menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်း ပဲ၊ နှမ်းမျိုးစုံ ဆက်လက်ဈေးမြင့်တက်နေ .....
🌿🍀☘️🥜☘️🍀🌿🥜☘️🍀🌿
✅နိုင်ငံခြားပို့ကုန်လိုအပ်ချက်မြင့်မားနေခြင်းကြောင့် ပို့ကုန်ပဲများအပါအဝင် ပြည်တွင်း ပဲ၊နှမ်းမျိုးစုံဈေးများ ဆက်လက်မြင့်တက်လျက်ရှိရာ တောင်သူအကျိုးဖြစ်ထွန်းသည့် ပဲ၊နှမ်းဈေးကွက်ဖြစ်လာကြောင်း သိရသည်။ ပြည်တွင်းပဲ၊နှမ်းဈေးကွက်မှာ ဖေဖော်ဝါရီလကုန်ပိုင်းရက်များမှ စတင်ကာ ဈေးမြင့်တက် လာပြီး မတ်လဆန်းပိုင်းတွင် ပဲအမျိုးအစားအလိုက် တစ်အိတ်ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ကျော် ဆက်လက်မြင့်တက်ကာ အရောင်းအဝယ်လည်းသွက်နေကြောင်း သိရသည်။ လက်ရှိ အချိန်တွင် ပို့ကုန်သမားများ ဝယ်လိုအားကောင်းသလို ပြည်တွင်း ဒေါ်လာဈေးတည်ငြိမ်နေ သော်လည်း FOB အဝယ်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် လက်ရှိဈေးကွက်အခြေအနေမှာ တောင်သူအကျိုး ပိုမိုဖြစ်ထွန်းသည့်နှစ်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
✅“ပို့ကုန်ပဲတွေက FOB အဝယ်ဈေးမြင့်တက်လို့ ပို့ကုန်ပဲတွေ အကုန်ဈေးမြင့်တက်လာတယ်။ ပဲစင်းငုံ တစ်အိတ် ကျပ် ၁၃၂,၀၀၀ ထိ ဈေးတက်လာတယ်။ မတ်ပဲဆိုရင် အရင်ပတ်ထက် တစ်အိတ် ကျပ် ၁၀,၀၀၀ ဈေးတက်လာတော့ တစ်အိတ်ကျပ် ၁၃၁,၀၀၀ ဈေးထိဖြစ်လာတယ်။ အခြားပဲမာလိုင်းတွေ လည်း အမျိုးအစားအလိုက် ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ ကျော်ဈေးမြင့်တက်လာတယ်။ မြေပဲဆံလိုင်း မှာလည်း တရုတ်ဝယ်လက်နဲ့ ပြည်တွင်း ဆီစက်ပိုင်တွေ အဝယ်ဆုံနေတော့ တစ်ပိဿာကျပ် ၂၀၀-၃၀၀ လောက် ဈေးဆက်မြင့်တက်လာတယ်။ လက်ရှိမှာ ပြည်တွင်းပဲ၊နှမ်းဈေးကွက် ဈေးမြင့်တက်နေတာက တောင်သူတွေ အဆင်ပြေတဲ့နှစ်လို့ပြောလို့ရတယ်။ တောင်သူလက်ထဲမှာ ပစ္စည်းရှိသေးချိန်ဖြစ်ပါတယ်။ အရင်နှစ်တွေလို တောင်သူဆီမှာမရှိတော့မှ ဈေးတက်လာတာမျိုးမဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။
✅ပဲစင်းငုံ၊ မတ်ပဲ ၊ ပဲတီစိမ်း✅
ပို့ကုန်သမားများ ဝယ်လိုအားမြင့်တက်လာခြင်း၊ ပို့ကုန်ပဲအမယ်အလိုက် FOB အဝယ်ဈေး မြင့်တက်လာ ခြင်းကြောင့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းဈေးကွက်မှာ မတ်လဆန်းပိုင်းတွင် သိသိသာဈေးမြင့်တက် လာသည်။ အိန္ဒိယနိုင်ငံကလည်း မြန်မာပြည်မှတင်သွင်းသည့် မတ်ပဲဈေး ၊ ပဲစင်းငုံဈေးမှာမြင့်တက်လျက် ရှိသည်။ မတ်လ(၂)ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် အရည်အသွေးအလိုက် ကျပ် (၁၃၀,၀၀၀ - ၁၃၁,၀၀၀)၊ ပဲစင်းငုံမှာပိဿာ (၆၀) ဝင်တစ်အိတ်လျှင် ကျပ် ၁၃၂,၀၀၀ ပေါက်ဈေးထိ မြင့်တက်လာသည်။ ပဲတီစိမ်းရွှေဝါ ရန်ကုန်ဈေးကွက်မှာကျဆင်းနေရာမှ ဈေးမြင့်တက်လာရာ တစ်အိတ် ၁၃၂,၀၀၀ ပေါက်ဈေးရှိပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။
✅မြေပဲ ၊နှမ်းနက်✅
ပြည်တွင်း စားအုန်းဆီဈေး စံချိန်တင်မြင့်တက်လာတာနှင့်အတူ မြေပဲဆံဈေးကွက်မှာ တရုတ်ဝယ်လက် နှင့်အတူ ပြည်တွင်းဆီစက်ပိုင်ရှင်များ အဝယ်ဆုံနေခြင်းကြောင့် မတ်လ (၂) ရက်တွင် မြေပဲဆံ အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၂၀၀-၄၀၀ ထိ ဈေးမြင့်တက်လာသည်။ နှမ်းနက်မှာမူ တောင်သူလက်ကျန်မရှိ အဝင်မရှိတော့ခြင်းကြောင့် မတ် (၂) ရက်တွင် နှမ်းနက်ထိပ်စ တစ်အိတ်ကျပ် ၂၁၅,၀၀၀ ထိဈေးမြင့်တက်လာသည်။ အလတ်စ သုံးတင်းဝင်တစ်အိတ်ကျပ် (၁၉၀,၀၀၀ - ၂၀၀,၀၀၀) ထိပေါက်ဈေးရှိလာသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်လျှင် ကျပ် ၁၇၂,၀၀၀ ၊ နှမ်းညိုမှာ ကျပ် ၁၄၀,၀၀၀ အသီးသီး ပေါက်ဈေးရှိသည်။ မြေပဲလုံးဆံများမှာ တစ်ပိဿာကျပ် ၃,၆၅၀၊ အနီလုံးဆံ တစ်ပိဿာကျပ် ၃,၅၀၀ ၊ ပြန့်လုံးဆံ ပြန့်ဆီဆံ တစ်ပိဿာကျပ် ၃,၂၅၀ ပေါက်ဈေးထိ ဖြစ်လာသည်။
✅ပြည်တွင်းသုံး ပဲမာလိုင်းများမှာ စွန်တာပြာ တစ်အိတ် ကျပ် ၁၂၅,၀၀၀ ၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၂၇,၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲတစ်အိတ် ကျပ် ၁၄၈,၀၀၀၊ ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၆၅,၀၀၀၊ ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၄၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်ကျပ် ၁၅၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၅၀,၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူး ကုလားပဲ တစ်အိတ် (၅၇.၂၅) ပိဿာ ကျပ် ၁၂၃,၀၀၀ ပေါက်ဈေးရှိလာရာ ပဲမာလိုင်းများလည်း ပို့ကုန်ပဲများနှင့်အတူလိုက်ပါဈေးမြင့်တက်နေကာ ပဲအသစ်ရာသီကုန်နောက်ပိုင်းတွင်လည်း ဈေးဆက်လက်မြင့်တက်နိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)