menu

ပဲမျိုးစုံကိုဖျက်ဆီးတတ်သည့် ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းနည်း



🌿ပဲမျိုးစုံကိုဖျက်ဆီးတတ်သည့် ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းနည်း🌿

✔️ပဲမျိုးစုံကို ဖျက်ဆီးတတ်သည့် ငမြှောင်တောင်ပိုးအကြောင်းကို တောင်သူဦးကြီးများအတွက် ဖော်ပြပေးလိုက်ပါသည်။ 

✔️ငမြှောင်တောင်ပိုးသည် သီးနှံမျိုးစုံတွင် ကျရောက်ဖျက်ဆီးတတ်ပြီး လေးနှစ်တစ်ကြိမ် ဆိုးရွားစွာကျရောက်တတ်သည်ကိုလည်း တွေ့ရပါသည်။  

✔️အထူးသဖြင့် ရာသီဥတုဖောက်ပြန်သောနှစ်များတွင် တောင်သူကြီးများအနေဖြင့် သတိပြုရန်လိုအပ်ပါသည်။  

✔️သီးနှံမျိုးစုံကို စားသောက်ဖျက်ဆီးသောကြောင့် အစုံစားဖျက်ပိုးဖြစ်၍ အစားအစာမရှားသောကြောင့် ဘ၀အသက်ရှင်ရန်လွယ်ကူသော ငမြှောင်တောင်ပိုးကို တောင်သူများအနေဖြင့် အထူးဂရုပြုဖို့လိုပါသည်။  

✔️ရေလွှမ်းခံရသောဒေသများ၊ မိုးကောင်းသည့်ဒေသများတွင် ဆိုးဆိုးရွားရွားဖျက်ဆီးတတ်သည် ကိုတွေ့မြင်ရပါသည်။  

✔️ဖလံမ၏ အရှေ့အတောင်တွင် အညိုရောင်ရှိပြီး ရွှေရောင်အစင်းကွက်များ ပါရှိသည်။ နောက်အတောင်တွင် ဖြူမှိုင်းရောင်ရှိပြီး အနားစွန်းမှာ အညိုဖျော့ရောင်နှင့် အနားကွပ်ထားပါသည်။  

✔️ဥတစ်မြုံတွင် ဥပေါင်း ၂၀၀ မှ ၃၀၀ ခန့်အုပြီး ဥများအပေါ်တွင် ညိုဝါရောင်အမွှေးများဖြင့် ဖုံးအုပ်ထားပါသည်။ ဖလံအမတစ်ကောင်သည် ဥပေါင်း ၁,၀၀၀ မှ ၂,၀၀၀ အထိအုနိုင်ပါသည်။ ဥမှပေါက်လာသော ပိုးလောက်ကောင်ငယ်များသည် စိမ်းညိုရောင်ရှိပြီး အစာဝလာလျှင် အရောင်ရင့်လာပါသည်။ 

✔️ပိုးလောက်ကောင်ကြီး၏ ခန္ဓာကိုယ်ဘေးတွင် အဝါရောင်အစင်းတန်းပါရှိပြီး အစင်းတန်းပေါ်တွင် အနက်ရောင်လခြမ်းပုံ အကွက်များ စီတန်းပါရှိသည်။ ရုပ်ဖုံးဘ၀ကို မြေကြီးထဲတွင် ပြုလုပ်သည်။ လောက်ကောင်ဘဝတွင် အဆင့်ခုနစ်ဆင့်ထိရှိသည်။ 

✔️ဥဘဝ သုံးရက်မှလေးရက်၊ လောက်ကောင်ဘဝ သုံးပတ်၊ ရုပ်ဖုံးဘဝ တစ်ပတ်မှနှစ်ပတ်၊ အကောင်ကြီးဘဝ သုံးရက်ကြာပြီး စုစုပေါင်းသက်တမ်းမှာ တစ်လကြာပါသည်။ 

