menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စိုက်ပျိုးမြေကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ခြင်း (၃)
🌾🥦🌿🌶🍃🌽🎋🍅🌱🍐🍀
☑️စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းနှစ်ခုဟာ ဆက်စပ်နေတော့ ဒီလုပ်ငန်းနှစ်ခုကို ပူးတွဲလုပ်ကိုင်ကြမှ ပိုပြီးအကျိုးရှိသလို အခြေခံအချက်ကတော့ စနစ်တကျလုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ စိုက်ပျိုးရေးမှာ (၁) မျိုးကောင်းမျိုးသန့်စိုက်တာ၊ (၂) မြေသြဇာဖြည့်ပေးတာ၊ (၃) ပိုးနဲ့ ရောဂါကာကွယ်နှိမ်နင်းတာ၊(၄) စနစ်တကျ စိုက်ပျိုးပြုစုတာလုပ်မှ သီးနှံပိုထွက်မှာဖြစ်တယ်။ ဒီနေ့အချိန်က သီးနှံအထွက်တိုးရေး ထက် အရည်အသွေးပြည့်မီပြီး စားသုံးသူအန္တရာယ်ကင်းတဲ့ စိုက်ပျိုးရေးထွက်ကုန် ရရှိဖို့ဖြစ်တယ်။
☑️ဟိုတုန်းကာလကလို ဘာလုပ်လုပ် အထွက်တိုးဖို့တစ်ခုတည်းမဟုတ်တော့ဘူး။ ဒီတော့ စနစ်တကျဆိုတာက ပိုအရေးကြီးနေပြီ။ မြေအခြေအနေနဲ့ ကိုယ်စိုက်မဲ့သီးနှံလိုက်ပြီး ထွန်ယက်မြေပြုပြင်ဖို့လိုရင် ပြုပြင်ရမယ်။ မြေပြုပြင်ရာမှာ နည်းလမ်းတစ်ခုဟာ အကောင်းဆုံးဟု ပြောမရပါ။ ဘာကြောင့် မြေပြုပြင်ပေးရသလဲဆိုတဲ့ အခြေခံအချက်ကို သဘောပေါက်နားလည်ပြီး လိုအပ်သလောက် ပြုပြင်ပေးဖို့ အရေးကြီးပါတယ်။
☑️ဓာတ်မြေသြဇာအသုံးပြုလည်း သီးနှံပိုထွက်နိုင်အောင် လုပ်ပေးတယ်ဆိုပေမဲ့ ရေ၊ မြေအခြေအနေ စိုက်တဲ့သီးနှံကြည့်ပြီးအသင့်တော်ဆုံး အချိုးနဲ့ ထည့်ချိန်မှန်ကန်မှအမြတ်အစွန်းကျန်မှာပါ။ ဒါ့ပြင် သုံးနည်းမမှန်၊ အချိုးမမှန်တော့ ဓာတုပစ္စည်းများရဲ့ ဆိုးကျိုးရှိလာနိုင်ပြီး စိုက်ပျိုးမြေပျက်စီးနိုင်တယ်။ မြေပျက်စီးနိုင်တာက သဘာဝတရားကြီးရဲ့ နေပူ၊ မိုးရွာ၊ လေတိုက်၊ ရေကြီး၊ ရေလွှမ်း၊ရေတိုက်စားမှု ကလည်း ဖြစ်နိုင်တာတွေ ရှိနေလို့ ကိုယ့်မြေမျက်နှာပြင် အနေအထားကြည့်ပြီး အပေါ်ယံမြေသား (စိုက်ပျိုးလို့ အဓိကအားထားရတဲ့ မြေဆီလွှာ) မပျက်စီးအောင် လုပ်ကြရမှာကတော့ အညာ၊ မြေလတ် နေပူပြင်း မိုးနည်းဒေသရော၊ မိုးများတဲ့ မြစ်ဝကျွန်းပေါ်နဲ့ အောက်ပိုင်းဒေသတွေရော ဖြစ်တယ်။
