menu

"စပါးမှိုသီးရောဂါ" ကြိုတင်ဂရုပြု ကာကွယ်ပါ

"စပါးမှိုသီးရောဂါ" ကြိုတင်ဂရုပြု ကာကွယ်ပါ .....

 🌾🌾🌾🌾🌾🌾🌾

 ✨စပါး အနှံထွက်ချိန်ရောက်ပြီဆိုရင် စပါးမှိုသီးရောဂါဖြစ်လာတတ်ပါတယ်။ အပူချိန် (၂၅ - ၃၅) ဒီဂရီစင်တီဂရိတ် နှင့် လေထုထဲ စိုထိုင်းဆ ၉၀% ကျော်လျှင်အဖြစ်များပါတယ်။ စဖြစ်ခါစမှာဆိုရင် အဝါရောင် နနွင်းမှိုအလုံးတွေအဖြစ်တွေ့ရပြီး နောက်ပိုင်းအမည်းရောင်ပြောင်းသွားပါတယ်။ အဓိကကတော့ ပန်းပွင့်ချိန်မှာ မိုးရွာတာမျိုးဆိုအဖြစ်များပါတယ်။

 ✨ဒီစပါးမှိုသီးရောဂါက လေအားဖြင့် ကူးစက်တတ်လို့ ပြန့်နှံ့လွယ်ပြီးပုလဲမြေသြဇာအကျွေးများတဲ့ အခင်းတွေမှာ ပိုမိုဆိုးရွားစွာကျရောက်တတ်ပါတယ်။ စပါးမှိုသီးရောဂါဖြစ်လျှင် စပါးအစေ့အဆံ အထွက်နှုန်းသိသိသာသာကျဆင်းပြီး အစေ့အဆံအလေးချိန်လျော့စေသည်။

 "စပါးမှိုသီးရောဂါ"ကို ကာကွယ်ကုသရန် နည်းလမ်းများမှာ .....

 ✨ရောဂါရအပင်များ၊ အနှံများနှင့် ရိတ်သိမ်းပြီးအပင်အကြွင်းအကျန်များကို ဖယ်ရှားပစ်ပါ။

 ✨ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးသန့်ကိုသာ စိုက်ပျိုးပါ။

 ✨နိုက်ထရိုဂျင်မြေသြဇာကို လိုတာထက်ပိုမကျွေးရပါ။

 ✨ဆေးအသုံးပြုလိုပါက ဝိစာရ ၏ “ဘာလီဆိုဒ်၊နိုက်စ်၊ ဒိုင်ဇီ၊ ဟက်ဇာဂွန်” မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ကုသနိုင်ပါတယ်။

 ✨စပါးဖုံးလုံးချိန် အလံရွက်စထွက်ချိန်တွေကတော့ ကြိုတင်ကာကွယ်ဖို့ အရေးအကြီးဆုံး အချိန်တွေဖြစ်ပါတယ်။ ဦးကြီးတို့၏စပါးခင်းများ ဖျက်ပိုး နှင့် ရောဂါကင်းစင်ပြီး သီးနှံများ အရည်အသွေးကောင်း၍ အထွက်တိုးကြပါစေ။

 🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