menu

“ပဲရွက်ပြောက်ရောဂါ” ကြိုတင် ဂရုပြုကာကွယ်ပါ


🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃

မြန်မာအမည် - ပဲရွက်ပြောက်ရောဂါ

အင်္ဂလိပ်အမည် - Cercospora Leaf Spot

ရောဂါဖြစ်စေသက်ရှိ - Cercospora canescens

ရောဂါလက္ခဏာ
--------------

ရောဂါကျအရွက်ရင့်ပေါ်တွင် အရွယ်အစားအမျိုးမျိုးရှိသည့် အညိုရောင်၊ သံချေးရောင်ကွက်ပြောက်များ ဖြစ်ပေါ်ပြီး ရောဂါကွက်များသည်အလယ်တွင်မီးခိုးရောင်ရှိပြီး နီညိုရောင် အနားရစ်ပါရှိသည်။ ရောဂါပြင်းထန်ပါကအစိမ်းရောင်တစ်ရှူးသားများခြောက်သွားပြီး အရွက်များအစိမ်းရောင် မရှိတော့ပါ။ အထူးသဖြင့်ပဲတီစိမ်းတွင် ပိုမိုဆိုးရွားစွာကျရောက်တတ်သည်။ ပန်းပွင့်ချိန်နှင့် အသီးကင်းဝင်ချိန်တွင် ရွက်ပြောက်ရောဂါပြင်းထန်စွာကျရောက်ပါက အပွင့်နှင့် သီးကင်းကြွေခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

ရောဂါကူးစက် ပြန့်နှံ့ပုံ
-------------------

Cercospora ဟာ အပင်အကြွင်းအကျန်တွေပေါ်မှာ အသက်ရှင်နေထိုင်နိုင်ပြီး ရောဂါပျံ့ပွားဖို့ အဓိက ကတော့ မိုးရေ (Rain Splashes) ကြောင့်ပဲဖြစ်ပါတယ်။ ပဲမျိုးအများစုဟာ ဒီရောဂါကိုခံနိုင်ရည်မရှိတဲ့ အတွက်ကြောင့် ရောဂါကူးစက်ပျံ့ပွားဖို့ အရမ်းလွယ်ကူပါတယ်။ ပဲရွက်ပြောက်ရောဂါကျရောက်ရန် အကောင်းဆုံးပတ်ဝန်းကျင်အခြေအနေမှာ စိုထိုင်းဆ(၉၀-၁၀၀) ရာခိုင်နှုန်း နှင့် အပူချိန် (၂၀-၂၆) ဒီဂရီ စင်တီဂရိတ် ပူနွေးစွတ်စိုတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီရောဂါကျရောက်ဖို့ အကြိုက်ဆုံးအပူချိန်က (၂၅ - ၃၀) ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်။ အပူချိန်(၁၀)ဒီဂရီစင်တီဂရိတ်အောက်ကျရောက်သွားပါက ရောဂါဖြစ်စေသက်ရှိဟာ ဆက်လက်ပြီးမျိုးပွားနိုင်ခြင်းမရှိတော့ပါ။ ပဲရွက်ပြောက်ရောဂါကို ကောင်းမွန်စွာကာကွယ်နိုင်ခြင်းမရှိပါက အထွက်နှုန်း(၆၀)ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပါသည်။

သို့ဖြစ်ပါ၍ ပဲရွက်ပြောက်ရောဂါကို ထိရောက်စွာ ကာကွယ်ကုသမှုပေးနိုင်သော ဝိစာရ၏ “ဘင်ဇိုကာ၊ ဟက်ဇာဂွန်၊ ဒိုင်ဇီ၊ ဇိုလာ၊ ကာဗာ” ဆေးများမှတစ်မျိုးမျိုး ကို ကြိုတင်ကာကွယ်ပက်ဖျန်းပေးနိုင်ပါရန် တင်ပြလိုက်ရပါသည်။

🍂စစ်မှန် ပြည့်ဝ ဝိစာရ🍂