menu

ပန်းဂေါ်ဖီ(ပန်းမုန်လာ) စိုက်ပျိုးနည်း နှင့် ဝိစာရ ဆေးများအသုံးပြုမှု


🍃🥦🍃🥦🍃🥦🍃🥦🍃🥦🍃🥦🍃

မြန်မာအမည် - ပန်းဂေါ်ဖီ၊ ပန်းမုန်လာ
အင်္ဂလိပ်အမည် - CAULIFLOWER
ရုက္ခဗေဒအမည် - Brassica oleracea var; botrytis
မျိုးရင်းအမည် - CRUCIFERAE

၁။ မူရင်းဒေသ ဆိုက်ပရပ်ကျွန်း၊ အီတလီတောင်ပိုင်း နှင့် ဥရောပတောင်ပိုင်း မြေထဲပင်လယ် ကမ်းခြေဒေသများတွင် လွန်ခဲ့သောနှစ်ပေါင်း (၁၆၀၀) ခန့်က စတင်တွေ့ရှိရသည် ဟု ယူဆကြသည်။

၂။ အမျိုးအစား သက်လျှင်မျိုး စိုက်ချိန်မှ ဆွတ်ခူးချိန်ထိ (၉၀) ရက်ကြာသည်။ အပွင့်အရွယ် ငယ်ပြီးကျစ်လစ်သည်။ Snow ball သက်လျင်မျိုးကို မြန်မာပြည် မြေပြန့်တွင် အများဆုံးစိုက်ပျိုးသည်။ သက်ကြီးမျိုး စိုက်ပျိုးချိန်မှ ဆွတ်ခူးချိန်ထိ (၁၂၀) ရက်ကြာသည်။အပွင့်အရွယ် အစားကြီးမားသည်။ တောင်ပေါ်ဒေသတွင် အစိုက်များသည်။ အရွက်အရွယ်ကြီးပြီး ပန်းပွင့် (Curd) ကိုဖုံးအုပ်ထားလေ့ရှိသည်။

၃။ မြေအမျိုးအစား မုန်လာအုပ်စုတွင် ပါဝင်သောအပင်မှန်သမျှ မြေကောင်းကိုကြိုက်ကြသည်။ အကောင်းဆုံးမြေကား သဲဆန်သောနုန်းမြေဖြစ်သည်။ pH( 6-6.5) မြေမျိုးကြိုက်နှစ်သက်သည်။

၄။ ရာသီဥတု ပန်းဂေါ်ဖီသည် အအေးကြိုက်သော်လည်း အပူဒဏ်ကိုလည်း ခံနိုင်သည်။ အေးပြီးအစိုဓါတ်အမြဲရလျှင် စိုက်နိုင်သည်။ သို့သော်လွယ်လွယ် ကူကူတော့မစိုက်နိုင်ပေ။ တစ်လတွင်ပျမ်းမျှအပူချိန် (၆၀-၇၀) ဒီဂရီ ဖာရင်ဟိုက် ရှိရမည်။ ခြောက်သွေ့မှုဒဏ်လည်း မခံနိုင်ပေ။ ရာသီဥတုခြောက်သွေ့လွန်းလျှင် ပန်းဂေါ်ဖီ အပွင့်ဖြစ်မလာနိုင်ပါ။ ထို့ကြောင့် ပန်းဂေါ်ဖီစိုက်လျှင် မြေအမျိုးအစား ထက် ရာသီဥတု ကပို၍အရေးကြီးပါသည်။

၅။ စိုက်ပျိုးချိန် မြေပြန့်ဒေသ - စက်တင်ဘာ ၊ အောက်တိုဘာ။ တောင်ပေါ်ဒေသ - ဧပြီ ၊ မေ ၊ စက်တင်ဘာ ၊ အောက်တိုဘာ။

