menu

“စပါးနှံစုပ်ဂျပိုး”ကို ထိရောက်စွာနှိမ်နင်းပါ

 

🌾🦗🌾🌾🦗🌾🌾🦗🌾🌾🦗🌾

စပါးနှံစုပ်ဂျပိုး (Rice Bug)

🔘 စပါးနှံစုပ်ဂျပိုးကို ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့်မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အဓိကတွေ့ရသည်။ သို့သော်မြန်မာနိုင်ငံ၏ အချို့နေရာများတွင်လည်းဆိုးရွားစွာကျရောက်တတ်သည်။ နှံစုပ်ဂျပိုးသည် စပါးနှံ မပေါ်ခင်တွင်စပါးရွက်နုများကိုစုပ်စားဖျက်ဆီးသည်။ ပြောပလောက်သည့်ပျက်ဆီးမှုမရှိသော် လည်း စပါးနှံထွက်ချိန်တွင်စပါးနှံများသေးသိမ်၍ ဝါခြောက် ထိုးထောင်နေသည်ကိုတွေ့ရပါသည်။ စပါးဆစ်ပိုး ဖျက်ဆီးမှုလက္ခဏာနှင့်လွဲတတ်သည်။ သို့သော် စပါးနှံစုပ်ဂျပိုးဖျက်ဆီးမှုကြောင့် စပါးနှံစေ့ ပေါ်တွင် ညိုနက်ရောင်အစက်များတွေ့ရှိနိုင်သည်။ စပါးနှံစုပ်ဂျပိုး ကျရောက်ပါက စပါးအထွက်နှုန်းကို (၁၀-၄၀) ရာခိုင်နှုန်းခန့်အထိထိခိုက်ဆုံးရှုံးစေနိုင်ပါသည်။

🔘 ကာကွယ်နှိမ်နင်းရန်နည်းလမ်းများမှာ . . . (

၁) စပါးနှံစုပ်ဂျပိုးသည်မြက်ရိုင်းများပေါ်တွင်အသက်ရှင်နိုင်သဖြင့် စပါးခင်းအနီးပတ်ဝန်းကျင်ရှိ ပေါင်းမြက်၊ မြက်ရိုင်းများကိုရှင်းလင်းပါ။

( ၂) သီးလှည့်စိုက်ပျိုးပါ။

( ၃) မီးရောင်ထောင်ခြောက်များကိုကွင်းအနှံ့ ညီညာစွာထွန်းပေးပါ။

( ၄) စပါးတွင် “နှံစုပ်ဂျပိုး”ကျရောက်ပါကနံနက်စောစောပိုင်းနေပြင်းပြင်းမထွက်ခင်အချိန်တွင် လေအားကောင်းသောဆေးဖျန်းပုံးကိုအသုံးပြု၍ “ရယ်ဒီ” ပိုးသတ်ဆေးကို အပင်ထိပ်ဖျားမှ အရွက်အနုအရင့်ထိ တစ်ပင်လုံးအနှံ့ရောက်အောင်ပက်ဖျန်းပေးရပါမည်။

🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