menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စိုက်ပျိုးရေးဆေး ပက်ဖျန်းအသုံးပြုရာတွင် သတိပြုလိုက်နာသင့်သည့်အချက်များ
မြန်မာ့စိုက်ပျိုးရေးလောကတွင် စိုက်ပျိုးရေးသမား တောင်သူများသည် စိုက်ပျိုးရေးသုံးဆေးများကို မလွှဲမရှောင်သာ ပက်ဖျန်းအသုံးပြုနေကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မျှော်မှန်းသလောက် အကျိုးမရှိဘဲ..မရယူလိုသည့် ဘေးထွက်ဆိုးကျိုးများကိုလည်း မလွှဲမရှောင်သာ လက္ခံရယူနေကြရပါသည်.. ထို မျှော်မှန်းသလောက်အကျိုးမရှိရခြင်း၏ အကြောင်းအမျိုးမျိုးအနက်.. " စိုက်ပျိုးရေးဆေးပက်ဖျန်းအသုံးပြုရာတွင် သတိပြုလိုက်နာသင့်သည့်အချက်များ " အကြောင်းကိုအနည်းငယ်တင်ပြ ဆွေးနွေးလိုပါသည်.
(၁) ဆေးမဖျန်းမီ ဆေးဖျန်းပုံး/ဆေးဖျန်းကရိယာကိုသေချာစွာကြိုတင်၍ စစ်ဆေးပြုပြင်သင့်ပါသည်.. အဆက်နေရာများတွင်ရေယိုစိမ့်မှုရှိပါက ဖိအားအပြည့်မရနိုင်သည့်အပြင် ပက်ဖျန်းသူအတွက်ပါအန္တရာယ်များသဖြင့် ဝါရှာအသစ်လဲပေးပါ..လေထိုးဝါရှာပစ်စတင်များကိုလဲလိုအပ်လျှင်အသစ်လဲလှယ်ပေးပါ သို့မှသာဖိအားအပြည့်ရှိပြီးသေးငယ်သည့် ဆေးမှုံဆေးစက်များထွက်ရှိပါမည်.. ဆေးမှုံဆေးစက်သေးငယ်မှပိုးသေပြီး ထိရောက်ပါမည်..ဆေးစက်အရွယ်ကြီးလျှင် ပိုးမသေသည့်အပြင် ဖျန်းလိုက်သည့်ဆေးများ အရွက်ပေါ်ကပ်မနေဘဲ မြေကြီးပေါ်သို့ လျှောကျဆုံးရှုံးစေပါသည်.. ထို့ကြောင့် ဆေးဖျန်းကရိယာကိုသေချာစွာ စစ်ဆေးပြုပြင်ပြီးဆေးမဖျန်းမီရေထည့်၍ ကြိုတင်ပက်ဖျန်းကြည့်သင့်ပါသည်.. သို့မှသာ ဆေးထည့်ဖျော်ပြီးမှဆေးဖျန်းပုံး မကောင်း၍ဒုက္ခရောက်ရသည့်အဖြစ်မှ ကင်းဝေးပါမည်..
(၂) ကျရောက်သည့်ပိုး/ရောဂါနှင့်သင့်တော် ကိုက်ညီသောစစ်မှန်သည့်ဆေးကိုရွေးချယ် အသုံးပြုပါ.. မိမိအပင်ဘာဖြစ်နေသလဲသိရန်အရေးကြီးပါသည်..ပိုးကျသလား..ရောဂါဖြစ်သလား အာဟာရလိုသလား...စသည် ပိုးကျလျှင်လဲ ကိုက်စားပိုးလား..ခြစ်စားပိုးလား စုပ်စားပိုးလား..မြေအောင်းပိုးလား..စသည် ဖျက်ကောင်များသဘာဝအမျိုးမျိုးရှိသလို ဆေးများမှာလဲအာနိသင်အမျိုးမျိုးရှိပါသည် အနာနှင့်ဆေးတည့်မှထိရောက်အကျိုးရှိပါမည်..မဆိုင်သည့်ဆေးဖျန်းနေလို့ အကျိုးရှိမည်မဟုတ်ပါ..မိမိမကျွမ်းကျင်လျှင်ကျွမ်းကျင်သူထံ အကြံဉာဏ်ရယူရပါမည်.. စစ်မှန်သောဆေးရရန်.. တရားဝင်မှတ်ပုံတင်ထားသည့်မြန်မာစာအညွှန်းပါသည့်ဆေးကိုရွေးချယ်သုံးရပါမည်..
