menu

စပါးခင်း ပေါင်းရှင်းပေးမည့် “ဝိစာရ”၏ စပါးရွေးချယ်ပေါင်းသတ်ဆေးများ


🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾

✅မြန်မာနိုင်ငံတွင် ရေမြေဒေသအလိုက် ရေရရှိမှုအပေါ်မူတည်၍ စပါးသီးနှံကို တစ်နှစ်ပတ်လည်လုံး စိုက်ပျိုးကြပါသည်။ ထိုသို့စိုက်ပျိုးရာတွင် စပါးအထွက်ကောင်းရရှိစေရေးအတွက် အခြေခံအကျဆုံးမှာ စပါးခင်းများအတွင်း ပေါင်းမြက်ရှင်းလင်းနိုင်ရေးပင်ဖြစ်ပါသည်။ သို့အတွက် စပါးစိုက်ပျိုးနည်းစနစ်၊ စပါးသီးနှံတွင်ပေါက်ရောက်သောပေါင်းအုပ်စုနှင့် စပါးပင်သက်တမ်းများအလိုက် ရွေးချယ်အသုံးပြု ရမည့် ဝိစာရ၏ စပါးရွေးချယ်ပေါင်းသတ်ဆေးများကို တစ်စုတည်းတင်ပြလိုက်ရပါသည်။

၁ ။ အောရိုက် ၇၀ ဒဗလျူပီ

▪️ အစွမ်းရှိပစ္စည်း Fenoxaprop-P-ethyl 13% + Quinclorac 50% + PSE 7% ပါဝင်ပါသည်။

▪️ ထိသေနှင့် ပင်လုံးပြန့် အာနိသင်ရှိပြီး မြက်သီး၊ မြက်ချို၊ ဝမ်းဘဲစာ၊ ဒေါင်းမြီးပျံ၊ လက်သဲခွ၊ မြက်ကြိန်၊ မြက်မုန်ညင်းစိမ်း၊ မှိုနတို၊ ပေါင်းလေးညှင်း၊ ကြိတ်မှန်၊ ပုဇွန်စာ၊ ကတောက်ဆတ်၊ ရေကညွတ်၊ လယ်ပဒူ အပါအဝင် မြက်အုပ်စု၊ ရွက်ပြန့်ပေါင်းအုပ်စု နှင့် မုန်ညင်းအုပ်စုများကို နှိမ်နင်းနိုင်သည်။

▪️ စပါးပင်သက်တမ်း (၁၅ - ၃၅)ရက်အတွင်း အသုံးပြုနိုင်ပါသည်။

၂ ။ ခရက်ဒစ် ၆၀ အိုဒီ

▪️ အစွမ်းရှိပစ္စည်း Cyhalofop Butyl - 5% + Penoxsulam - 1% ပါဝင်ပါသည်။

▪️ တိုက်ရိုက်အစေ့ချ စပါးခင်းများအတွက် ဖော်စပ်ပုံအသစ်ဖြင့် အထူးထုတ်လုပ်ထားပါသည်။

▪️ မြက်သီး၊ ငသယောင်(တက်ကွက်) နှင့် မြက်အမျိုးမျိုး၊ ကျွဲကြောင်မင်စေး၊ လယ်လေးညှင်း၊ လယ်ပဒူ၊ ကတောက်ဆတ်၊ မှိုနတိုနှင့် ရွက်ပြန့်ပေါင်းအမျိုးမျိုး၊ မြက်မုန်ညင်းအမျိုးမျိုးကို နှိမ်နင်းရှင်းလင်း နိုင်သည်။

▪️ စပါးတိုက်ရိုက်အစေ့ချပြီး (၈-၁၂)ရက်အတွင်း ပေါင်းပင်အရွက်(၁-၃)ရွက်ထွက်ချိန်တွင် အသုံးပြုရပါမည်။

