menu

ပဲမျိုးစုံတွင်ကျရောက်တတ်သော "ပွင့်ထွေးရွက်ထွေးပိုး" (ပဲတောင့်ထိုးပိုး)


🌿🐛🌿🐛🌿🐛🌿🐛🌿🐛🌿

မြန်မာအမည် - ပွင့်ထွေးရွက်ထွေး (ပဲတောင့်ထိုးပိုး)

အင်္ဂလိပ်အမည် - legumes pod borer၊, Mung moth, Maruca pod borer

သိပ္ပံအမည် - Maruca testulalis

↗️ ကုလားပဲပင်မှလွဲ၍ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်း၊ ပဲစင်းငုံ၊ ပဲပုပ် စသည့် ပဲမျိုးစုံသီးနှံပင်များတွင် ကျရောက်လေ့ရှိပါသည်။ အဖူးအပွင့်ဝင်ချိန်မှစ၍ သီးတောင့်ဝင်ချိန်အထိကျရောက်တတ်ပြီး ပွင့်ထွေးရွက်ထွေးပိုး၊ ပဲသီးထိုးပိုး၊ ပဲဖလံ စသဖြင့် အမျိုးမျိုးခေါ်ကြပါသည်။ ဖလံမများသည်အဖူး၊ အပွင့်များထဲမှာ အုဥပြီး၊ လောက်ကောင်လေးများသည် ပဲအသီးကင်း နှင့် အနီးနားရှိ အသီးရင်းထဲထိပါ ထိုးဝင်စားသောက်တတ်ပါသည်။ နီးစပ်ရာအရွက်၊ အပွင့်၊ အသီးတွေကိုချည်မျှင်နဲ့ထွေးထုပ်ထားတတ်၍ ပွင့်ထွေးရွက်ထွေးပိုး ဟု ခေါ်ကြခြင်းလည်းဖြစ်သည်။

ဖျက်ဆီးပုံ လက္ခဏာများ
-------------------
အရွက်၊ အဖူး၊ အပွင့်တို့ကို လောက်ကောင်၏ပါးစပ်မှ ထုတ်သောချည်မျှင်ဖြင့်လုံးထွေးလျှက် စားသောက်ဖျက်ဆီးသည်။ ပိုးပေါက်ဖြစ်နေသော အသီးတောင့်ကိုခွဲကြည့်ပါက ပဲစေ့ကို စားသောက်နေသော ပိုလောက်ကောင်ကို တွေ့ရှိရပါသည်။ ယင်းအပေါက်၏ဘေးပတ်လည်တွင် ပိုးလောက်ကောင်စွန့်ပစ်ထားသော ပိုးချေးများကိုတွေ့နိုင်ပါသည်။

ဖျက်ပိုး၏ ဝိသေသလက္ခဏာ
-----------------------
လောက်ကောင် - ကိုယ်ခန္ဓာမှာ မီးခိုးဖြူရောင်ရှိပြီး အညိုရောင်ဦးခေါင်းပါရှိသည်။ ခန္ဓာကိုယ် အဆစ်အသီးသီး၏ ကျောဖက်တွင် အနက်ရောင်အစက်ပါရှိသော အစုံနှစ်စုံရှိသည်။

အရွယ်ရောက်ကောင် - ရှေ့တောင်ပံသည် အဖြူရောင်အမှတ်အသားများနှင့်အတူ ညိုနုရောင်ရှိသည်။ နောက်တောင်ပံသည် အရှည်လိုက်အစွန်းပိုင်းတွင် အညိုရောင်အမှတ်အသားများပါရှိပြီး အဖြူရောင်ရှိသည်။

ကာကွယ်နှိမ်နင်းခြင်း
------------------

▪️ ပိုးချည်နှင့်လုံးထွေးနေသော အပင်အစိတ်အပိုင်းများနှင့် ပိုးကိုက်ရာအပေါက်တွေ့ရှိရသော အသီးတောင့်များကို ခူးယူဖျက်ဆီးပါ။

▪️ ဖလံအမများအုချချိန် (သို့မဟုတ်) လောက်ကောင်များ အပွင့်ထဲမရောက်မီ အဖူးဖူးချိန်တွင် ကြိုတင်ကာကွယ်မှုပြုလုပ်နိုင်ရမည်။

▪️ ပွင့်ထွေးရွက်ထွေးပိုးကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် အညွန့်၊ အဖူးမဝင်ချိန်ကတည်းက ဝိစာရ ၏ “အီမာလန်ဒါ၊ နိုက်ဝမ်း၊ အက်စ်ဖိတ်၊ မိုးပျံ၊ လိုင်းအောက်၊ သူရိယ” ပိုးသတ်ဆေးများမှ တစ်မျိုးမျိုးကို ဆေးဗူး/ဆေးထုပ်ပါ အညွှန်းစာအတိုင်း ပက်ဖျန်းအသုံးပြုပေးပါ။ (သို့မဟုတ်) အပင်တစ်ပင်လျှင် ဖျက်ပိုးသုံးကောင်တွေ့ရှိရပါက စီးပွားရေးထိခိုက်နိုင်သောအဆင့်ဖြစ်သည်။ ထိုအချိန်တွင် ဖော်ပြပါဆေးများဖြင့် စတင်ပက်ဖျန်းနှိမ်နင်းပေးရပါမည်။

🌿စစ်မှန် ပြည့်ဝ ဝိစာရ🌿

Sources : ပဲမျိုးစုံတွင်ကျရောက်တတ်သောပိုးမွှားရောဂါများ (PP)