menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“စိုက်ပျိုးသုတ နိုဝင်ဘာလ”
“စိုက်ပျိုးသုတ နိုဝင်ဘာလ”
🌾🌾🥜🥜🌿🌿🌿🌿🥜🥜🌾🌾
နိုဝင်ဘာလသည် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းအများစု အောင်မြင်ရင့်မှည့်သည့်ကာလကိုရောက်ပြီဖြစ်သည်။ ဒီကာလက အောင်မြင်သောစပါးစေ့ရာခိုင်နှုန်း များဖို့နှင့် အစေ့ ၁၀၀၀ အလေးချိန် ကောင်းဖို့အရေးကြီးသည့်ကာလဖြစ်သည်။အလေအလွင့်နည်းပါးစေရန် ရိတ်သိမ်းချိန် အချိန်မှန်တွင် ရိတ်သိမ်းပါ။ ရိတ်သိမ်းပြီးလျှင်ပြီးချင်း ချက်ချင်းခြွေလှေ့ရန်ဖြစ်ပါသည်။ ဤကာလသည် ဆောင်းရာသီ သီးနှံစိုက်ပျိုးရေးအတွက်လည်း အရေးကြီးသည့်လဖြစ်သည်။ ဆောင်းသီးနှံများကို စပါးအပြီး လယ်မှာစိုက်သည်။ မိုးသီးနှံအပြီးယာမြေမှာစိုက်သည်။ မြစ်ရေကျချိန် ကိုင်းကျွန်းမြေမှာ စိုက်သည်။ စိုက်ပျိုးသည့်သီးနှံများအနက် အရေးပါသည့် ဆောင်းသီးနှံအချို့နှင့် ပတ်သက်၍ သုတပေးလိုပါသည်။
🥜မြေပဲ🥜
ရေမြေဒေသရာသီ ကွဲပြားခြားနားသော အခြေအနေအမျိုးမျိုးမှာ မြေပဲပင်သည် ဖြစ်ထွန်းနိုင်သည်။ နုန်းမြေနှင့် သဲနုန်းမြေတို့သည် မြေပဲစိုက်ရန် အသင့်တော်ဆုံးမြေအမျိုးအစားများဖြစ်သည်။ ရေထုတ်ရန်လွယ်ကူပြီး ရေစိမ့်စီးဆင်းမှုကောင်းမွန်သောမြေဖြစ်သင့်သည်။ဒေသနှင့်ကိုက်ညီဖြစ်ထွန်းသည့် မျိုးကို ရွေးချယ်အသုံးပြုစိုက်ပျိုးကြရန်ဖြစ်သည်။ အပင်ပေါက် ၈၀ ရာခိုင်နှုန်းနှင့်အထက်ရှိသည့်မျိုးကို စိုက်ပျိုး သင့်သည်။မြေပဲမျိုးစေ့၌ မျိုးစေ့ဆောင်ရောဂါများ ကင်းစင်ရပါမည်။ဆင်းပဒေသာ ၁၁ မြေပဲမျိုးသည်အပင်သက်တမ်း ရက် ၁၀၀ မှ ၁၀၅ ရက်နှင့် နုတ်သိမ်းနိုင်သည်။ တစ်ပင်ပါအောင်တောင့် ၂၀ မှ ၂၅ ရှိပြီး အဆန်ထွက်ရာခိုင်နှုန်း ၇၄ ဖြစ်သည်။ဆင်းပဒေသာ ၁၂ မြေပဲမျိုးသည် အပင်သက်တမ်း ၁၀၅ ရက်မှ ရက် ၁၁၀ နှင့် နုတ်သိမ်းနိုင်သည်။ တစ်ပင်ပါအောင်တောင့်၁၅ မှ ၂၅ ရှိပြီး အဆန်ထွက်ရာခိုင်နှုန်း ၇၂ဖြစ်သည်။ဆင်းပဒေသာ ၁၃ မြေပဲမျိုးသည် အပင်သက်တမ်း ၁၀၅ ရက်မှ ရက် ၁၁၀ နှင့်နုတ်သိမ်းနိုင် သည်။ တစ်ပင်ပါအောင်တောင့် ၂၀ မှ ၃၀ ရှိပြီး အဆန်ထွက်ရာခိုင်နှုန်း ၇၄ ဖြစ်သည်။ ဒေသမရွေး သင့်တော်သောမျိုးဖြစ်ကြောင်း သိရသည်။ ဖော်ပြပါမျိုးများနှင့် သုတေသနပြုထုတ်ဝေထားသော အခြားအထွက်နှုန်းကောင်းမွန်သည့် မြေပဲမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ နိုဝင်ဘာလလယ်အတွင်း အပြီးစိုက်ပျိုးသင့်ပါသည်။