၆။ ပျိုးထောင်ခြင်း (၁၀ပေ x ၂.၅ပေ) ဘောင်ကိုမြေစိုင်ခဲ လေးများရအောင်ပြုပြင်ပေးရမည်။ မြေညက်လွန်းလျှင် ရေလောင်းသော အခါမြေကြပ်သွားနိုင်သောကြောင့် လေဝင်လေထွက် မကောင်း၍ အညှောင့် ပေါက်မှု ညံ့ လာသည်။ ပျိုးဘောင်တစ်ဘောင်စာ မျိုးစေ့ အောင်စဝက်ခန့်လိုပါသည်။

ပျိုးဘောင်ပေါ်တွင် ၂လက်မခြား မြောင်းများဆွဲပြီး မျိုးစေ့ကိုညီညာအောင်ချပါ။ အပေါ်မှ မြေဆွေးမှုန့် ပါးပါးအုပ်ပြီး ၎င်းပေါ်မှ စင်းပြီးကောက်ရိုးခြောက်များ ပါးလွှာစွာဖုန်းအုပ်ပြီး ရေရွှဲရွှဲလောင်းပေးပါ။ ဘောင်ပေါ်တွင် တစ်တောင်အမြင့်မှ သက်ကယ် ကောက်ရိုးမိုးပေးရသည်။ (၃-၄)ရက်ကြာလျှင် အညှောင့်ပေါက်သည်။ ပျိုးသက်(၃၀)ရက်ကျော်လျှင် စိုက်ခင်းသို့ပြောင်းစိုက်နိုင်ပါသည်။

၇။ မျိုးစေ့နှုန်း တစ်ဧကလျှင် မျိုးစေ့ (၁၀၀-၁၅၀) ဂရမ်လိုအပ်ပါသည်။

၈။ စိုက်ခင်းပြင်ခြင်း ပျိုးဘောင်ပြုလုပ်ချိန် ကတည်းက စိုက်ခင်းကိုထယ် (၂)စပ် ထွန်(၃)စပ် ဝင်၍ညက်ညက်ထွန်ထားရမည်။ ပေါင်းမြက်များ ပြောင်စင်အောင်ကောက်ယူပြီး ကြမ်းတုံးရိုက်ထားရမည်။ ထို့နောက် ကြောင်းဆွဲခြင်း၊ မြေဆွခြင်းတို့ကို ပြုလုပ်ထားရမည်။ ပြောင်းရွှေ့မစိုက်မီ ပရိုဂိမ်း ပေါင်းအုပ်ဆေး ပက်ဖျန်း၍ ပေါင်းနှိမ်နင်း နိုင်ပါသည်။ပျိုးသက်(၃၅-၄၀)ရက်ရလျှင်(သို့) အရွက် (၄-၅) ရွက်ထွက်လျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ ညနေ(၃)နာရီ နောက်ပိုင်းမှ ပြောင်းရွှေ့စိုက်သင့်သည်။

၉။ ပင်ကြားတန်းကြား ပင်ကြား (၁.၅ - ၂) ပေ နှင့် တန်းကြား ( ၂- ၂.၅) ပေထား၍ စိုက်ပျိုးပါ။

၁၀။ မြေဩဇာကျွေးခြင်း ပန်းဂေါ်ဖီ၏ အမြစ်သည် အာဟာရဓါတ်များစွာ စားသုံးသောမျိုးဖြစ်ပါသည်။ မြေခံတွင် ၁၅ပတ်လည် မြေဩဇာ၅၀ကီလို/ဧက နှုန်း ကြဲပက်ပြီး ၁၇: ၈: ၈ + ၁၅ဆာလ်ဖာ ၊ ၁၆: ၁၆: ၈+ ၁၂ဆာလ်ဖာ၊ ပတ်ကား ၁၉: ၉: ၁၉ စသည့် အထွက်တိုးကွန်ပေါင်းမြေဩဇာ များကိုအောက်ပါ အတိုင်းထည့်သွင်း ပေးရပါမည်။

