menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စပါးအရည်အသွေးပေါ် အစိုဓာတ်၏ ချုပ်ကိုင်နေမှုကို ဖယ်ရှားရန် စီမံခြင်း
🔸သီးနှံများ၏အရည်အသွေးကို ရင့်မှည့်၊ ရိတ်သိမ်း၊ ခြွေလှေ့စဉ်က မူလပါလာသည့်အရည်အသွေးကောင်းအတိုင်း ကာလကြာရှည်စွာ သိုလှောင်၊ ကြိတ်ခွဲ၊ရောင်းဝယ်ဖောက်ကားသည်အထိ ထိန်းထားနိုင်ရန် လိုအပ်သည်။ သို့မှသာ မိမိသီးနှံသည် အရည်အသွေးစံချိန်မီနေ၍ ဈေးကွက်တွင် ဈေးကောင်းရ မျက်နှာပန်းလှမည်ဖြစ်သည်။သီးနှံများကို အရည်အသွေးကျစေနိုင်သော အကြောင်းအချက်များစွာ ရှိပါသည်။ ၎င်းတို့အနက် သီးနှံအစေ့အဆန်များအတွင်း ပါဝင်နေသော အစိုဓာတ်သည်အရည်အသွေးကျဆင်းမှုရော၊ သီးနှံထုထည်ပမာဏ လျော့ပါးမှုပါ ထိခိုက်စေပါသည်။
🔸သီးနှံများရင့်မှည့်၍ ရိတ်သိမ်းခြွေလှေ့ပြီးသောအခါ သီးနှံအစေ့အဆန်များအတွင်း အစိုဓာတ်သုံးမျိုး ပါရှိလာပါသည်။ (၁) ဖွဲ့စည်းထားသောရေ၊ ၎င်းရေသည်ဓာတ်ပစ္စည်းများပါဝင်သဖြင့် ထုတ်ယူရန်ခက်ခဲသည်။ မျိုးစေ့ကို ခြေမွှဖျက်ဆီး၍ အခြောက်ခံမှသာ ရေများ အငွေ့ပြန်ထွက်လာပါသည်။ (၂) စုပ်ယူထားသောရေ၊ ၎င်းရေသည် ဖွဲ့စည်းထားသောရေ၏ အပေါ်လွှာတွင်တည်ရှိပြီး ဟိုက်ဒရော့ဆိုဒ်နှင့်အေမိုက်များပါဝင်သည်။ ၎င်းရေသည် အပူချိန်ကိုမြှင့်၍ ထုတ်ပစ်ပါကရသည်။ (၃) ကင်းလွတ်နေသောရေ၊ ၎င်းရေသည် တစ်ရှူးများအကြား လွတ်လပ်စွာတည်ရှိနေပါသည်။ အခြောက်လှန်းရာတွင် အပူချိန်အနည်းငယ်ဖြင့် လွယ်လွယ်ထုတ်ပစ်နိုင်သည်။ ၎င်းရေသည် သိုလှောင်ရာတွင် အန္တရာယ်ပေးနိုင်သဖြင့် ပြောင်စင်အောင်ထုတ်ပစ်ရန် သတိပြုသင့်သည်။
🔸သီးနှံများ၏အရည်အသွေးကို အစိုဓာတ်က ချုပ်ကိုင်ထားပါသည်။ သို့အတွက်သီးနှံများ၏ အရည်အသွေးမကျဆင်းစေရေးအတွက် အဆိုပါအစိုဓာတ်များကို သတ်မှတ်အစိုဓာတ်ရရှိသည်အထိ ဖယ်ရှားပစ်ရန် လိုအပ်သည်။ အစိုဓာတ်ကို ဖယ်ရှားရာတွင် နည်းလမ်းနှစ်သွယ်ဖြင့် ဖယ်ရှားကြသည်။ (၁) မိရိုးဖလာနည်းဖြစ်သည့် နေလှန်းဖယ်ရှားနည်း၊ (၂) ခေတ်မီအခြောက်ခံစက်ကြီးများဖြင့် လိုအပ်သည့်အပူချိန်ကို ထိန်းညှိ၍ဖယ်ရှားခြင်းဖြစ်သည်။