🌿ကုလားပဲ🌿
ကုလားပဲသီးနှံကို ယာမြေတွင် စိုက်နိုင်သည်။ ဂျုံ၊ နေကြာသီးနှံတို့နှင့် သီးညှပ်သီးနှံအဖြစ်လည်း စိုက်နိုင်သည်။ လယ်မြေတွင် စပါးမရိတ်မီ မြေတမန်းအစို၌ ပက်ကြဲကာ သီးဆင့်သီးနှံအဖြစ်လည်း စိုက်နိုင်သည်။စပါးအပြီး သီးထပ်သီးနှံအဖြစ် စိုက်ပျိုးနိုင်သည်။ ထို့ပြင် ဧရာဝတီမြစ်နှင့် အခြားမြစ်ချောင်းဘေးတစ်လျှောက် ရေကျချိန်ပေါ်ထွန်းလာသည့် ကိုင်းကျွန်းမြေများ၌လည်း ကိုင်းသီးနှံအဖြစ် စိုက်ပျိုးနိုင်ပါသည်။ ကုလားပဲရေဆင်း ၆ မျိုးသည် အသက်၈၆ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်ပင်ပါသီးတောင့်အရေ အတွက်မှာ ၄၁ သီးဖြစ်သည်။ တစ်တောင့်ပါ အစေ့အရေအတွက်မှာ ၁ ဒသမ ၁၆ ဖြစ်သည်။ အစေ့ အရောင်အနီရောင်ဖြစ်သည်။ ထူးခြားချက်မှာ ညှိုးသေရောဂါဒဏ်ခံနိုင်သည်။ အပူဒဏ်ခံနိုင်ရည်ရှိသည်။ကုလားပဲရေဆင်း ၈ မျိုးသည် သက်တမ်း ရက် ၉၀ မှ ၉၅ ရက်ရှိသည်။ တစ်ပင်မှာ သီးတောင့် ၃၆ မှ ၄၀ သီးနိုင်သည်။တစ်တောင့်ပါအစေ့အရေအတွက်မှာ တစ်စေ့ဖြစ်သည်။ အစေ့အရောင်မှာ အဖြူရောင်ဖြစ်သည်။ ထူးခြားချက်မှာ ညှိုးသေရောဂါဒဏ်ခံနိုင်သည်။ စပါးအပြီး သီးထပ်စိုက်ပျိုးသင့်သောမျိုး ဖြစ်ပါသည်။ ကုလားပဲရေဆင်း ၁၁ မျိုးသည် အသက်ရက် ၈၀ မှ ၈၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်ပင်ပါ သီးတောင့်အရေအတွက် ၃၂ မှ ၅၀ သီးသည်။ တစ်တောင့်ပါ အစေ့အရေအတွက်မှာ နှစ်စေ့ဖြစ်သည်။အစေ့အရောင် အဖြူရောင်ဖြစ်ပြီး အရွယ်အစားကြီးမားသည်။ ထူးခြားချက်မှာ ညှိုးသေရောဂါဒဏ် ခံနိုင်ရည်အသင့်အတင့်ရှိသည်။ လယ်သီးထပ်အတွက် စိုက်ပျိုးသင့်သောမျိုးဖြစ်ပါသည်။ကုလားပဲ ရေဆင်း ၁၂ မျိုးသည် သက်တမ်း ၈၃ ရက်မှ ၈၉ ရက်ရှိသည်။ တစ်ပင်မှာ သီးတောင့် ၃၀ မှ ၄၀ သီး နိုင်သည်။တစ်တောင့်ပါအစေ့အရေအတွက်မှာ တစ်စေ့ဖြစ်သည်။ အသက်လျင် အထွက်ကောင်း၊ အစေ့သားကျစ်လျစ်၍ အစေ့အရွယ်အစားကြီးမားသော ကုလားပဲနီမျိုးဖြစ်ပါသည်။ စပါးအပြီး သီးထပ်စိုက်ပျိုးသင့်ပါသည်။ ဒေသရေမြေအလိုက် ဖြစ်ထွန်းမှု၊ ဈေးကွက်ရရှိနိုင်မှုနှင့် ပိုးမွှားရောဂါကျရောက်နိုင်မှုအခြေအနေတို့ကို ချိန်ဆ၍ ဖော်ပြပါမျိုးများနှင့် အခြားသုတေသနပြုထုတ်ဝေထားသည့်မျိုးများအနက် သင့်တော်သည့်ကုလားပဲမျိုးကို ရွေးချယ်စိုက်ပျိုးရန်ဖြစ်ပါသည်။နိုဝင်ဘာလအတွင်း အပြီးစိုက်ပျိုးသင့်သည်။စိုက်ချိန် နောက်ကျ ၍ ဒီဇင်ဘာနှင့် ဇန်နဝါရီတွင် စိုက်ပါက သီးတောင့်ရင့်မှည့်ချိန်၌ အပူချိန်မြင့်မားမှုဒဏ်ခံရခြင်း၊အစိုဓာတ် မလုံလောက်ခြင်းတို့ကြောင့် အထွက်နှုန်းနှင့် အရည် အသွေးကို သိသိသာသာ လျော့ကျနိုင်ပါသည်။
🍀မတ်ပဲ🍀
မတ်ပဲသီးနှံကို ရေထုတ်ရန် လွယ်ကူသောမြေတွင် စိုက်ပျိုးသင့်သည်။ အထွက်မြင့်မားရေးအတွက် ယခုဖော်ပြမည့်မျိုးများနှင့် သုတေသနပြုထုတ်ဝေထားသည့် မျိုးများအနက် ရေမြေဒေသနှင့် ကိုက်ညီ သောမျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးရန်ဖြစ်သည်။မတ်ပဲ ရေဆင်း ၄ မျိုးသည် အသက် (၆၅ -၇၀)ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။တစ်ပင်ပါသီးတောင့် ၃၀ မှ ၃၅ ဖြစ်သည်။တစ်တောင့်တွင် အစေ့ လေးစေ့မှ ငါးစေ့ရှိသည်။ အဝါရောင်မိုစေ့ရောဂါဒဏ်ကို ခံနိုင်သည်။မတ်ပဲရေဆင်း ၅ မျိုးသည် သက်တမ်း(၈၅ -၉၀)ရက် ဖြစ်သည်။ တစ်ပင်တွင်သီးတောင့် ၄၅ မှ ၅၀ သီးနိုင်သည်။ တစ်တောင့်တွင် အစေ့ လေးစေ့မှ ခြောက်စေ့ရှိသည်။ အစေ့အရွယ်အစားကြီးမားခြင်း၊ သီးတောင့်များခြင်း၊ပဲပင်ပေါက် အရည်အသွေးကောင်းခြင်းတို့နှင့် ပြည့်စုံသည်။ မတ်ပဲရေဆင်း ၆ မျိုးသည် အသက်ရက် (၉၀ -၉၅) ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်ပင်ပါသီးတောင့် ၃၅ မှ ၄၀ ဖြစ်သည်။ တစ်တောင့်တွင် အစေ့ လေးစေ့မှခြောက်စေ့ရှိသည်။ အစေ့အရွယ်အစားကြီးမားသည်။ ဖားဥမှိုရောဂါဒဏ် ခံနိုင်ရည်ရှိသည်။မတ်ပဲပုလဲထွန်းမျိုးသည် သက်တမ်း (၁၁၀ -၁၂၀) ရက် ဖြစ်သည်။ တစ်ပင်တွင် သီးတောင့် ၂၅ မှ ၃၀ သီးနိုင်သည်။တစ်တောင့်တွင် အစေ့ လေးစေ့မှ ခြောက်စေ့ရှိသည်။ အစေ့အရွယ်အစားကြီးမားသည်။မတ်ပဲရေဆင်း ၇ မျိုးသည် အသက်ရက် (၈၀ -၈၅) ရက်ဖြင့် ရိတ်သိမ်း နိုင်သည်။ တစ်ပင်ပါသီးတောင့် ၂၅ မှ ၃၀ ဖြစ်သည်။ တစ်တောင့်တွင် အစေ့ လေးစေ့မှခြောက်စေ့ရှိ သည်။ အဝါရောင်မိုစေ့ရောဂါဒဏ် ခံနိုင်ရည်ရှိသည်။ မြေတွင်းအစိုဓာတ်မဆုတ်ယုတ်မီ နိုဝင်ဘာလ ဒုတိယပတ်မှနောက်ဆုံးပတ်အတွင်း စိုက်ပျိုးသင့်ပါသည်။
🍃ပဲပုပ်🍃
ပဲပုပ်သီးနှံသည် ဆောင်းရာသီတွင်တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံဖြစ်သည်။လယ်မြေတွင်စိုက်ပျိုးနိုင် သည်။ မြစ်ရေကျချိန် ကိုင်းကျွန်းမြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ ပဲပုပ်ချည်း သီးသန့်စိုက်နိုင်သည်။ အစေ့ထုတ်ပြောင်း၊ နေကြာသီးနှံတို့နှင့် သီးညှပ်အဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။ပဲပုပ် ရေဆင်း ၆ မျိုးသည် အသက်ရက်၁၀၀ မှ ၁၀၅ ရက်ရှိသောမျိုးဖြစ်သည်။တစ်ပင်ပါသီးတောင့် ၃၀ မှ ၃၅၊ တစ်တောင့်ပါအစေ့အရေအတွက် နှစ်စေ့မှ သုံးစေ့ဖြစ်သည်။ ဆီပါဝင်မှုနှုန်းမှာ ၂၁ ဒသမ ၃၉ ဖြစ်သည်။အစေ့ အရောင်မှာ အဝါရောင်ဖြစ်သည်။ ဒေသမရွေးစိုက်ပျိုးနိုင်ပါသည်။ပဲပုပ်ရေဆင်း ၁၁ မျိုးသည် အသက်ရက် ၁၁၀ မှ ၁၁၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်ပင်ပါသီးတောင့် ၃၀ မှ ၃၅ သီးသည်။တစ်တောင့်ပါ အစေ့အရေအတွက်နှစ်စေ့မှ သုံးစေ့ဖြစ်သည်။ ဆီပါဝင်မှုနှုန်းမှာ၂၁ ဒသမ ၉၂ ဖြစ်သည်။အစေ့အရောင်မှာအဝါရောင်ဖြစ်သည်။ စပါးအပြီးစိုက်သင့်သော အထွက်ကောင်းမျိုးဖြစ်ပါသည်။ ပဲပုပ်ရေဆင်း ၁၅မျိုးသည် အသက်ရက် ၁၀၀ မှ ၁၀၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်ပင်ပါသီးတောင့် ၅၀ မှ ၇၀သီးသည်။ တစ်တောင့်ပါအစေ့အရေအတွက် နှစ်စေ့မှ သုံးစေ့ဖြစ်သည်။ ဆီပါဝင်မှုနှုန်းမှာ ၂၀ ဖြစ်သည်။ အစေ့အရောင်မှာအဖြူရောင်ဖြစ်သည်။ စပါးအပြီး စိုက်သင့်သောအထွက်ကောင်းမျိုးဖြစ်ပါ သည်။ဖော်ပြပါမျိုးများနှင့် သုတေသနပြုထုတ်ဝေထားသည့် အခြားဒေသအလိုက်ဖြစ်ထွန်းသော မျိုးများကို နိုဝင်ဘာလအတွင်း စိုက်ပျိုးသင့်ကြပါသည်။
မောင်ဖူးဝေ(တောင်တွင်းကြီး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၉-၁၅)ရက်။