menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲမျိုးစုံ ပန်းပွင့်ချိန် နှင့် ရွက်ဖျန်းအားဆေးများ ပက်ဖျန်းခြင်း
✅ပဲမျိုးစုံ ပန်းပွင့်ချိန်ကာလမှသီးတောင့်အစေ့အဆံများရင့်မှည့်ချိန်ကာလအတွင်း အစေ့ထုတ်လုပ်မှုအများဆုံး ရရှိနိုင်စေရန်လိုအပ်သောနိုက်ထရိုဓာတ်ကိုဖြည့်ပေးရန်လိုအပ်ပါသည်။ထို့ကြောင့်နိုက်ထရိုဂျင်ဓာတ်များများပါသော ရွက်ဖျန်းမြေဩဇာကိုဖျန်းပေးရသည်။ ပဲစေ့ဖြစ်ထွန်းချိန်တွင် လိုအပ်သောစွမ်းရည်ရရှိနိုင်ရန် ပတ်ဝန်းကျင် အခြေ အနေပေါင်းများစွာကလွှမ်းမိုးနေပါသည်။အခြေအနေကောင်းပေးလျှင် တစ်ဧက တစ်ရက်လျှင် အစေ့(၅၀)ကီလို ဂရမ်အထိထုတ်လုပ်ပေးနိုင်အောင်စွမ်းဆောင်ပေးပါသည်။
✅ပဲပင်ကြီးထွားမှုကာလမှ သီးတောင့် ၊ ပဲစေ့ထုတ်လုပ်မှုအပိုင်းသို့ကူးပြောင်းလာရာတွင် အပင်မှချက်လုပ်သော အစာအာဟာရများကိုအကျိုးရှိစွာလုပ်ဆောင်ပေးနိုင်ပါမှအစေ့ထုတ်လုပ်မှုပိုမိုကောင်းမွန်သည်။ ထိုအချိန်တွင် တစ်ဧက စိုက်ခင်းရှိပဲပင်များမှ တစ်ရက်အတွက်နိုက်ထရိုဂျင် (၃)ကီလိုဂရမ်အထိလိုအပ်ပါသည်။ မြေကြီးထဲတွင် သဘာအလျှောက်ရှိနေသောနိုက်ထရိုဂျင်ကိုလည်း အပင်မှစုပ်ယူစားသုံးသည်။ ထပ်မံဖြည့်တင်းပေးသော နိုက်ထရိုဂျင် ဓာတ်မြေဩဇာ (ယူရီးယား၊ ပုလဲ) စသည်တို့မှလည်းပဲပင်ကစားသုံးရသည်။ လေထဲရှိနိုက်ထရိုဂျင်ကိုလည်းပဲပင်၏အမြစ်များရှိ အမြစ်ဖုနိုဂျူး (nodule) များမှတစ်ဆင့်စုပ်ယူစားသုံးသည်။
✅သို့သော်ပန်းပွင့်ချိန်မှ နောက်ပိုင်းကာလများတွင်ဤသို့ရရှိသော နိုက်ထရိုဂျင်ဓာတ်များဖြင့် ပဲပင်ကမလုံ လောက်တော့ပါ။တစ်ဧကပဲစိုက်ခင်းအတွက် မြေနှင့်လေမှ ပဲပင်သို့အမြင့်ဆုံးပံ့ပိုးနိုင်သောနိုက်ထရိုဂျင် ပမာဏမှာ တစ်ရက်လျှင်(၁.၂) ကီလိုဂရမ်ခန့်သာဖြစ်သည်။ ထို့ကြောင့်ရွက်ဖျန်းမြေဩဇာ ဖျန်းပေးရပါမည်။