၃ ။ ဆိုင်ဟေလို ၁၀ အီးစီ

▪️ အစွမ်းရှိပစ္စည်း Cyhalofop Butyl 10% ပါဝင်ပါသည်။

▪️ ပင်လုံးပြန့်အာနိသင်ရှိပြီး ဒေါင်းမြီးပျံ၊ မြက်သီး၊ ဝမ်းဘဲစာ၊ ငသယောင်(တက်ကွက်)၊ ဆင်ငိုမြက်၊ စပါးရိုင်း၊ မြက်ကြိမ်၊ လက်သဲခွမြက် နှင့် တစ်နှစ်ခံမြက်အမျိုးမျိုးကို နှိမ်နင်းနိုင်ပါသည်။ 

▪️ စပါးပျိုးခင်း၊ အစေ့ချစပါးခင်းနှင့် ရွှေ့ပြောင်းစိုက်စပါးခင်းများအားလုံးတွင် အသုံးပြုနိုင်ပြီး ပြောင်းရွှေ့ စိုက်ခင်းများတွင် စိုက်ပြီး(၁၀-၁၅)ရက်သားအထိ အသုံးပြုနိုင်သည်။ ဒေါင်းမြီးပျံကိုနှိမ်နင်းရန် ဒေါင်းမြီးပျံ အရွက် (၂-၆)ရွက်ရှိချိန်တွင် ပက်ဖျန်းပေးရပါမည်။

၄ ။ ဒီမင်း ၇၂ အီးစီ

▪️ အစွမ်းရှိပစ္စည်း 2,4-D dimethylamine 72%W/V Aqueous solution၊ 2,4-D equivalent 60% W/V ပါဝင်ပါသည်။

▪️ ပင်လုံးပြန့်အာနိသင်ရှိပြီး စပါး၊ ဂျုံ၊ ပြောင်း၊ ဆီအုန်း၊ ရော်ဘာစိုက်ခင်းများတွင်ပေါက်သော မုန်ညင်းမျိုးရင်းဝင် မုန်ညင်းဥနက်နှင့် မြက်မုန်ညင်းစိမ်း၊ မြက်မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေး၊ ဝက်လာ နှင့် ရွက်ပြန့်ပေါင်းမျိုးများဖြစ်သော ဝက်ကျွတ်၊ ကတောက်ဆတ်၊ လယ်ပဒူ၊ ပုဇွန်စာ၊ ပေါင်းလေးညှင်း၊ ဟင်းနုနွယ်ဆူးပေါက်၊ ကြိတ်မှန်၊ မှိုနတို၊ ဗေဒါ၊ ရေကန်ဇွန်း စသည့်ပေါင်းအမျိုးမျိုးကို နှိမ်နင်းနိုင်ပါသည်။

▪️ တိုက်ရိုက်အစေ့ချစပါးခင်းတွင် စပါးအပင်ပေါက်ပြီး(၂၀-၃၅)ရက်သား နှင့် ပျိုးထောင်စိုက်ခင်းတွင် ပြောင်းရွှေ့စိုက်ပြီး (၁၅-၂၀)ရက်သားအတွင်း ပက်ဖျန်းပေးရပါမည်။ 

၅ ။ ဟာဘီ ၇.၅ အီးဒဗလျူ

▪️ အစွမ်းရှိပစ္စည်း Fenoxaprop-P-ethyl 75 g/l ပါဝင်ပါသည်။

▪️ တိုက်ရိုက်အစေ့ချစပါးခင်းနှင့် ရွှေ့ပြောင်းစိုက်စပါးခင်း (၂)မျိုးလုံးတွင်အသုံးပြုနိုင်ပြီး စပါးမျိုးစေ့ချပြီး (သို့) ရွှေ့ပြောင်းစိုက်ပျိုးပြီး (၁၅-၂၅)ရက်သား ပေါင်းပင်အရွက်(၃-၄)ရွက် ထွက်ချိန်တွင် အသုံးပြုနိုင်သည်။ 

▪️ မြက်သီး၊ ဝမ်းဘဲစာ၊ ဒေါင်းမြီးပျံ၊ လက်သဲခွ၊ တက်ကွက်၊ စပါးရိုင်း၊ မြက်ကြိမ်၊ ဝါးရုံမြက်၊ ရေမချိုး (ဖော့မြက်) အစရှိသည့် ပေါင်းမြက်များကို နှိမ်နင်းနိုင်ပါသည်။

