menu

စပါးခင်းထဲက ဂုတ်ကျိုးရောဂါ "ပိုင်ရီဆိုက်" ကိုသုံးစွဲပါ .....


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

⏩စပါးသီးနှံကို အထွက်လျော့စေနိုင်သည့် စပါးရောဂါများတွင် “စပါးဂုတ်ကျိုး” ရောဂါ အပါအဝင်ဖြစ်ရာ စပါးဂုတ်ကျိုးရောဂါအကြောင်း နှင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ရန်နည်းလမ်းများကို ဗဟုသုတ အဖြစ်ရေးသားတင်ပြလိုက်ရပါသည်။

⏩စပါးဂုတ်ကျိုးရောဂါ လက္ခဏာမှာ စပါးရွက်ပေါ်တွင် လွန်းပုံသဏ္ဌာန်ရှိသော ရောဂါကွက်များ တွေ့ရသည်။ ရောဂါကွက်များကြီးခဲ့လျှင် အလယ်တွင် မီးခိုးရောင်အကွက်များဖြစ်ပေါ်တတ်သည်။ ခံနိုင်ရည်မရှိသော စပါးမျိုးများတွင် ရောဂါကွက်တစ်ခုနှင့်တစ်ခုဆက်သွားပြီး စပါးရွက်များ သေသွားတတ်သည်။ အနှံနှင့် ပင်စည်အဆစ်များတွင်လည်း ရောဂါကျရောက်တတ်ပြီး အနှံတွင် ရောဂါဝင်ရောက်ပါက ဂုတ်တွင် အညိုရောင်အကွက်များ ဖြစ်ပေါ်ပြီး ကျိုးကျတတ်သဖြင့် “ဂုတ်ကျိုးရောဂါ”ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ပင်စည်အဆစ်တွင် ကျရောက်ပါက ကြွက်ဖျက်ဆီးသည့် လက္ခဏာနှင့် မှားယွင်းတတ်ပါသည်။

⏩နို့ရည်မတည်ခင် ရောဂါကျရောက်ပါက နို့ရည်ဆက်တည်နိုင်ခြင်းမရှိတော့ပါ။ အဆန်မတည်သော အနှံတို့မှာ စပါးရင့်မှည့်ချိန်မတိုင်မီကပင် ဖြူဖွေးထောင်မတ်လျက်ရှိကြသည်။ ၄င်းလက္ခဏာသည် စပါးဆစ်ပိုးဖျက်ဆီးသည့်လက္ခဏာ၊ စပါးရွက်ဖုံးခြောက်ရောဂါကြောင့်ဖြစ်သော လက္ခဏာများနှင့် မှားယွင်းတတ်ပါသည်။ စပါးဂုတ်ကျိုးရောဂါသည် အခြားဆစ်ပိုး၊ ကြွက်နှင့် စပါးရွက်ဖုံးခြောက်ရောဂါ လက္ခဏာများနှင့် မှားယွင်းတတ်သော်လည်း စပါးဂုတ်ကျိုးရောဂါ၏ အထင်ရှားဆုံးလက္ခဏာများ ဖြစ်သည့် အရွက်တွင် လွန်းပုံသဏ္ဌာန်ရွက်ပြောက်များ ဖြစ်ပေါ်ခြင်းနှင့် အနှံအောက်အဆစ် (စပါးနှံဂုတ်)တွင် အညိုရောင်အကွက်များဖြစ်ပေါ်ပြီး ကျိုးကျသည့်လက္ခဏာများကို ထောက်ရှု၍ တိကျစွာခွဲခြားနိုင်ကြပါသည်။

⏩အပူချိန်ပြောင်းလဲမှုနည်းသော အပူပိုင်းဒေသများတွင် လေထု၏စိုထိုင်းမှုနှင့် နှင်းစက်နှင်းပေါက် ဖြစ်ပေါ်မှုတို့သည် ရောဂါတိုးလာစေသောအဓိက အကြောင်းရင်းများဖြစ်သည်။ ထို့ပြင် မှိုစပိုးများသည် တစ်နေရာမှတစ်နေရာသို့ လေဖြင့်ပျံ့လွင့်၍ ရောဂါကူးစက်ပြန့်ပွားစေသည်။ သွင်းရေထုတ်ရေများမှ တစ်ဆင့်လည်းပျံ့နှံ့နိုင်သည်။ ၎င်းမှိုသည် စပါးစေ့၏ သန္ဓေလောင်း၊ အစေ့တွင်းစာ နှင့် စပါးခွံများတွင် လည်း ခိုအောင်းနိုင်သည်။