(၃) မိုးရွာ / လေပြင်းတိုက်နေသည့်အချိန် (သို့မဟုတ်)မကြာမီမိုးရွာ / လေပြင်းတိုက်မည့်အခြေအနေရှိပါကဆေးမဖျန်းသင့်ပါ.. မိုးရွာလျှင်ဆေးများမြေပေါ်စီးကျဆုံးရှုံးမည် လေတိုက်လျှင်ဆေးများအပင်ပေါ်မရောက် ဘဲလေတွင်လွင့်ပါဆုံးရှုံးသည့်အပြင် ဖျန်းသူကိုပါအန္တရာယ်ရှိနိုင်ပါသည်.. မစောင့်ဆိုင်းနိုင်လျှင် ကော်ရည် sticker ရောစပ်ပက်ဖျန်းပါ..တစ်ခဏအတွင်း အပင်ထဲစိမ့်ဝင်နိုင်သည့်ဆေးကိုရွေးချယ် အသုံးပြုသင့်ပါသည်..
(၄) နံက်စောစောနှင့်ညနေပိုင်းနေအေးချိန်တွင် ဆေးဖျန်းပါ.. နေအလွန်ပူနေချိန်ဆေးမဖျန်းသင့်ပါ.. နေအလွန်ပူနေချိန်တွင်အရွက်လေပေါက် များပိတ်နေသဖြင့်ထိရောက်မှုနည်းသည့် အပြင်ဆေးဖျန်းသူမှာလည်းချွေးပေါက်များ ကျယ်နေပြီးသွေးကျဲနေသဖြင့်အန္တရာယ် အလွန်များပါသည်.. အကောင်းဆုံးမှာညနေပိုင်းဖျန်းရန်ဖြစ်ပါသည် မနက်ခင်းတွင်ညကအအေးဓါတ်ကြောင့် ဆဲလ်တင်းအားများနေပြီးဆေးစုပ်ယူမှု နည်းပါသည်..ညနေပိုင်းတွင်ဆေးစိမ့်ဝင် နိုင်မှုများသည့်အပြင်ဖျက်ပိုးအများစုသည် ညပိုင်းတွင်မြူးလေ့ရှိပါသည်..
(၅) အပင်တိုင်းတွင်ပန်းဖြိုင်ဖြိုင်ပွင့်နေချိန်ဆေး မဖျန်းမိအောင်ဂရုပြုရပါမည်.. ဝတ်မှုံခံအစေးဓါတ်ပျက်စီးခြင်း ဝတ်မှုံများဆေးရည်ကြောင့်ပျက်စီး/ဆုံးရှုံးခြင်း (အပင်ဟော်မုန်းများကိုမဆိုလိုပါ) အကျိုးပြုအင်းဆက်ပိုးများသေကျေပျက်စီးခြင်းတို့ကြောင့်အသီးတင်မှုနည်းစေပါသည်.. မစောင့်ဆိုင်းနိုင်လျှင်အကျိုးပြုပိုးများမထိခိုက်နိုင်သည့်ဆေးကိုရွေးချယ်၍မစိုရွှဲအောင် ပက်ဖျန်းသင့်ပါသည်..
