menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ပဲတီစိမ်း၊ မတ်ပဲ အထွက်တိုးစေရန် ရွက်ဖျန်းအားဆေးများ စနစ်တကျအသုံးပြုခြင်း”
🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿
✅ တောင်သူဦးကြီးတို့အတွက် စိုက်ပျိုးပြီးပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲအမျိုးမျိုးအရည်အသွေးမြင့် အထွက်နှုန်းကောင်းရစေရေးအတွက် ဝိစာရ၏ရွက်ဖျန်းအားဆေးများကို စနစ်တကျရွေးချယ် အသုံးပြုနိုင်ပါရန် တင်ပြလိုက်ရပါသည်။
✅ ပဲပင်များသည် စတင်အပင်ပေါက်လာချိန်မှ အပင်(၁၀)ရက်သားခန့်အထိ အစေ့တွင်းစာဖြင့် ရှင်သန်ကြီးထွားကြသည်ဖြစ်ရာ အပင်ငယ်(၁၀)ရက်သားကျော်ချိန်မှစ၍ ရွက်ဖျန်းမြေဩဇာများကို စတင်ပက်ဖျန်းအသုံးပြုရန် သင့်တော်ပါသည်။
✅ ပဲပင်(၁၀)ရက်သားခန့်တွင် အပင်ဖြစ်အားကောင်းပြီး အရွက်များစိမ်းလန်းသန်စွမ်းစေရန် ဟော်ရီဇုန် (သို့) စူပါ ပါဝါ (သို့) ဓနတိုး(၁ + ၂) (သို့) မေခလာ(၁) ရွက်ဖျန်းအားဆေးတစ်မျိုးမျိုးကို ပက်ဖျန်းပေးပါ။ လိုအပ်ပါက (၇ - ၁၀)ရက်ခြား နှစ်ကြိမ်ခန့်ပက်ဖျန်းနိုင်ပါသည်။
✅ ပဲပင်များ အပင်ကိုင်းဖြာအားကောင်း၍ ပန်းပွင့်အားကိုပါမြှင့်တင်ပေးနိုင်ပြီး အပွင့်အသီးဖြိုင်စေရန် ကြွယ်ဝ ပြည့်စုံ (သို့) ရွှေတိုး ပါဝါ (သို့) မေခလာ(၂) + ဘိုစတာဟော်မုန်း (သို့) ဝီဂရိုး + ရိုက်စ်အပ် ဆေးအတွဲတစ်မျိုးမျိုးကို ပဲပင် (၂၅ - ၃၀) ရက်သားတွင်တစ်ကြိမ်၊ (၄၀ - ၄၅) ရက်သားတွင် တစ်ကြိမ် (၁၅ - ၂၀) ရက်ခန့်ခြားပြီး (၂)ကြိမ် ပက်ဖျန်းပေးရပါမည်။
✅ ပဲတီစိမ်းပင်များ အပင်ဖြစ်အားကောင်းပြီး အပင်ဟုန်ခြင်း၊ အညွန့်တက်ခြင်းများဖြစ်ပေါ်ပါက “ခရော့စ် နှင့် နီယွန်” ရောစပ်ပက်ဖျန်းပေးခြင်းဖြင့် အပွင့်အသီးအားကိုကောင်းစေနိုင်ပါသည်။
✅ သီးပွင့်ပြီးပဲတောင့်များ အသီးတင်အားကောင်းပြီး အသီးခိုင်၍ အစေ့အဆံပြည့်ဝစေရန် “ကယ်လ်စီပလပ်စ် နှင့် ရိုက်စ်အပ်” အားဆေးများကို အပင်(၄၅ - ၅၀)ရက်သား ကျော်ချိန်တွင် ပက်ဖျန်းနိုင်ပါသည်။
✅ ထို့အပြင် ပဲတီစိမ်း၊ ပဲလွမ်းတို့ကဲ့သို့ အကြိမ်ကြိမ်ကောက်ရသောပဲပင်များတွင် နောက်သီးဖြိုင်ဖြိုင်ရစေနိုင်ရန် “ဆိုလူဖိဒ်ဂျပ်ဗူး နှင့် ကယ်လ်စီပလပ်စ်” ရောစပ်ပက်ဖျန်းပေးနိုင်ပါသည်။
✅ ဦးကြီးတို့အတွက် ပဲမျိုးစုံတွင် အပင်သက်တမ်းများအလိုက်အသုံးပြုရန် ဝိစာရ၏ ရွက်ဖျန်းအားဆေးများ ကို ဖော်ပြပေးပြီးဖြစ်ရာ စိုက်ပျိုးပြီးပဲမျိုးစုံစိုက်ခင်းများတွင် ရွေးချယ်အသုံးပြုခြင်းဖြင့် ပဲမျိုးစုံအရည်အသွေး နှင့် အထွက်နှုန်းကောင်းများရရှိနိုင်ကြမည်ဖြစ်ပါသည်။
🌼စစ်မှန် ပြည့်ဝ ဝိစာရ🌼