🔸စပါးဂုတ်ကျိုးရောဂါကို ကာကွယ်နှိမ်နင်းရန်နည်းလမ်းများမှာ နိုက်ထရိုဂျင်မြေဩဇာကို တစ်ကြိမ်တည်းများပြားစွာထည့်ပေးခြင်းသည် ရောဂါကိုအားပေးရာရောက်ပြီး အကြိမ်ကြိမ်ခွဲ၍ထည့်ပေးခြင်းဖြင့် ရောဂါကျရောက်မှုကို သက်သာစေနိုင်သည်။ ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။ နွေစပါးစိုက်ခင်းတွင် ရေအမြဲရှိနေရန်ဆောင်ရွက်ပါ။ ရောဂါရလက်ခံပင်များ၊ ပေါင်းမြက်များကို ရှင်းလင်းပါ။ အပင်စိပ်စိပ်စိုက်ခြင်းကိုရှောင်ပါ။ ဂုတ်ကျိုးရောဂါ ဖြစ်ထွန်းမှုကိုအားပေးသော အပူချိန် ရှိသည့်လကိုရှောင်နိုင်ရန် စိုက်ပျိုးချိန်ကို ဂရုပြု၍ စိုက်ပျိုးပါ။

🔸စပါးဂုတ်ကျိုးရောဂါကို ဓာတုနည်းဖြင့်ကာကွယ်နှိမ်နင်းရန် ဝိစာရ၏ “ပိုင်ရီဆိုက် ၄၀ အက်စ်စီ” ဆေးကို အသုံးပြုပေးရပါမည်။ “ပိုင်ရီဆိုက်” တွင် Tricyclazole 40% ပါဝင်ပြီး စပါးဂုတ်ကျိုးရောဂါကို ကာကွယ် ကုသနိုင်သည့် ပင်လုံးပြန့်မှိုသတ်ဆေးဖြစ်သည်။

🔸“ပိုင်ရီဆိုက်”ကို စပါးသီးနှံသက်တမ်း အဆင့်တိုင်းတွင် အသုံးပြုနိုင်ပြီး အရွက်၊ ပင်စည်၊ အကိုင်းအခက် နှင့် စပါးနှံများတွင် ကျရောက်သော ဂုတ်ကျိုးရောဂါအဆင့်တိုင်းကို ကာကွယ်ကုသနိုင်သည်။ “ပိုင်ရီဆိုက်” ကို မျိုးစေ့ဖြင့်လူးနယ်စိုက်ပျိုးခြင်း၊ ပျိုးပင်ငယ်၏ အမြစ်ကိုဆေးရည်စိမ်စိုက်ပျိုးခြင်းနှင့် အပင်ပေါ်ဖျန်းခြင်းနည်းလမ်းများဖြင့် အသုံးပြုနိုင်ပါသည်။ 

🔸အသုံးပြုရန်ဆေးနှုန်းထားမှာ ဆေးဖျန်းပုံးတစ်ပုံးလျှင် “ပိုင်ရီဆိုက်” (၄၀-၆၀)စီစီနှုန်းဖြင့် တစ်ဧကလျှင် (၂၀၀-၃၀၀)စီစီနှုန်း ပက်ဖျန်းအသုံးပြုရန်ဖြစ်ပါသည်။

🔸ဦးကြီးတို့၏စပါးခင်းများတွင် စပါးရောဂါများကင်းစင်၍ အရည်အသွေးနှင့် အထွက်နှုန်းများ မြင့်မားနိုင်ကြပါစေ။

🌾စစ်မှန်ပြည့်ဝ ဝိစာရ 🌾