menu

စပါးခင်းများအတွင်း သတိပြုရမည့် “စပါးကျိုင်းမဲ”


🌾🪲🌾🪲🌾🪲🌾🪲🌾🪲🌾

စပါးကျိုင်းမဲ(Black Rice Beetle)

▶️စပါးကျိုင်းမဲသည် ကြဲပက်စိုက်ပျိုးသည့် စပါးကြဲခင်းများတွင် အပင်ပေါက်ပြီး (၁၅)ရက်အတွင်း ရာသီဥတုပူပြင်းပြီး ရေပြတ်လပ်၍ခြောက်သွေ့သော အခြေအနေတွင် ကျရောက်တတ်ရာ မိုးပြတ်လပ်ခြင်း၊ မိုးရွာသွန်းသော်လည်း ရေမထိမ်းသိမ်းနိုင်ခြင်း ဖြစ်နေသော အခြောက်ကြဲခင်းများအတွက် ပိုးကိုက်ဖြတ်ရန် ဖိတ်ခေါ်နေသောအခြေအနေပင်ဖြစ်ပါသည်။

▶️မျိုးစပါးနှုန်းထားမြင့်ဖြင့် ကြဲပက်ထားသော ကြဲခင်းများ၊ အပင်ပေါက်နှုန်းကောင်းသော အခင်းများ အတွက် ပြဿနာမဟုတ်သော်လည်း အသုံးပြုထားသောမျိုးနှုန်းထားနည်း၍ အပင်ပေါက်နှုန်း ညံနေသော အခင်းများအတွက် ဂရုပြုပေးရပါမည်။ 

ဖျက်စီးပုံလက္ခဏာ
---------------

အပင်ခြေပက်ကြားအက်များ၊မြေကြီးအတွင်းမြေဆွေးနှင့်အမှိုက်သရိုက်အပုပ်များအတွင်းနေ့အချိန်တွင်ခိုအောင်းလေ့ရှိပြီး စပါးပင်၏အပင်ခြေကိုကိုက်ဖြတ်စားသောက်သည်။ ထိုသို့အပင်ခြေအား ကိုက်ဖြတ် စားသောက်ခြင်းကြောင့် စပါးပင်ငယ် အလယ်ပိုင်းမှစတင်ခြောက်သွေ့၍ သေဆုံးခြင်းဖြစ်သည်။

စပါးကျိုင်းမဲကျရောက်နိုင်သောအခြေအနေ
---------------------------------

ပေါင်းမြက်ထူပြီး ရေမရှိသောရိုးပြတ်များအပေါ်တွင် မြေပြုပြင်ခြင်းမရှိဘဲတိုက်ရိုက်အစေ့ချ (အခြောက်) စိုက်ပျိုးသည့်အခြေအနေတွင် စပါးကျိုင်းမဲကျရောက်နိုင်ပါသည်။ စပါးကျိုင်းမဲသည် အခြားလက်ခံပင် များဖြစ်သော မုန်လာဥနီ၊ မုန်လာဥဖြူ၊ ဗေဒါ နှင့် ဆလပ်တို့တွင်လည်း အဓိကကျရောက်တတ်သည်။

ကာကွယ်နှိမ်နင်းခြင်း
-----------------

စပါးခင်းတွင် ကျိုင်းမဲကျရောက်နေပါက ထိသေစားသေနှင့် အဆိပ်ငွေ့အာနိသင်ဆေးများအား အသုံးပြု၍ ကာကွယ်နှိမ်နင်းသော်လည်း ရာနှုန်းပြည့်ကာကွယ်နိုင်ခြင်းမရှိပဲ စပါးခင်းအားရေမြုပ်အောင် သွင်းနိုင်မှသာ ရာနှုန်းပြည့်ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဘက်စုံကာကွယ်နှိမ်နင်းရေး နည်းလမ်းများနှင့် တွဲ၍ဆောင်ရွက်ပေးသင့်ပါသည်။

ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများမှာ .....

၁ ။ မီးထောင်ချောက်ထွန်းညှိခြင်း (စက်ဘီး၊ ဆိုင်ကယ် စသည့် တာယာအဟောင်းများ၊ ရာဘာချေးများကို လောင်စာအဖြစ်အသုံးပြု၍ လည်းကောင်း၊ ဘက်ထရီမီးသုံးထောင်ချောက်များ အသုံးပြု၍လည်းကောင်း ဆောင်ရွက်နိူင်ပါသည်။ မီးထောင်ချောက်များ အသုံးပြုရာတွင် တစ်ကွင်းတစ်စပ်ထဲရှိ လယ်မြေများအားလုံးတွင် ရေမြောင်း၊ ရေအိုင်များအတွင်း တစ်ချိန်တည်းတစ်ပြိုင်တည်း ထွန်းညှိရန် အထူးလိုအပ်ပါသည်။)

၂ ။ စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များအား ရှင်းလင်းပါ။

၃ ။ စိုက်ခင်းအတွင်းသို့ ရေသွင်းပေးပါ။

၄ ။ မျိုးစေ့အား ဆေးစီရင်ပါ။

၅ ။ ဆေးအသုံးပြုရန် ဝိစာရ၏ “လန်ဒါ၅အီးစီ၊ ဆိုက်ပါမက်(စ်)၊ နိုက်ဝမ်း” စသည့်ထိသေစားသေ ပိုးသတ်ဆေး တစ်မျိုးမျိုးအား ပက်ဖျန်းခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