menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲတီစိမ်းတွင်ကျသော “ပဲတောင့်ထိုးပိုး”ကို ကာကွယ်နှိမ်နင်းပါ
🌿🐛🌿🐛🌿🐛🌿🐛🌿🐛🌿
ဖျက်ဆီးပုံလက္ခဏာများ
---------------------
▪ အစောပိုင်းအဆင့်များတွင် အရွက်များကို ကြွေစေသည်။
▪ လောက်ကောင်၏ဦးခေါင်းသာ အသီးများ၏အတွင်းပိုင်းကို ထိုးဖောက်ပြီး ကျန်ရှိသည့် ကိုယ်ခန္ဓာအပိုင်းသည် အပြင်ဖက်သို့ထွက်နေသည်။
▪ ဖျက်ဆီးခံရသောပဲသီးမှဒဏ်ရာများသည် လုံးဝန်းသောအပေါက်များဖြစ်ကြသည်။
ဖျက်ပိုး၏ဝိသေသလက္ခဏာ
-------------------------
▪ လောက်ကောင် - ကိုယ်ခန္ဓာမှာ မီးခိုးဖြူရောင်ရှိပြီး အညိုရောင် ဦးခေါင်းပါရှိသည်။ အဆစ်အသီးသီး၏ ကျောဖက်တွင် အနက်ရောင်အဆက်ပါရှိသော အစုံနှစ်စုံရှိသည်။
▪ အရွယ်ရောက်ကောင် - ရှေ့တောင်ပံသည် အဖြူရောင်အမှတ်အသားများနှင့်အတူ ညိုနုရောင်ရှိသည်။ နောက်တောင်ပံသည် အရှည်လိုက်အစွန်းပိုင်းတွင် အညိုရောင်အမှတ်အသားများပါရှိပြီး အဖြူရောင်ရှိသည်။
ကာကွယ်နှိမ်နင်းခြင်း
------------------
ပဲတောင့်ထိုးပိုးကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် အညွန့်၊ အဖူးဝင်ချိန်ကတည်းက ဝိစာရ ၏ “အီမာလန်ဒါ၊ နိုက်ဝမ်း၊ အက်စ်ဖိတ်” ပိုးသတ်ဆေးများမှ တစ်မျိုုးမျိုးကို ဆေးဗူး/ဆေးထုပ်ပါ အညွှန်းစာအတိုင်း ပက်ဖျန်းအသုံးပြုပေးပါ။ (သို့မဟုတ်) အပင်တစ်ပင်လျှင် ဖျက်ပိုးသုံးကောင် တွေ့ရှိရပါက စီးပွားရေးထိခိုက်နိုင်သောအဆင့်ဖြစ်သည်။ ထိုအချိန်တွင် ဖော်ပြပါဆေးများကို စတင် ပက်ဖျန်းနှိမ်နင်းပေးရပါမည်။
Sources : ပဲတီစိမ်းနှင့်ဖျက်ပိုးများ