✔️ငမြှောင်တောင် လောက်ကောင်ကလေးများ သည် ဥမှပေါက်လာပြီး အရွက်အစိမ်းသားများကို ခြစ်၍စားသောက်ပြီး ကြီးပြင်းလာသော် အပင်အစိတ်အပိုင်းအားလုံးကို ကိုက်ဖြတ်စားသောက်သည်။  
✔️အပင်များကို ငုံးငုံးတိုအောင် ကိုက်ဖြတ်စားသောက်တဲ့အတွက် နွားစားထားသကဲ့သို့ (သို့) တံစဉ်ဖြင့် ရိတ်ဖြတ်ထားသကဲ့သို့ မြင်တွေ့ရသည်။ အုပ်စုဖွဲ့ပြီး ငန်းတိုက်၍ စားတတ်သဖြင့် စိုက်ခင်းတစ်ခင်းကို အချိန်ခဏအတွင်း အပြတ်စားသောက်ဖျက်ဆီးနိုင်သည်။  

✔️လောက်ကောင်များသည် မနက်စောစောနှင့်ညအချိန်တွင် အပင်ပေါ်တက်စားသောက်ပြီး နေ့အချိန်တွင် အပင်ခြေရှိမြေကြီးနှင့် အမှိုက်ထဲတွင် ခိုအောင်းနေတတ်ပါသည်။ ထို့ကြောင့် ဆေးဖျန်းမည်ဆိုလျှင် နံနက်စောစောနှင့် ညအချိန်တွင်ဖျန်းပါက ပိုပြီးထိရောက်မှုရှိသည်။ 

✔️ငမြှောင်တောင်ပိုးကို ကာကွယ်နှိမ်နင်းမည်ဆိုလျှင် ဥမြုံများနှင့် လောက်ကောင်များကို ရှာဖွေဖျက်ဆီးပါ။ ပေါက်ပွားနှုန်းများပြီး မြန်တဲ့အတွက် အချိန်မီကာကွယ်နှိမ်နင်းဖို့ လိုပါသည်။  

✔️မီးရောင်ထောင်ချောက်ထွန်းပြီး အရွယ်ရောက် ဖလံကောင်ကြီးများကို နှိမ်နင်းပါ။ နံနက်စောစောနှင့် ညနေအချိန်တွင် ဆေးဖျန်းပါ။ ညအချိန်တွင် မီးထွန်း၍ အပင်ပေါ်အပင်အောက်ရှိ လောက်ကောင်များကို ရှာဖွေကောက်ယူဖျက်ဆီးပစ်ပါ။ ထိုနည်းလမ်းများကို မိမိတစ်ဦးတည်းမဟုတ်ဘဲ တစ်ကွင်းလုံးရှိလယ်သမားများ ညီညွတ်စွာစုပေါင်း၍ တစ်ပြိုင်တည်းပြုလုပ်ရန် လိုအပ်ပါသည်။ 

✔️ငမြှောင်တောင်ကို ကာကွယ်နှိမ်နင်းနိုင်သော ဝိစာရ၏ ဆေးများမှာ အီမာလန်ဒါ ၁၅ ဒဗလျူပီ၊ စပေါ့ ၈၀၀ ဒဗလျူဂျီ ၊ နိုက်ဝမ်း၂၀ အက်စ်စီ၊ သူရိယ ၈၀ အက်စ်ပီ ၊ လန်ဒါ ၅ အီးစီ၊ ရယ်ဒီ ၅၀၅ အီးစီ တို့ဖြစ်သည်။  

✔️ငမြှောင်တောင်ကင်းဝေး ၍ အထွက်ကောင်းသော စိုက်ခင်းများကို တောင်သူဦးကြီးများအားလုံး ပိုင်ဆိုင်နိုင်ကြပါစေ။ 

 Source:အောင်ဆန်း (စိုက်ပျိုးရေး) စိုက်ပျိုးရေးရာအကြံပြုချက်များ 

 🔰စစ်မှန် ပြည့်ဝ ဝိစာရ 🔰