🔸နေဖြင့်လှန်းရာတွင်စပါးစေ့တိုင်း ခြောက်သွေ့မှုမညီနိုင်သဖြင့် အစိုဓာတ်ပါဝင်မှုလည်း မညီနိုင်ပါ။ သို့အတွက် ဆန်ကြိတ်လျှင် ဆန်ကောင်းအပြည့်အဝရရှိရန် ခဲယဉ်းပါသည်။ စက်ဖြင့်အခြောက်လှန်းလျှင် စပါးစေ့တိုင်း ခြောက်သွေ့မှု၊ အစိုဓာတ်ပါဝင်မှုအညီအမျှ ရှိသဖြင့်အဆင့်အတန်းမြင့်ဆန်ကောင်းကို ရရှိရန်သေချာပါသည်။ဆန်စပါးအတွင်း ပါဝင်နေသော အစိုဓာတ်သည် အရောင်းအဝယ်ကိစ္စတွင် ပစ္စည်း၏တန်ဖိုး သတ်မှတ်ရာ၌ ဆုံးဖြတ်ချက်ပေးသည့်အချက် ဖြစ်သည်။ ဆန်စပါး၏ အစိုဓာတ်ကို ကောင်းစွာဖယ်ရှားပြီးအခြောက်လှန်းထားပါက ရောင်းသူ လယ်သမားများဘက်က တစ်ပန်းသာစေပါသည်။
🔸ဆန်စပါးအတွင်း ပါဝင်နေသောအစိုဓာတ်သည် ဆန်စပါး၏ အရည်အသွေးဆုံးရှုံးမှုပမာဏရော၊ ထုထည်ဆုံးရှုံးမှုပမာဏပါ ထိခိုက်ခံစားရစေသည်။ ဥပမာ-ဆန်စပါးအတွင်း အစိုဓာတ် တစ်ရာခိုင်နှုန်းပိုမိုပါရှိနေသော စပါးတင်း ၁၀၀၀၀ ကိုအခြောက်ခံပါက တစ်ရာခိုင်နှုန်း၏ အစိုဓာတ်အတွက် အလျော့တွက်သည် တင်း၁၀၀ ဖြစ်ပါသည်။ ငွေတန်ဖိုးအားဖြင့် ကျပ်ငွေလေးသိန်း၊ ငါးသိန်းခန့် လျော့သွားခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းအစိုဓာတ်ကြောင့်ဆန်စပါးမှိုတက်၊ ဆန်ရောင်ပျက်၊ ဆန်သားအက်၊ ပိုးမွှားကျ ဖြစ်စေပါသည်။
🔸သီးနှံများ ရင့်မှည့်ရိတ်သိမ်းချိန်တွင်သဘာဝအလျောက် အစိုဓာတ်များပါလာပါသည်။ စပါးသီးနှံတွင် ၂၀-၂၅ ရာခိုင်နှုန်း၊ပြောင်းသီးနှံတွင် ၃၀-၃၅ ရာခိုင်နှုန်း၊ ဆီထွက်သီးနှံများတွင် ၂၀-၂၅ ရာခိုင်နှုန်း၊ ပဲမျိုးစုံသီးနှံတွင် ၂၀ ရာခိုင်နှုန်း၊ ဂျုံသီးနှံတွင် ၂၀-၂၅ ရာခိုင်နှုန်း ပါဝင်လာကြပါသည်။ဤသို့ပါဝင်လာသော အစိုဓာတ်များကိုသတ်မှတ်အစိုဓာတ်ရောက်ရှိအောင် မဖယ်ရှားနိုင်ပါက သီးနှံအရည်အသွေးကို ကျစေပါသည်။စပါးသီးနှံကို အစိုဓာတ် ၁၃-၁၄ ရာခိုင်နှုန်းအထိ၊ ပြောင်းသီးနှံကို အစိုဓာတ်၁၀-၁၂ ရာခိုင်နှုန်းအထိ၊ ဆီထွက်သီးနှံများကို ၈-၁၀ ရာခိုင်နှုန်းအထိ၊ ပဲမျိုးစုံသီးနှံများကို ၁၀-၁၂ ရာခိုင်နှုန်းအထိ၊ ဂျုံသီးနှံကို ၁၀-၁၂ ရာခိုင်နှုန်းအထိ အစိုဓာတ်ရောက်ရှိအောင် အခြောက်လှန်းပြီး ဖယ်ရှားပစ်ရန်လိုပါသည်။
