menu

စပါးအထွက်တိုးရေးအတွက် "မော်နီတာ ဂျစ်ပ်ဆမ်" ၏ အရေးပါမှု


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

▶️စပါးပင်ရှင်သန်ကြီးထွား အထွက်များစေရန်အတွက် အာဟာရဓာတ် (၁၆) မျိုး လိုအပ်ပါသည်။ ၎င်းတို့ထဲတွင် ကန့်ဓာတ် နှင့် ဆာလ်ဖာဓာတ်သည် ဒုတိယအများလိုအာဟာရဓာတ်အနေနှင့် ပါဝင်သည်။ ၎င်းဓာတ်များချို့တဲ့မည်ဆိုပါက အပင်ကြီးထွား ရှင်သန်မှု နှင့် အထွက်နှုန်းကို များစွာ အကျိုးသက်ရောက်မှုရှိသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ လယ်မြေတော်တော်များများတွင် ကန့်ဓာတ်ချို့တဲ့တာ များလေ့ရှိပါသည်။ တခါတစ်ရံ စပါးခင်းကို နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်ဓာတ်များ လုံလောက်အောင်ကျွေးသော်လည်း ကန့်ဓာတ်ချို့တဲ့လျင် စပါးအထွက်ဟာ မတက်ဘဲ တန့်နေတတ်ပါသည်။ 

▶️ကမ္ဘာအရပ်ရပ်ရှိ စိုက်ပျိုးမြေများတွင် သီးနှံအမျိုးမျိုး စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာမှ ဆာလ်ဖာဓာတ်များ နှစ်စဉ်ကုန်ဆုံးလျက်ရှိရာ ထိုကုန်ဆုံးသွာသော ဆာလ်ဖာများနေရာတွင် အသစ်အသစ်သောဆာလ်ဖာ များ ပြန်ထည့်ပေးရန် လိုအပ်ပါသည်။ ကန့်ဓာတ်သည် စပါးရွက်များ စိမ်းလန်းခြင်း၊ အစာချက်လုပ်အား ကောင်းစေခြင်း၊ ပင်ပွားကောင်းစေခြင်း၊ အနှံများပြည့်ဝစေခြင်း၊ အောင်စေ့အရေအတွက်များစေခြင်း၊ ရင့်မှည့်ချိန်ညီညာစေခြင်း၊ ကလိုရိုဖီးလ် မော်လီကျူးများ နှင့် အရေးကြီးအင်ဇိုင်းများပေါင်းစပ်ပေးခြင်း၊ ဟော်မုန်းများလှုပ်ရှားမှုကို ပံပိုးကူညီ ပေးခြင်း၊ အင်ဇိုင်းများကို နှိုးဆွပေးခြင်း စသည့်အကျိုးတရားများကို ဖြစ်စေပါသည်။ 

▶️ထို့အတူ ကယ်လ်ဆီယမ်(ထုံး)ဓါတ်သည် မြေချဉ်ဖြစ်ပေါ်ခြင်းကို ကုစားနိုင်ခြင်း၊ မြေချဉ်မှုကြောင့် သီးနှံပင်များအပေါ် အာဟာရဓာတ်များအဆိပ်သင့်ခြင်းမှ ကင်းလွတ်စေခြင်း၊ သီးနှံပင်များအတွက် လိုအပ်သော အာဟာရဓာတ်များ ချို့တဲ့မှုဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေခြင်း စသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးသည်။ သို့ဖြစ်ရာ စပါးသီးနှံတွင် ကယ်လ်ဆီယမ်(ထုံး)ဓါတ် ထည့်သွင်းပေးခြင်းဖြင့် မြေချဉ်စေမှုလျော့ပါးပြီး အဆိပ်သင့်ခြင်းမှကင်းလွတ်စေကာ၊ အာဟာရချို့တဲ့မှုကို ကုစားနိုင်သဖြင့် စပါးပင်များ အာဟာရပြည့်စုံလုံလောက်စွာစားသုံးရပြီး အထွက်များအကျိုးပွားစေမှာဖြစ်ပါသည်။

▶️သို့ဖြစ်ရာ ဦးကြီးတို့၏စပါးခင်းများ စိမ်းလန်းသန်စွမ်း၍ အထွက်ကောင်းရရှိနိုင်စေရန် ကယ်လ်ဆီယမ် (ထုံး)ဓါတ် နှင့် ဆာလ်ဖာ(ကန့်) ဓါတ် ပါဝင်သော ဝိစာရ၏ “မော်နီတာ ဂျစ်ပ်ဆမ်” ကျောက်မှုန့် မြေဩဇာကို ထည့်သွင်းအသုံးပြုပေးရပါမည်။

