menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စပါးခင်းများ ပေါင်းသတ်ဆေးဖျန်းရာတွင် ဂရုပြု လိုက်နာရမည့်အချက်များ
🔰စပါးခင်းများ ပေါင်းသတ်ဆေးဖျန်းရာတွင် ဂရုပြု လိုက်နာရမည့်အချက်များ🔰
🌾🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾🌾
၁။ စပါးတိုက်ရိုက်အစေ့ချပြီး (သို့မဟုတ်) စိုက်ပျိုးပြီး တစ်လသားအတွင်း ပေါင်းမြက်မနှိမ်နင်းနိုင်ပါက စပါးအထွက် (၃၃ မှ ၈၀) % ထိ လျော့ကျစေနိုင်ပါသည်။
၂။ စပါးခင်းအတွင်းပေါက်ရောက်သော ပေါင်းပင်အမျိုးအစားနှင့် ကိုက်ညီသည့် ပေါင်းသတ်ဆေးကို စနစ်တကျ ရွေးချယ်သုံးစွဲတတ်ရန်မှာ အရေးကြီးပါသည်။ မှားယွင်းရွေးချယ်မိပါက စိုက်ပျိုးထားသော စပါးပင်များ ဆေးလောင်ကျွမ်း ပျက်စီးဆုံးရှုံးနိုင်သောကြောင့်ဖြစ်သည်။
၃။ ပေါင်းသတ်ဆေးများကို ဆေးညွှန်းပါသတ်မှတ်ထားသော တစ်ဧက ဆေးနှုန်းထား၊ ဆေးဖျန်းပုံးတစ်ပုံး ဆေးနှုန်းထားများကိုသာ အသုံးပြုရမည်။ ပိုမိုသုံးစွဲမိပါက သီးနှံပင်လောင်ကျွမ်းမှုဖြစ်နိုင်သည်။
၄။ ပေါင်းပင်များကိုဆေးထိစေရန်ဆေးမဖျန်းမီ(၁)ရက်ကြို၍ရေထုတ်ပေးရမည်။သို့သော်ပေါင်းသတ် ဆေးဖျန်းချိန်တွင်အစိုဓာတ်ကောင်းကောင်းရှိရန်ဂရုပြုရပါမည်။ ဆေးဖျန်းပြီးနောက် (၁-၂)ရက် ကြာမှ ရေပြန်သွင်းခြင်းကို သေချာစွာ ပြုလုပ်ပေးရပါမည်။
၅။ ပေါင်းသတ်ဆေးမဖျန်းမီ (၇) ရက်နှင့် ဆေးဖျန်းပြီး (၇) ရက်အတွင်း ဓာတ်မြေသြဇာ ကျွေးခြင်း၊ အပင်အားဆေးဖျန်းခြင်းကို မပြုလုပ်ရပါ။
၆။ ပေါင်းသတ်ဆေးများ ဖျော်စပ်ရာတွင် သန့်ရှင်းကြည်လင်၍ ရွံ့၊ နွံ၊ နုံး အနယ်အနှစ်များ၊ အမှုန်အမှိုက်များ ကင်းစင်သော ရေကို အသုံးပြုသင့်ပါသည်။
၇။ ဆေးအာနိသင်ပိုမိုထိရောက်စေရန်ပေါင်းသတ်ဆေးဖျန်းသည့်အခါတိုင်း ဝိစာရ၏တွယ်ကပ်ပြန့်နှံ့ဆေး “ဟီးရိုး” သို့မဟုတ် “နတ်ဆေး” တစ်မျိုးမျိုးနှင့် ရောစပ်သုံးစွဲသင့်ပါသည်။
၈။ ပေါင်းသတ်ဆေးဗူးပေါ်တွင်ဖော်ပြထားသောအညွှန်းစာသားများကို သေချာဖတ်ရှု့လေ့လာပြီးမှ အသုံးပြုရန်မှာ အထူးအရေးကြီးလှပါသည်။
🍃စစ်မှန် ပြည့်ဝ ဝိစာရ🍃
Sources : ဆင်းသီဟ (နည်းပညာအခြေခံ လယ်ယာဖွံ့ဖြိုးရန်)