(၆) အညွှန်းပါအတိုင်းဆေးနှင့်ရေကိုရောစပ်အသုံးပြုသင့်ပါသည်.. ပိုလည်းမထည့်သင့်ပါ.. လျှော့လည်းမထည့်သင့်ပါ.. ပိုထည့်လျှင်.. အပင်များလောင်ကျွမ်းနိုင်ပါသည် ငွေပိုကုန်ပါသည် ဖျန်းသူပို၍အန္တရာယ်များပါသည်.. လျှော့ထည့်လျှင်.. အကျိုးမရှိသည့်အပြင်ဘေးထွက်ဆိုးကျိုးများကိုပါဖြစ်ပေါ်စေပါသည်.. ဆေးနှုန်းနည်းသဖြင့်ပိုးမသေသည့်အပြင် ၄င်းပိုးမှပေါက်ပွါးလာသောသားဆက်များ သည်ထိုပိုးသတ်ဆေးဖြင့်မသေသောခံနိုင်ရည်ရှိပိုးများဖြစ်ပေါ်လာစေပါသည်..
(၇) ဆေးနှင့်ရောစပ်သောရေကိုသန့်ရှင်းသည့် ရေကြည်ရေသန့်ကိုအသုံးပြုသင့်ပါသည်.. အငံဓါတ်ရှိသောရေများသည်ဆေးအာနိသင်ကိုပျက်စီးစေပါသည်.. အဝီစိတွင်းရေများသည်လည်းပျော်ဝင်ဓါတ်ဆားများပြားတတ်၍ရှောင်ကျဉ်နိုင်လျှင်ကောင်းပါသည်..
(၈) ဆေးဖျန်းပုံးအတွင်းသို့ဆေးဦးစွာထည့်၍ရေအပြည့်ဖြည့်ခြင်း (သို့မဟုတ်) ရေအပြည့်ဖြည့်ပြီးမှဆေးထည့်ခြင်း တို့ကိုရှောင်ကျဉ်သင့်ပါသည်.. ဆေးဦးစွာထည့်လျှင်.. ဆေးစဖျန်းစဉ် ဦးစွာဆေးစစ်စစ်များသာ အရင်ဆုံးထွက်သွား၍အပင်ကိုလောင်ကျွမ်းစေပါသည်.. ဆေးဖျော်ရည်တွင်လည်း ဆေးပြင်းအားလျော့သွားပါသည်.. ရေအပြည့်ဖြည့်ပြီးမှဆေးထည့်လျှင်.. ဆေးကိုရေတွင်နှံ့စပ်ပျော်ဝင်အောင် မွှေနှောက်ဖျော်စပ်ဖို့ခဲယဉ််းပါသည်.. ဆေးမှုန့်များဖျော်ရလျှင်ပိုဆိုးပါသည်.. သို့ဖြစ်၍ ဦးစွာပုံးအတွင်းသို့သုံးပုံတစ်ပုံရေဖြည့်ပါ..ထို့နောက်အညွှန်းအတိုင်း တိကျစွာဆေးကိုချင့်ထည့်ပါ..ဒုတ်ချောင်းဖြင့်မွှေပါ(လက်ဖြင့်မမွှေရ)ပြီးမှရေအပြည့်ဖြည့်ပါ..
(၉) စိုက်ပျိုးရေးဆေးပက်ဖျန်းရာတွင်ဆေးရည်ထွက်သည့်နော်ဇယ်ခေါင်းနှင့်သီးနှံပင်ကို တစ်တောင်(၁၈-လက္မ)အကွာခန့်ထား၍ပက်ဖျန်းသင့်ပါသည်.. ၄င်းထက်ဝေးကွာပါက ဖျန်းသည့်ဆေးများအပင်ပေါ်မရောက်ဘဲ လေနောက်ပါပြီး လေလွင့်ဆုံးရှုံးစေပါသည်.. ၄င်းထက်နီးကပ်ပါက ဆေးရည်များ အပင်ပေါ်တင်ကျန်မနေဘဲ အောက်သို့ စီးကျပြီး လေလွင့်ဆုံးရှုံးစေပါသည်.. ၁၈" ခန့်အကွာအဝေးထားဖျန်းမှ နော်ဇယ်မှဖိအားဖြင့်ထွက်လာသည့် ဆေးစက်ဆေးမှုန်များ အပင်,အရွက်ပေါ် အံကျတွယ်ကပ်တင်ကျန် နေစေပြီးအကျိုးရှိမည်ဖြစ်ပါသည်..