▶️“မော်နီတာ ဂျစ်ပ်ဆမ်” ကျောက်မှုန့် မြေဩဇာတွင် ကယ်လ်ဆီယမ် (ထုံး)ဓါတ် ၂၄% နှင့် ဆာလ်ဖာ(ကန့်) ဓါတ် ၁၇% အပြည့်အဝ ပါဝင်ပါသည်။ မြေဆီလွှာ၏ဖွဲ့စည်းပုံကို ပြုပြင်ပေးနိုင်သော မြေပြုပြင်သဘာဝ ကျောက်မှုန့် ဖြစ်သည်။ ထို့အပြင် အပင်ဆဲလ်နံရံများ တောင့်တင်းခိုင်မာစေရန်အတွက် ဆောင်ရွက်ပေးပြီး စပါးပင်အမြစ်ထိပ်ဖျားများသန်မာစေရန်အတွက်လည်း လုပ်ဆောင်ပေးပါသည်။

▶️“ဂျစ်ပ်ဆမ်ကျောက်မှုန့်”သည် အပင်များအတွက် အာဟာရဓာတ်ကို ထောက်ပံ့ပေးရုံမျှမက အပင်အတွက်ထည့်သွင်းပေးထားသော နိုက်ထရိုဂျင်ဓါတ်ကို အပင်ကကြာရှည်စွာစားသုံးနိုင်ရန် ထိန်းထားပေးနိုင်သည့်အတွက် နိုက်ထရိုဂျင်ဓါတ်များ လေလွင့်ဆုံးရှုံးမှုကို လျော့နည်းစေပါသည်။

▶️"ဂျစ်ပ်ဆမ်ကျောက်မှုန့်" သည် ရွှံ့မြေများ၊ ဆားပေါက်မြေများ၏ မြေဆီလွှာဂုဏ်သတ္တိကို ပြန်လည်ကောင်းမွန် လာစေသည့်အပြင် မြေအက်ကွဲမှုကို သက်သာစေပြီး၊ စိုက်ပျိုးသီးနှံများ၏ အပင်ပေါက်နှုန်းကိုလည်း ကောင်းမွန်စေနိုင်ပါသည်။

▶️သံဓာတ်အဆိပ်သင့်မှုကြောင့် စပါးနီတိုဖြစ်သော စပါးခင်းများတွင် “မော်နီတာ ဂျစ်ပ်ဆမ်” ကျောက်မှုန့် ကို ပိုတက်ရှ်မြေဩဇာနှင့်တွဲဖက်၍ အသုံးပြုပေးခြင်းဖြင့် သံဆိပ်သင့်မှုကို သက်သာပျောက်ကင်း စေနိုင်ပါသည်။ စိုက်ပျိုးမြေတွင် အချဉ်ဓါတ်များနေပါက စိုက်ပျိုးသီးနှံများတွင် အလူမီနီယမ်ဓါတ် အဆိပ်သင့်မှုကို ဖြစ်စေနိုင်သည်။ “ဂျစ်ပ်ဆမ်ကျောက်မှုန့်”ထည့်ပေးခြင်းဖြင့် သီးနှံပင်များ အလူမီနီယမ်ဓါတ် အဆိပ်သင့်မှုကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

▶️ဂျစ်ပ်ဆမ်ကျောက်မှုန့်သည် မြေမှုန်အချင်းချင်း တွယ်ကပ်မှုကို ပိုမိုအားကောင်းစေသည့်အတွက် မြေဆီလွှာများ ရေနှင့်အတူမျောပါမှုကိုလျော့နည်းစေပါသည်။ ထို့အပြင် ထည့်သွင်းလိုက်သော မြေဩဇာများကိုလည်း မြေဆီလွှာနှင့်အတူ ထိန်းထားပေးနိုင်သည့်အတွက် မြေဩဇာများလေလွင့် ဆုံးရှုံးမှုကို လျော့နည်းစေပါသည်။

▶️"မော်နီတာ ဂျစ်ပ်ဆမ်"ကျောက်မှုန့်ကို အသုံးပြုရန်နှုန်းထားမှာ တစ်ဧကလျှင် (၅၀-၁၀၀)ကီလိုဂရမ် အထိဖြစ်ပြီး သီးနှံပင်၏ အနည်းလို အာဟာရလိုအပ်ချက် နှင့် မြေချဥ်ငံကိန်းအလိုက် အသုံးပြုနိုင်ပါသည်။

▶️ထို့ကြောင့် မိုးရာသီ စပါးခင်းများတွင် "မော်နီတာ ဂျစ်ပ်ဆမ်"ကျောက်မှုန့်ကို ကြဲပက်အသုံးပြုခြင်းဖြင့် အရည်အသွေးမြင့်မား၍ အထွက်နှုန်းကောင်းသော စပါးခင်းများကိုရရှိနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