🔸စပါးသီးနှံသည် ရိတ်သိမ်းခြွေလှေ့ပြီးလျှင် သဘာဝအလျောက် တစ်နေ့လျှင် အစိုဓာတ် ၁ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျနေသည်ဟု ဆိုပါသည်။ သို့သော် သတ်မှတ်သည့်အစိုဓာတ်ရာခိုင်နှုန်းအထိ ကျအောင် ရက်များစွာ စောင့်ဆိုင်းရပါမည်။ စပါးရိတ်သိမ်းခြွေလှေ့ပြီးလျှင် တစ်ရက်အတွင်း အစိုဓာတ် ၁၈ ရာခိုင်နှုန်းအထိကျအောင်၊ နှစ်ရက်အတွင်း အစိုဓာတ် ၁၃-၁၄ ရာခိုင်နှုန်းအထိကျအောင် အခြောက်လှန်းနိုင်ပါက ဆန်အရည်အသွေးကောင်းရသည်ဟုဆိုပါသည်။ ရေဆင်းစိုက်ပျိုးရေးသုတေသနဌာန၏ တွေ့ရှိချက်အရ ဆန်ထွက် ၆၅ ရာခိုင်နှုန်းနှင့် ဆန်ကောင်း ၅၅ ရာခိုင်နှုန်းအထိ ရရှိသည်ဟု ဆိုပါသည်။
🔸ဆန်စပါး၏ ပါဝင်လာသော အစိုဓာတ်သည် ဆန်စပါး၏ လုပ်ငန်းစဉ် (Supply Chain)တစ်ခုလုံးရှိ ကွင်းဆက်တစ်ခုချင်းမှာပင် အကျိုးသက်ရောက်မှုရှိပါသည်။ ရိတ်သိမ်းချိန် မမှန်ကန်ပါက စောရိတ်သိမ်းမိလျှင် အစိုဓာတ်များပြီး အပူလောင်၊ မှိုတက်၊ ဆန်ရောင်ပျက်၊ ဆန်သားအက်၊ ဆန်ထွက်နှုန်းကျ၍ အလေအလွင့်များစေပါသည်။ နောက်ကျရိတ်မိပါက ဆန်သားအက်၍ အကျိုးအကြေများစေပါသည်။အခြောက်လှန်းချိန်တွင် စနစ်တကျ အခြောက်မလှန်းသဖြင့် အစိုဓာတ်များနေပါက ဆန်စပါးအရည်အသွေးကျ၍ ဆန်ထွက်နှုန်း ထိခိုက်စေပါသည်။ သိုလှောင်ချိန်တွင် အစိုဓာတ်များနေပါက အရည်အသွေးကျဆင်းမှု မြန်ဆန်စေပါသည်။ ဆန်စပါးသိုလှောင်စဉ်တွင် ပါဝင်လာသော အစိုဓာတ်သည် အလွန်အရေးကြီးပါသည်။
🔸ဆန်စပါးသည် ပတ်ဝန်းကျင်လေထုအတွင်းရှိ ရေခိုးရေငွေ့များကို ပြန်လည်စုပ်ယူခြင်း၊ ထုတ်ပစ်ခြင်း ပြုလုပ်နိုင်သောသတ္တိ (Hygroscopic Action)ရှိပါသည်။ ဆန်စပါးအရည်အသွေးပေါ် များစွာသက်ရောက်မှု ရှိစေနိုင်သောအချက် ဖြစ်ပါသည်။ စပါးသိုလှောင်ထားစဉ် စိုထိုင်းဆ ၅၀ ရာခိုင်နှုန်းအထက်ရှိပါက အင်းဆက်ဖျက်ပိုးလှုပ်ရှားမှု များစေ၊မြန်စေနိုင်ပါသည်။ စိုထိုင်းဆ ၅၀ ရာခိုင်နှုန်းအောက်ကျပါကလှုပ်ရှားမှုနည်းစေပါသည်။ စိုထိုင်းဆ ၃၅ ရာခိုင်နှုန်းအောက် နိမ့်သွားပါကလှုပ်ရှားမှုရပ်ဆိုင်းသွားစေပါသည်။ သိုလှောင်စဉ်အတွင်း အစိုဓာတ်သည် ဆန်စပါးအရည်အသွေးကို အဓိကချုပ်ကိုင်နေသောအချက် ဖြစ်ပါသည်။