✅ပဲပင်များပန်းပွင့်ချိန်မှ စ၍ အစေ့ဖြစ်ချိန်တွင်ရွက်ဖျန်းမြေဩဇာ ဖျန်းပေးလျှင် အစေ့များဖြည့်ပေးမှု၊ အစေ့တွင်းပရိုတင်းဓာတ်ဖြည့်ပေးမှုများ ပြုလုပ်ပေးသည်။ ပန်းပွင့်၏ဝတ်မှုန်ပြွန်တံရှည်ထွက်မှုကောင်းစေ၍ မျိုးအောင်မြင်မှုကိုအထောက်အကူပေးပါသည်။ အပွင့်ကြွေကျမှုကိုလည်း လျော့နည်းစေပါသည်။ ဤတွင်နိုက်ထရိုဂျင်ဓာတ်နှင့်အတူ ဘိုရွန်အနည်းလိုအာဟာရဓာတ်ကိုဖြည့်ပေးနိုင်ပါက ပဲပင်ထဲရှိနိုက်ထရိုဂျင်၏ ဇီဝကမ္မလုပ်ဆောင်ချက်များကို ပိုမိုတိုးတက်ကောင်းမွန်စေပါသည်။
✅ပဲပင်များသည်စတင်စိုက်ပျိုးပြီးတစ်လခန့်ကြာလျှင်ပန်းပွင့်တတ်သည်။ ပန်းပွင့်သည်မှပဲတောင့်ရင့်ချိန်ထိလည်း တစ်လခန့်ကြာတတ်ပါသည်။ ထိုကာလများတွင်နိုက်ထရိုဂျင်ဓာတ်လုံလောက်စွာမရပါက ပန်းပွင့်ချိန်မှ ပဲတောင့် ရင့်ချိန် ကာလတိုတောင်းလာမည်။ ထို့ကြောင့်ပဲအထွက်လည်းနည်းလာမည်။ ထိုအချိန်ကာလတွင် ပဲပင်မှလိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကိုဖြည့်ပေးနိုင်မည်ဆိုပါက ပဲအထွက်ပိုမည်ဖြစ်ပါသည်။၎င်းအပြင်ပဲပင်ကြီးထွားသီးပွင့်ရန် အတွက် နိုက်ထရိုဂျင်နှင့်အတူမရှိမဖြစ်လိုအပ်သော ဖော့စဖိတ်၊ပိုတက်ဆီယမ်၊ ကယ်လ်စီယမ် ၊မဂ္ဂနီစီယမ်ဆာလ်ဖိတ်၊ ဆာလ်ဖာ၊ ဘိုရွန် ဓာတ်များလည်း မဖြစ်မနေထည့်သွင်းရပါမည်။ သို့မှသာ ပဲပင်များလိုအပ်သည့် ပရိုတင်းဓာတ်များလည်းဖြည့်တင်းပေးနိုင်မည်ဖြစ်ပါသည်။
✅ပဲပင်များသည်နှံစားသီးနှံများနှင့်မတူပဲ အပင်ကြီးအပင်သီးလာပြီးနောက်ပဲပင်တွင်အဓိကရှိရမည့် ပရိုတင်းဓာတ်ဖြည့်ပေးနိုင်ရန် နိုက်ထရိုဂျင်နှင့်အခြားအနည်းလိုအာဟာရဓာတ်များပိုမိုလိုအပ်ပါသည်။ ထို့ကြောင့်ပဲပင်များပန်းဖြိုင်ဖြိုင်ပွင့်ချိန်၌ပဲပင်ကြီးထွားသန်မာ၍ ပွင့်သီးအားကောင်းစေပြီး အထွက်ပိုစေမည့် နိုက်ထရိုဂျင်၊ဖော့စဖိတ်ဓာတ် နှင့် အတူလိုအပ်သောအနည်းလိုအာဟာရ ဓာတ်များပါဝင်သည့် ရွက်ဖျန်းအားဆေးများကို ပက်ဖျန်းအသုံးပြုနိုင်ပါရန်ရေးသားတင်ပြအပ်ပါသည်။
Sources - စိုက်ပျိုးရေးရာအကြံပြုချက်များ