menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲမျိုးစုံအတွက် သင့်လျော်သောမြေ နှင့် အာဟာရ
🌿🍃🌱🍃🌿🌿🍃🌱🍃🌿
🔘မြန်မာနိုင်ငံတွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုများပြားသည့်အတွက် ပဲမျိုးစုံစိုက်ပျိုးရန်သင့်လျော်သော မြေ နှင့် အာဟာရဓာတ် အကြောင်းကို ဗဟုသုတအဖြစ်တင်ပြအပ်ပါသည်။
🔘ပဲမျိုးစုံတွင် ပဲလုံးနှင့်ပဲပြားဟုကွဲပြားခြားနားစွာရှိပါသည်။ ပဲလုံးကို လေဝင်လေထွက်ကောင်းသည့် မည်သည့်မြေမျိုးတွင်မဆိုစိုက်ပျိုးနိုင်ပါသည်။ ပဲလုံးပင်များသည်မြေထဲသို့ အမြစ် ၁မီတာ အထိထိုးဝင်နိုင် ပါသည်။ ရေဝပ်ဒဏ်မခံနိုင်ပါ။ မြေချဉ်ငံကိန်း (၅.၅ - ၈.၂)အထိစိုက်ပျိုးနိုင်ပါသည်။ မြေဆွေးဓာတ် များလေ ပိုကောင်းလေဖြစ်ပါသည်။ အနည်းလိုအာဟာရဓာတ် ကောပါး၊ ဘိုရွန်၊ မန်းဂနိစ်၊ မဂ္ဂနီစီယမ် ဓာတ်များလိုအပ်ပါသည်။
🔘ပဲပြားမျိုးများကို မြေမှုန့်ပေါင်းစပ်မှု အတော်များများတွင်စိုက်ပျိုးနိုင်သော်လည်း သမမြေ၊ မြေစေးသမ မြေများကို ပိုနှစ်သက်ပါသည်။ မြေသားထု ၀.၅ မီတာရှိရန်လိုအပ်ပြီး ပဲပင်အမြစ်သည်မြေတွင်းသို့ (၁-၁.၅) မီတာ ထိုးဝင်နိုင်သည်။ အပေါ်ယံမြေထိပ်တင်းသောမြေမျိုးကိုမကြိုက်နှစ်သက်ပါ။ ရေစီးရေလာ အလယ်အလတ် အခြေအနေကိုပို၍နှစ်သက်သည်။ ရေဝပ်မခံနိုင်ပါ။ မြေချဉ်ငံကိန်း (၅.၂ - ၈.၂)အထိ စိုက်ပျိုးနိုင်ပါသည်။ အနည်းလိုအာဟာရဓာတ် ကောပါး၊ မန်းဂနိစ်၊ မဂ္ဂနီစီယမ်၊ ဇင့် (သွပ်) ဓာတ်များ လိုအပ်ပါသည်။
🔘ပဲပုပ် ကို ရေဝပ်မြေမှလွဲ၍ မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ပါသည်။ ပဲပုပ်အမြစ်သည်မြေထဲသို့ ၁.၈ မီတာ အထိထိုးဝင်နိုင်ပါသည်။ မြေချဉ်ငံကိန်း (၅.၂ - ၈.၂)အထိ စိုက်ပျိုးနိုင်ပါသည်။
🔘ကုလားပဲပင်သည် မြေစေးပါဝင်ပြီး ရေထိန်းနိုင်သောမြေ၊ ရေစီးရေလာကောင်းသောမြေတွင်ကောင်းစွာ ဖြစ်ထွန်းပါသည်။ စနယ်မြေဖြစ်လျှင်မိုးဦးကာလကုန်တွင်စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ မြေချဉ်ငံကိန်း (၅.၂ - ၈.၂)အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။
🔘ဓာတ်မြေဩဇာများတုံ့ပြန်မှုတွင် ဖော့စဖရပ်ဓာတ်၏ တုံ့ပြန်မှုသည် အကောင်းဆုံးဖြစ်ပါသည်။ ဓာတ်မြေဩဇာထက်သန်လွန်းပါက အပင်ကြီးထွားမှုအားကောင်းပြီး မှို နှင့် ပိုးမွှားကျရောက်မှု လွယ်စေ ပါသည်။
🔘ပဲလွမ်းပင်သည် မြေစေးကိုပိုနှစ်သက်ပါသည်။ မြေသားထု ၀.၆ မီတာ ရှိပြီး ရေမဝပ်သော ရေစီးရေလာ ကောင်းသောမြေကိုပို၍ နှစ်သက်ပါသည်။အာဟာရဓာတ်အသင့်အတင့်ရှိလျှင်ဖြစ်ထွန်းပါသည်။ ချဉ်လွန်းသောမြေတွင်စိုက်ပေးပါက မြေဆီမြေနှစ်ကောင်းမွန်စေခြင်း၊ မြေချဉ်မှုလျော့နည်းစေခြင်း ဖြစ်စေပါသည်။ ထို့နောက် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ် စသည့်ဈေးကောင်းပဲများစိုက်ပျိုးနိုင်ပါသည်။
🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰
Sources : Saya U Aung San (အောင်ဆန်း - စိုက်ပျိုးရေး)