➡️ပထမအကြိမ် - ရွှေ့ပြောင်းစိုက်ပြီး (၇-၁၀) ရက်ခန့်အကြာ တွင် ၁၇: ၈: ၈ +၁၅ဆာလ်ဖာ ၅၀ကီလို/ဧကနှုန်း

➡️ဒုတိယအကြိမ် - ပထမအကြိမ်ထည့်ပြီး (၁၀) ရက်ခန့်အကြာတွင် ၁၆: ၁၆: ၈+ ၁၂ဆာလ်ဖာ ၂၅ကီလို/ဧကနှုန်း

➡️တတိယအကြိမ် - ရွှေ့စိုက်ပြီး (၁)လခန့် အကြာတွင် ၁၉: ၉: ၁၉ မြေဩဇာ ၂၅ကီလို/ဧကနှုန်း ဖြစ်ပါသည်။

၁၁။ အပင်ပြုစုခြင်း ရေလိုအပ်ချက်အရ (၇-၁၀) ရက်တစ်ကြိမ် ရေသွင်းပေးရန်လိုအပ်ပါသည်။ အပွင့်ကောင်းစွာပွင့်နေချိန်တွင် နေရောင်ခြည်တိုက်ရိုက် ထိတွေ့ပါကပန်းပွင့်အရောင် ပြောင်းသွားတတ်ပြီး အသားကြမ်း၍ အရသာခါးသက်တတ်ပါသည်။ ထို့ကြောင့်အပွင့်၏ အချင်း(၂-၃)လက်မ အရွယ်ရောက်လျှင် အပြင်ရွက်များကို စည်းပေးရပါသည်။

၁၂။ ရောဂါ ပိုးမွှား များကျရောက် မှုနှင့် ကာကွယ်နှိမ်နင်းခြင်း ပန်းဂေါ်ဖီတွင် အပင်ငယ်စဉ်ခါးရိရောဂါ ကျရောက်တတ်ပြီး ဘာလီဆိုဒ်၊ ကာဗာ ဆေးများသုံးပါ။ ဒေါင်းနီးရွက်ခြောက် ရောဂါတွေ့လျှင် ပါရဂူ၊ ဆိုင်မို-ဇက်၊ စူပါမော့ ဆေးတစ်မျိုးမျိုး သုံးနိုင်ပါသည်။ ပန်းဂေါ် ဖီ အပျော့ပုပ် နှင့်အမဲပုပ် ရောဂါအတွက် ကျူပရိုမက်စ် ဆေးကိုပက်ဖျန်းပေးပါ။ မြေအောင်းပိုးကာကွယ်ရန် စိုက်ခင်းအတွင်းသို့ ဒီပါ (သို့မဟုတ်) ဖစ်ပရိုဆေးခဲ ပက်ကြဲပေးပါ။ ပိုးမွှားကျရောက်မှုအတွက် ပျ၊ ဖြုတ်၊ ယင်ဖြူ ၊ လှေးပိုးများကျရောက်ပါက ကေလာ၊ အေမီဒါ၊ အက်စ်ဖိတ် ဆေးများ၊ ငမြှောင်တောင်ပိုးကျလျှင် ရယ်ဒီ၊ နိုက်ဝမ်း၊ စိန်ကွက်ဖလံပိုးတွေ့လျှင် အီမာလန်ဒါ၊ ရော့ကက် ၊ ပင်ဖြတ်ပိုးကျရောက်လျှင် ဒါဘင် စသည့်ဆေးများပက်ဖျန်းနိုင်ပါသည်။

၁၃။ ဆွတ်ခူးခြင်း သက်တမ်းကို လိုက်၍ ရွှေ့စိုက်ပြီး( ၂လ- ၂လခွဲ) ကြာလျှင် ပန်းပွင့်စတင်ခုတ်နိုင်ပါသည်။ အချိန်မီမခုတ်ပါက ပန်းပွင့်အရောင်ပြောင်းသွားပြီးပန်းပွင့်ရှည်ထွက်လာပါသည်။

🔹စစ်မှန် ပြည့်ဝ ဝိစာရ🔹

Source - မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း။