🔸ဆန်စပါးကို သိုလှောင်ရာတွင် သတိပြုရမည့်အချက်မှာ အဖျင်း၊ အမှော်၊ အမှိုက်၊ဖုန်၊ ခဲ၊ သဲ ပြောင်စင်အောင်သန့်စင်ခြင်းပင် ဖြစ်သည်။ ပြောင်စင်အောင် သန့်စင်ခြင်းမပြုလုပ်ဘဲ သိုလှောင်မိပါက ဆန်စပါးကို မည်သို့ပင် စိတ်ကြိုက်အခြောက်လှန်း၍ အစိုဓာတ်ကို ဖယ်ရှားစေကာမူ ဆန်စပါးနှင့် ရောနှောပါဝင်နေသည့် အဖျင်း၊အမှော်၊ အမှိုက်၊ ဖုန်၊ ခဲ၊ သဲ များတွင်ပါဝင်နေသည့်အစိုဓာတ်၏ ဒုက္ခပေးမှုကြောင့် ဆန်စပါးအရည် အသွေးကို ကျဆင်းသွားစေပါသည်။ ဆန်စပါး၏အစိုဓာတ်ကို ဖယ်ရှားရန်နေဖြင့်ဖြစ်စေ၊ စက်ဖြင့်ဖြစ်စေ အခြောက်လှန်းပါက အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်လျှင် အခြောက်မလှန်းသင့်ပါ။
🔸တောင်သူလယ်သမားကြီးများသည်အစိုဓာတ်ကိုဖယ်ရှားရန် နေအပူချိန်ဖြင့်အခြောက်လှန်းရာတွင် နေ့လယ် နေပြင်းပြင်းပူချိန်တွင် တောက်လျှောက်လှန်းနေသဖြင့် ၎င်းင်းအချိန်တွင် စပါးစေ့ပေါ်သို့ တိုက်ရိုက်ကျရောက်သော အပူချိန်သည် ၆၅ ဒီဂရီစင်တီဂရိတ်ခန့်ရှိသဖြင့် စပါးစေ့လောင်ကျွမ်းပြီး ဆန်သားအက်ကြောင်း ဖြစ်ပေါ်စေပါသည်။ ဆန်ကြိတ်လျှင် ဆန်ကွဲများသာ ထွက်လာမည် ဖြစ်ပါသည်။ သို့အတွက်ဆန်စပါးကို မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အခြောက်လှန်းပြီး နေ့လယ်နေပြင်းချိန်ကို ရှောင်သင့်ပါသည်။ဆန်စပါးအရည်အသွေး ကောင်းစေရန် အစိုဓာတ်ဖယ်ရှားခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ရိတ်သိမ်းခြင်း၊ အခြောက်လှန်းခြင်း၊ ခေတ္တသိုလှောင်ခြင်း လုပ်ငန်းများတွင် သတ်မှတ်အစိုဓာတ်ရရှိစေရန်တောင်သူ လယ်သမားကြီးများက ဂရုပြုဆောင်ရွက်ရန်ဖြစ်သည်။
🔸သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း လုပ်ငန်းများတွင် သတ်မှတ်အစိုဓာတ်ရရှိစေရန် ဆန်စက်ပိုင်ရှင်ကြီးများနှင့် ကုန်သည် ကြီးများက ဂရုပြုဆောင်ရွက်ရန်ဖြစ်သည်။ယခုအခါ မြန်မာနိုင်ငံသည် ပြည်ပသို့ ဆန်တင်ပို့ရန် ကမ္ဘာ့ဈေးကွက်တွင် အခြားနိုင်ငံများနှင့် ဈေးကွက်ယှဉ် ရင်ပေါင်တန်း၍ ဝင်တိုးနေရချိန်တွင် မိမိနိုင်ငံက အရည်အသွေးကောင်းဆန်များ ရရှိစေရန် အစိုဓာတ်ကို အထူးသတိပြု ဖယ်ရှားရမည်မှာမလွဲမသွေလုပ်ဆောင်ရမည့်လုပ်ငန်း ဖြစ်ပါသည်။
- အောင်ဆန်း(စိုက်ပျိုးရေး)
- မြန်မာတောင်သူကြီးများဂျာနယ်