၆ ။ နိုက် ၂၀၀ ဒဗလျူပီ

▪️ အစွမ်းရှိပစ္စည်း Chlorimuron ethyl 100g/kg ၊ Metsulfuron methyl 100g/kg ပါဝင်ပါသည်။

▪️ ရွက်ပြန့်ပေါင်းအုပ်စုဝင် ပေါင်းများဖြစ်သော လယ်ပဒူ၊ လယ်လေးညှင်း၊ ရေကညွတ်၊ ကတောက်ဆတ်၊ ပုဇွန်စာ၊ ကနဖော့ နှင့် မြက်မုန်ညင်းမျိုးရင်းဝင် ပေါင်းများဖြစ်သော မြက်မုန်ညင်းအစိမ်း၊ မြက်မုန်ညင်း အဝါ၊ မြက်ကွမ်းသီးလေး၊ ဝက်လာ အစရှိသည့် ပေါင်းများကိုထိရောက်စွာနှိမ်နင်းနိုင်ပါသည်။

▪️ တိုက်ရိုက်အစေ့ချစပါးခင်းနှင့် ရွှေ့ပြောင်းစိုက်စပါးခင်းနှစ်မျိုးစလုံးတွင် အသုံးပြုနိုင်ပြီး စပါးပင် သက်တမ်း(၁၀-၂၅)ရက်သားအတွင်း ပက်ဖျန်းပေးရပါမည်။

၇ ။ ပေါင်းကင်း ၁၀ ဒဗလျူပီ

▪️ အစွမ်းရှိပစ္စည်း Bispyribac sodium 100g/kg ပါဝင်ပါသည်။

▪️ ပင်လုံးပြန့်အာနိသင်ရှိပြီး မျိုးစေ့ချပြီး (သို့မဟုတ်) စပါးစိုက်ပြီး (၁၀-၂၁)ရက်၊ ပေါင်းပင်အရွက် (၂-၃)ရွက်ထွက်ချိန်တွင် ပက်ဖျန်းပေးရပါသည်။

▪️ မြက်သီး၊ ဝမ်းဘဲစာ၊ မြက်မုန်ညင်းအဝါ၊ မြက်မုန်ညင်းအစိမ်း၊ မြက်ကွမ်းသီးလေး၊ တလိုင်းခေါင်း၊ ရေလေးညှင်း၊ ကတောက်ဆတ်၊ လယ်ပဒူပေါင်းများကို ထိရောက်စွာနှိမ်နင်းနိုင်သည်။ အထူးသဖြင့် ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိသော ငသယောင်(တက်ကွက်)ပေါင်းကို ထိရောက်စွာနှိမ်နင်းရန် ထုတ်လုပ်ထားပါသည်။

၈ ။ ပေါင်းရှင်း ၃၀၀ အီးစီ

▪️ အစွမ်းရှိပစ္စည်း Pretilachlor 300g/L , Safener : Fenclorin 100g/L ပါဝင်ပါသည်။ 

▪️ စပါးစိုက်ခင်းအတွင်း ပေါင်းမပေါက်မီပက်ဖျန်းအသုံးပြုရသော (Pre – emergence selective herbicide) စပါးရွေးချယ် ပေါင်းသတ်ဆေးဖြစ်သည်။ 

▪️ တိုက်ရိုက်အစေ့ချစပါးခင်းနှင့် ပြောင်းရွှေ့စိုက် စပါးခင်း နှစ်မျိုးလုံးတွင်အသုံးပြုနိုင်သည်။ စပါးအစေ့ချပြီး (သို့မဟုတ်) ပြောင်းရွှေ့စိုက်ပျိုးပြီး (၁-၄) ရက်အတွင်း (ပေါင်းမပေါက်မီ) တမန်းပြင်ရွှံ့ပျစ်ပျစ်အနေအထားတွင် တမန်းပြင်ကိုပက်ဖျန်းပါ။ တိုက်ရိုက်အစေ့ချပါက စပါးမျိုးစေ့ကို စာပါးစပ်ပြူသည်အထိ အညှောင့်ဖောက်ပြီးမှ မျိုးစေ့ချပါ။ 

