menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စပါးသီးထပ်စိုက်ပျိုးမြေများတွင် မြေအာဟာရဓာတ်ပြန်လည်ဖြည့်တင်းပါ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
✔️လယ်ယာမြေများတွင် မိုးစပါး၊ နွေစပါးသီးထပ်စိုက်ပျိုးသည့်နှစ်ပေါင်းကြာမြင့်လာပါက .....
- စပါးအထွက်နှုန်းကျဆင်းလာခြင်း။
- တမန်းကျွံလာတဲ့အတွက် စက်၊နွားများနစ်ခြင်း။
- စပါးသီးထပ်စိုက်ပျိုးသည့်နှစ်ကြာလာသည်နှင့်အတူ ပေါင်းမြက်များထူပြောလာခြင်း။
- ပိုးမွှား၊ ရောဂါကျရောက်မှုများပြားလာခြင်း တို့ ဖြစ်ပေါ်လာသည်။
ထိုသို့ဖြစ်ပေါ်သည်မှာ မိုးစပါး၊ နွေစပါးသီးထပ်စိုက်ပျိုးသည့်ဒေသတော်တော်များများတွင် ဖြစ်လေ့ရှိသည်။
✔️စပါးသီးထပ်စိုက်ပျိုးလျှင် မိုးစပါးကလည်းမြေကြီးထဲရှိအာဟာရဓာတ်များကို စုပ်ယူသွားသည်။ နွေစပါးစိုက်ချိန်တွင်လည်း မြေကြီးထဲရှိအာဟာရဓာတ်များကို စုပ်ယူသွားသည်။ စပါးရင့်မှည့်ချိန်များတွင် ကောက်ရိုးနှင့်ရိုးပြတ်တွေထဲမှာ နိုက်ထရိုဂျင်ဓာတ် ၄၀ ရာခိုင်နှုန်း၊ ဖော့စပရပ်ဓာတ် (၃၀-၃၅) ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် (၈၀-၈၅)ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ်(၄၀-၄၅)ရာခိုင်နှုန်း စုပ်ယူစားသုံးသွားပါတယ်။ ထို့ပြင်အခြားအနည်းလိုအာဟာရဓာတ်များကိုလည်း ထုတ်နုတ်စားသုံးသွားပါတယ်။
✔️ဒေသတော်တော်များများမှာ နွေစပါးစိုက်ဖို့ မိုးစပါးရိုးပြတ်ကို မီးရှို့ကြတာဖြစ်ပါတယ်။ အဲ့ဒီလိုရိုးပြတ်ကို မီးရှို့ရင်လည်း နိုက်ထရိုဂျင်ဓာတ်အားလုံး ဖော့စပရပ်ဓာတ် ၂၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂၀ ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် (၅-၆၀)ရာခိုင်နှုန်း နဲ့ သွပ်ဓာတ်၊ ဆီလီကာ နှင့် အခြားအနည်းလိုအာဟာရ ဓာတ်များ ဆုံးရှုံးသွားပါတယ်။ အဆိုးဆုံးကတော့ မြေကြီးထဲကကုန်ခမ်းသွားတဲ့အာဟာရဓာတ်တွေ ပြန်လည်မဖြည့်ပေးဘဲ နှစ်စဉ်စိုက်ခဲ့ကြတဲ့အတွက် မြေကန်းပြီး(အာဟာရချို့တဲ့ပြီး) စပါးအထွက် တဖြည်းဖြည်းကျလာခြင်းဖြစ်ပါတယ်။
✔️စပါးဆက်တိုက်စိုက်လာပါက လေးနှစ်တာကာလမှာ စပါးအထွက်စကျလာပါတယ်။ ဓာတ်မြေဩဇာဘဲ အသုံးပြုပါက စပါးအထွက်ကျမှုပိုမြန်ဆန်ပါတယ်။ ဓာတ်မြေဩဇာများနဲ့တွဲဖက်ပြီး နွားချေး၊မြေဆွေး တစ်ဧက(၅)တန်၊ ဂျစ်ပ်ဆမ်ကျောက်မှုန့်မြေဩဇာ တစ်ဧကပေါင်(၁၀၀)နှုန်း အသုံးပြုပါက စပါး အထွက်နှုန်းသိသာစွာမကျဆင်းကြောင်း စိုက်ပျိုးရေးသုတေသန၏ (၈)နှစ်တာ စမ်းသပ်တွေ့ရှိချက်အရ သိရှိရပါတယ်။ ထို့ကြောင့် မိုးစပါး၊ နွေစပါးသီးထပ်စိုက်တဲ့လယ်မြေတွေမှာ နွားချေး၊ မြေဆွေး မဖြစ်မနေအသုံးပြုဖို့အတွက် တိုက်တွန်းချင်ပါတယ်။
✔️တမန်းကျွံလာပြီး စက်တွေ၊နွားတွေ နစ်တဲ့ကိစ္စကတော့ မြေအနားမရလို့ဖြစ်တဲ့ပြဿနာပါ။ မိုးစပါး ရိတ်ပြီးချက်ချင်းရေတင်ပြုပြင်ပြီး နွေစပါးစိုက်တဲ့လယ်တွေမှာမြေဟာအနားမရတော့ဘဲ အမြဲစိုနေတာ ဖြစ်ပါတယ်။ မြေအစိုဓာတ်မပြတ်တော့ဘဲ မြေအောက်ရှိအမာလွှာ (Hard Pan)ပေါက်သွားပါတယ်။ မြေကျွံသွားပါတယ်။ လယ်သမားကြီးများကတော့ ဒုံပေါက်တယ် လို့ခေါ်ကြတယ်။ မြေဟာစိမ့်ဆွဲနေပြီး စပါးပင်ကြီးထွားဖွံ့ဖြိုးမှု မရှိတော့ပါဘူး။
✔️မိုးစပါးရိတ်ပြီး မြေကိုနှစ်ပတ်ခန့်အနားပေးပြီးမှ စိုက်သင့်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန က အကြံပြုထားပါတယ်။ ပိုးမွှားရောဂါကတော့ မိမိစိုက်တဲ့စပါးမျိုးအလိုက် ကျရောက်တတ်တဲ့အချိန်ကို လေ့လာပြီး ကြိုတင်ကာကွယ်နှိမ်နင်းတဲ့နည်းစနစ်ကို အသုံးပြုဖို့လိုပါတယ်။ စပါးပင်အကြွင်းအကျန် ကောက်ရိုး ရိုးပြတ်တွေကိုလည်း ပိုးမွှား နှင့် ရောဂါကျရင်တော့ မီးရှို့ပစ်တာစိတ်အချရဆုံးဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။
Sources : အောင်ဆန်း (စိုက်ပျိုးရေး)