☑️“ မြေဆီလွှာသည် အသက်ရှင်သန်မှုအတွက် အစားထိုးမရသော သဘာဝအရင်းအမြစ်ဖြစ်သည် “ (Soil is the vital Natural Resource that is nonrenewable ) ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အစားထိုးလို့ မရနိုင်တာက မြေဆီလွှာပါ။ မြေကြီးရဲ့ အပေါ်ယံကစိုက်ပျိုးလို့ ကောင်းတဲ့ မြေကြီးရဲ့ အဆီအနှစ်တွေပါရှိတဲ့အလွှာပါ။ မြန်မာနိုင်ငံမှာ အဓိကစိုက်ပျိုးမြေ ရှစ်မျိုးရှိတယ်။ မြေနီ၊ ဝါညိုတောမြေ၊ နီညိုတောမြေ၊ မြေနီသဲဝန်း၊ ဂဝံမြေ၊ လယ်မြေ၊ နုန်းမြေ၊ စနယ်မြေစေးတို့ ဖြစ်တယ်။ မြေမျိုးအုပ်စုနဲ့ခွဲခြားရင် ငါးမျိုးရှိတယ်။ (၁) လယ်မြေ၊ နုန်းမြေ၊ (၂) တောင်ပေါ်မြေများ၊ (၃) စနယ်မြေများ၊ (၄) သဲဝန်းတောခြောက် မြေများ၊ (၅) မြေနီနှင့် ဂဝံမြေများ ဖြစ်တယ်။
☑️မြေအမျိုးအစားခွဲခြားလိုက်ရင် မြေ ၂၄ မျိုးရှိတဲ့ နိုင်ငံဖြစ်တယ်။ မြေအသုံးချမှု စနစ်မကျဘဲ မှားယွင်းရင် မြေဆီလွှာပြုန်းတီးမှုအပြင် ရမဲ့ဆိုးကျိုးတွေကသစ်တောတွေပြုန်း၊ တောင်ကတုံးဖြစ်တာက တောင်ယာ စနစ်၊ သီးနှံတစ်မျိုးတည်း နှစ်စဉ်တစ်နေရာတည်းစိုက်တာ၊ တောင်ကုန်းဆင်ခြေလျှောနေရာတွေမှာ ထွန်ယက်တာကို အပေါ်ကအောက်ကို ထွန်ယက်စိုက်ပျိုးနေတာ၊ အခုထိ ပြုလုပ်နေဆဲ ဖြစ်တယ်။ သစ်ပင်သစ်တောမရှိလို့ တောင်ပြို၊ မြေပြိုတာ၊ အင်းအိုင်မြစ်ချောင်းတွေ သဲနုန်းဖို့ချ ရေတိမ်လာပြီး နှစ်စဉ် ရေကြီးမှုကြုံရတာ၊ ရေတိုက်စားခံရတာကို မပြုပြင်လို့လျှိုမြောင်ကြီးတွေ နက်သထက်နက်၊ ကျယ်သထက်ကျယ်ပြန့်လာတာကို မြေလတ်ဒေသ၊ အညာဒေသမှာ ပိုတွေ့လာရတာ။
☑️မြေကောင်းတစ်ခုပေါ်မှာ သီးနှံစိုက်ပျိုးရင် အထွက်ကောင်းမှာပါ။ ဒါကိုမလိုဘဲအထွက်ပိုကောင်းမှာပဲ ထင်ပြီး ဓာတ်မြေသြဇာတွေထည့်ရင် အကျိုးမရှိနိုင်ပါ။ မြေထဲမှာ ချို့တဲ့ဓာတ်နဲ့ သီးနှံကိုက်အောင် လိုတာရွေးချယ်ဖြည့်မှ အကျိုးရှိမှာပါ။ မြေဖွဲ့စည်းပုံကို ပြုပြင်ပေးနိုင်တဲ့ အော်ဂဲနစ်ဒြပ်တွေ၊သဘာဝမြေဆွေး၊ သစ်စိမ်းမြေဆွေးတွေ ထည့်ဖို့လိုတယ်။ မြေကြီးမပျက်စီးခင် ထိန်းသိမ်းပြုပြင်မှ ဖြစ်မယ်။ ပျက်စီးသွားရင်ပြုပြင်ရတာ နှစ်များစွာကြာပါတယ်။ ထို့ကြောင့် မြေဆီလွှာစိုက်ပျိုးမြေ မပျက်စီးအောင် စနစ်တကျ ထိန်းသိမ်းပြီး စိုက်ပျိုးထုတ်လုပ်ကြပါစို့။
ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၂၈) - ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၃)ရက်။