၉ ။ ကွင်ဖျူရန် ၄၀ ဒဗလျူပီ 

▪️ အစွမ်းရှိပစ္စည်း Bensulfuron Methyl 6 % + Quinclorac 34 % ပါဝင်ပါသည်။ 

▪️ စပါးမျိုးကြဲပြီး (သို့မဟုတ်) ရွှေ့ပြောင်းစိုက်ပြီး (၁၅-၃၀)ရက် ပေါင်းပင်အရွက် (၃-၄)ရွက် ထွက်ချိန်တွင် ဆေးပက်ဖျန်းပါ။ 

▪️ မှိုနတိုအပါအဝင် ရွက်ပြန့်ပေါင်းများ၊ မုန်ညင်းမြက်အမျိုးမျိုး နှင့် မြက်သီးအပါအဝင် မြက်အမျိုးမျိုးကို နှိမ်နင်းနိုင်ပါသည်။ 

၁၀ ။ ရွှေတိုးပေါင်းရှင်း (စပါးပေါင်းသတ်ဆေး) 

▪️ အစွမ်းရှိပစ္စည်း Pyrazosulfuron-ethyl 00.04% w/w ပါဝင်ပါသည်။ 

▪️ စပါးတိုက်ရိုက်မျိုးစေ့ချပြီး (၇-၁၅)ရက်အတွင်း ပျိုးထောင်စိုက်စပါးခင်းတွင် ပြောင်းရွှေ့စိုက်ပြီး (၇-၁၅) ရက်အတွင်း အသုံးပြုနိုင်ပါသည်။ 

▪️ စပါးခင်းအတွင်း တိုက်ရိုက်ကြဲပက်အသုံးပြုနိုင်ပြီး မြက်မုန်ညင်းအဝါ၊ မြက်မုန်ညင်းအစိမ်း၊ မြက်ကွမ်းသီးလေးစသည့် မြက်မုန်ညင်းအုပ်စုများ နှင့် လယ်ပဒူ၊ ပုဇွန်စာ၊ ကတောက်ဆတ်၊ ပေါင်းလေးညှင်း၊ မှိုနတို စသည့် ရွက်ပြန့်ပေါင်းအုပ်စုများကို နှိမ်နင်းနိုင်ပါသည်။

၁၁ ။ အောက်စီ-စတား ၂၃.၅ အီးစီ 

▪️ အစွမ်းရှိပစ္စည်း Oxyfluorfen 23.5 % ပါဝင်ပါသည်။ 

▪️ တောင်ယာစပါးခင်းရွေးချယ်ပေါင်းသတ်ဆေးဖြစ်၍ ယာစပါးမျိုးစေ့ချပြီး (၁-၂)ရက်အတွင်း ပက်ဖျန်းပေးရပါမည်။ 

▪️ ဆင်ငိုမြက်၊ မြက်ပန်း၊ လက်သဲခွမြက်၊ ကျွဲကြောင်မင်စေး၊ ကရင်မပန်းဖူး၊ ဘောက်ခွေး၊ ကြက်မောက်ရိုင်း၊ မြက်မုန်ညင်းစိမ်း၊ မြက်မုန်ညင်းဝါ နှင့် မုန်ညင်းပေါင်းအမျိုးမျိုးကို နှိမ်နင်းနိုင်ပါသည်။

၁၂ ။ ပေါင်းမင်း ၂၅ အီးစီ 

▪️ အစွမ်းရှိပစ္စည်း Oxadiazon 25% ပါဝင်ပါသည်။ 

▪️ ပင်လုံးပြန့်အာနိသင်ရှိ တောင်ယာစပါးရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။ စပါးတိုက်ရိုက်စိုက် နှင့် တောင်ယာစပါးမျိုးစေ့ချပြီး (၁-၅)ရက်အတွင်း အသုံးပြုနိုင်သည်။ 

▪️ မြက်အုပ်စု၊ မုန်ညင်းအုပ်စု နှင့် ရွက်ပြန့်ပေါင်းအုပ်စုများကို နှိမ်နင်းနိုင်သည်။ 

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