(၁၀) ဆေးဖျန်းရာတွင်နော်ဇယ်အမျိုးအစား မှန်ကန်အောင်ရွေးချယ်အသုံးပြုရပါမည်.. အကြမ်းအားဖြင့် ဆေးရည်ထွက်မှု ပုံသဏ္ဍာန်ကိုလိုက်၍ နော်ဇယ်နှစ်မျိုးရှိ ပါသည်..အဝိုင်းပုံထွက်သောနော်ဇယ်နှင့်ယပ်တောင်ပုံထွက်သောနော်ဇယ်ဖြစ်ပါသည်.. ပေါင်းသတ်ဆေးပက်ဖျန်းရာတွင် ယပ်တောင်ပုံဖြာထွက်သည့်နော်ဇယ်ကို အသုံးပြုရမည်ဖြစ်ပြီး အခြားဆေးများ ပက်ဖျန်းရာတွင် အဝိုင်းပုံထွက်သော နော်ဇယ်ကိုအသုံးပြုရမည်ဖြစ်ပါသည်.. ဆေးရည်ထွက်မှုလားရာကိုလိုက်၍လည်း နော်ဇယ်နှစ်မျိုးရှိပါသည်.. ရှေ့တည့်တည့်သို့ဖြာထွက်သောနော်ဇယ် နှင့် ဘေးသို့ဖြာထွက်သောနော်ဇယ်တို့ ဖြစ်ပါသည်.. ရှေ့တည့်တည့်သို့ထွက်သည့်နော်ဇယ်ကို သရက်..သနပ်ခါးကဲ့သို့သောအပင်မြင့်များ ကိုပက်ဖျန်းသည့်အချိန်မှလွဲ၍အသုံးမပြုသင့်ပါ..ဘေးသို့ဖြာထွက်သည့်နော်ဇယ် ကိုအသုံးပြုမှသာ အပင်ကိုအထက်အောက်ဘယ်ညာ လိုအပ်သလိုလှည့်ပတ် ပက်ဖျန်းနိုင်၍အကျိုးရှိစေပါသည်..
(၁၁) ဆေးဖျန်းရာတွင် လေကိုဆန်၍မဖျန်းဘဲ လေတိုက်ရာအရပ်ကို ကျောပေး၍ဖျန်းခြင်း သည် ဆေးဖျန်းသူအန္တရာယ်နည်းစေသည့်အချက်ဖြစ်ပါသည်.. စိုက်ခင်းကိုအသွားအပြန်ပက်ဖျန်းရ၍လေတိုက်ရာအရပ်ကိုမရှောင်နိုင်ခဲ့သော် ဆေးဖျန်းတံကို ဖျန်းသူ၏ရှေ့တွင်မထားဘဲ ဝဲ(သို့)ယာ ဘေးဖက်တွင်ထား၍ပက်ဖျန်းရပါမည်..
(၁၂) ဆေးဖျန်းနေစဉ် ဆေးဖျန်းပုံး / ဆေးရည်ထည့်သည့်ကရိယာကို မကြာခဏလှုပ်ပေး ရန်လိုအပ်ပါသည်.. အချို့ဆေးရည်ဆေးမှုန့်များသည် ဖျော်စပ်ပုံအရ ဆေးရည်တွင်ပျော်ဝင်သည့်ပုံစံ မဟုတ်ဘဲ ပျံ့နှံ့နေသည့်ပုံစံသာဖြစ်၍ မကြာခဏအနည်ထိုင်တတ်ပါသည်.. ထို့ပြင် ရောစပ်ပက်ဖျန်းသည့်အမျိုးအစား မတူဆေးများကြောင့်လည်း အာနိသင် ပျက်မသွားသော်လည်း အနည်ထိုင်တတ်ပါသည်..ဆေးမွှေတံပါသည့်ဆေးဖျန်းပုံး ဆေးဖျန်းကရိယာများအသုံးပြုနိုင်ပါက အကောင်းဆုံးဖြစ်ပါသည်..
