွယ်နှိမ်နင်းရမည့် ပိုးတစ်မျိုးဖြစ်သည်။

✅ပျပိုးကို ကာကွယ်နှိမ်နင်းနိုင်ရန် .....

 ▪️ စိုက်ခင်းပတ်ဝန်းကျင် နှင့် ကန်သင်းပေါ်ရှိ ခြုံနွယ် မြက်ပင်တွေကို ပြောင်စင်အောင် သုတ်သင်ရှင်းလင်း မီးရှို့ပစ်ပါ။

 ▪️ ပတ်ဝန်းကျင်တွင် ပဲမျိုးရင်းဝင် အပင်အကြွင်းအကျန်များရှိပါက သုတ်သင်ရှင်းလင်းပါ။

 ▪️ ပဲစိုက်ချိန်စောလွန်းပါက “ပျပိုး” ပိုမိုကျရောက်တတ်သည့်အတွက် စိုက်ချိန်မစော (စိုက်ပျိုးချိန်မှန်) စေရန်သတိပြုပါ။

 ▪️ “ပျပိုး”ဒဏ်ခံနိုင်ရည်ရှိသော မျိုးများကိုရွေးချယ် စိုက်ပျိုးပါ။

 ▪️ “ပျပိုး” ကျရောက်မှုကို ကြိုတင်ကာကွယ်နိုင်ရန် ဝိစာရ၏ “ကေလာ၊ ဆိုင်လာ၊ နိုးဝမ်း၊ အက်စ်ဖိတ်၊ သူရိယ” စသည့် ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အပင်ငယ် (၇ - ၁၀)ရက်သားခန့်မှ စ၍ တစ်ပတ်တစ်ကြိမ်နှုန်းဖြင့် နှစ်ကြိမ် မှ သုံးကြိမ်ခန့် ပက်ဖျန်းပေးပါရန် ရေးသားတင်ပြလိုက်ရပါသည်။

✅စစ်မှန် ပြည့်ဝ ဝိစာရ✅

Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