menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စပါးအထွက်တိုးစေရန် မြေဩဇာ စနစ်တကျသုံးစွဲပါ
✅စပါးအထွက်တိုးစေရန် မြေဩဇာ စနစ်တကျသုံးစွဲပါ✅
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
▪️ ယခုအချိန်ကာလတွင် မိုးစပါးကို ဒေသအတော်များများတွင်စိုက်ပျိုးပြီးဖြစ်ပါသည်။ ထိုသို့စိုက်ပျိုးပြီးမိုးစပါးများ အထွက်ကောင်းရရှိရေးအတွက် ကဏ္ဍအလိုက်နည်းလမ်းကောင်းများဖြင့်ရွေးချယ်ဆောင်ရွက်နေကြရပါသည်။
▪️စပါးအထွက်နှုန်း အမြင့်မားဆုံးရရှိရန် နည်းလမ်းကောင်းများဖြင့် ဆောင်ရွက်ရာတွင် ဓာတ်မြေဩဇာ အသုံးပြုမှုသည် အရေးပါလှပါသည်။
▪️ထို့ကြောင့် မိုးစပါး စိုက်ပျိုးထုတ်လုပ်ရာတွင် စပါးသက်တမ်းအလိုက် တစ်ဧကတွင်အသုံးပြုရမည့် ဝိစာရ ဓာတ်မြေဩဇာများကို ရွေးချယ်တင်ပြလိုက်ပါသည်။ ( ၁ ) မြေခံတွင် ဝိစာရကွန်ပေါင်း ၁၅ပတ်လည်မြေဩဇာတစ်အိတ် (သို့မဟုတ်) ၁၆: ၁၆: ၈ + ၁၂ ဆာလ်ဖာ အထွက်တိုးကွန်ပေါင်းတစ်အိတ်နှုန်း နှင့် မော်နီတာဂျစ်ပ်ဆမ် (၁)အိတ်နှုန်း ရောစပ်၍ ထည့်သွင်းအသုံးပြုပါ။ ( ၂ ) စပါးပင် (၂၅-၃၅)ရက်သက်တမ်းအတွင်း ပင်ပွားလှိုင်လှိုင်ထွက်ချိန်တွင် မိုးပုလဲ မြေဩဇာအိတ် သုံးပုံတစ်ပုံ(သို့မဟုတ်) ၁၇: ၈: ၈ + ၁၅ဆာလ်ဖာ ရွှေတိုးကွန်ပေါင်းမြေဩဇာ အိတ်တစ်ဝက်နှုန်း ထည့်သွင်း ပေးပါ။ ( ၃ ) အနှံသန္ဓေလောင်းဖြစ်တည်ချိန် (မှို့ကပ်ချိန်)တွင် ၁၉: ၉: ၁၉ ပတ်ကားမြေဩဇာ အိတ်တစ်ဝက် (သို့မဟုတ်) ၁၆ပတ်လည် ဇီလီယန်အထွက်တိုးမြေဩဇာ အိတ်တစ်ဝက်နှုန်း ထည့်သွင်းအသုံးပြုပါ။ ( ၄ ) စပါးပင် အလံရွက်စထွက်ချိန် (သို့မဟုတ်) ဖုံးတုန်းလုံးတုန်းအချိန်တွင် အောင်နှံဝေအထွက်တိုး ဓာတ်မြေဩဇာ အိတ်တစ်စိတ်နှုန်း + ဘက်စ်ကေ မြေဩဇာအိတ်တစ်စိတ်နှုန်း ရောစပ်၍ထည့်သွင်း အသုံးပြုပေးရန်ဖြစ်ပါသည်။
▪️ဝိစာရ၏တောင်သူဦးကြီးများအားလုံး ပိုးမွှား ရောဂါကင်းစင်ပြီး စိမ်းလန်း သန်စွမ်းသည့် စပါးခင်းများ ပိုင်ဆိုင်နိုင်ကြပါစေ။
🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