(၁၃) ဆေးဖျန်းသည့်အခါ သီးနှံပင်တပင်လုံး သီးနှံတခင်းလုံးညီညာပျံ့နှံ့အောင်ပက်ဖျန်း ရပါမည်.. သီးနှံပင်အရွယ်အစားနှင့်ပိုးရောဂါကျရောက်မှုအနည်းအများကိုလိုက်၍တစ်ဧကလျှင် ဖျော်စပ်ပြီးဆေးရည်(၂၀)ဂါလံမှ(၃၀)ဂါလံနှုန်း(သို့) ၄-ဂါလံဝင်ဆေးဖျန်းပုံး(၅)ပုံးမှ (၈)ပုံးထိယေဘူယျကုန်အောင်ပက်ဖျန်းသင့်ပါသည်.. အပင်ငယ်စဉ်...(၄)ပုံး အပင်လတ်.. (၆)ပုံး အပင်ကြီး၍စိုက်တန်းပိတ်သွားလျှင်.. (၈)ပုံးကုန်အောင်ပက်ဖျန်းသင့်ပါသည်.. ယေဘူယျအကြမ်းဖျင်းတင်ပြ ခြင်းဖြစ်၍သီးနှံအလိုက်ကွဲပြားနိုင်ပါသည်..
(၁၄) ဆေးဖျော်စပ်ရာတွင် ဖျန်းပုံးတစ်ပုံးလျှင် တစ်ကြိမ်ချင့်၍ဖျော်စပ်ခြင်းထက် ဖျန်းပုံးငါးပုံး,ဆယ်ပုံးစာချင့်၍ဖျော်စပ်ပါက ဆေးနှုန်းထားပို၍ညီညာတိကျစေပါသည်.. ဥပမာ..တစ်ပုံးလျှင်ဆေး(၂၀)စီစီ/ဂရမ်နှုန်းဖြင့် (၅)ပုံးစာဖျော်စပ်မည်ဆိုပါက.. ရေ(၅)ဖလားတွင်ဆေး(၁၀၀)စီစီ/ဂရမ်ထည့် ၍ဖျော်ပြီး..ရသည့်ဆေးရည်ကို၄င်းဖလား ဖြင့်တစ်ပုံးတစ်ဖလားထည့်..ပုံးထဲရေအပြည့် ထပ်ဖြည့်ပက်ဖျန်းခြင်းကဆေးနှုန်းထား ပို၍ညီညာတိကျစေပါသည် သို့သော်.. ဖျော်စပ်ပြီးဆေးရည်ကိုတစ်ရက်အတွင်း အသုံးပြုရမည်ဖြစ်ပြီး..ကျန်ရှိသည့်ဆေးရည် ကိုနောက်ရက်တွင်အသုံးပြုပက်ဖျန်းခြင်းကို ရှောင်ကျဉ်ရမည်ဖြစ်ပါသည်...
(၁၅) သီးနှံသက်တမ်းတစ်လျှောက် ပိုးသတ်ဆေး မှိုသတ်ဆေးတစ်မျိုးတည်း လက်ကိုင်ထား သုံးစွဲခြင်းကို မပြုလုပ်သင့်ပါ.. အမျိုးအစားတူ အုပ်စုတူဆေးကို စဉ်ဆက်မပြတ်အသုံးပြုခြင်းသည် ခံနိုင်ရည်ရှိ ပိုး..ရောဂါဖြစ်ကြောင်းမျိုးပြားများ ဖြစ်ပေါ်စေပါသည်..
(တွေ့ရှိနေရသည့်အမှားများနှင့်သတိထား ပြုပြင်သင့်သည်များကိုယေဘူယျတင်ပြ ခြင်းသာဖြစ်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ များစွာကျန်ရှိနေပါသေးသည်)
Author: Than Win Agri
(ဝိစာရအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်)