menu

“စပါးနှံစုပ်ပိုး”ကို ထိရောက်စွာကာကွယ်နှိမ်နင်းပါ

🌾🦗🌾🦗🌾🦗🌾🦗🌾🦗🌾

စပါးနှံစုပ်ပိုး (Rice Bug)

Leptocorisa oratorius

↗️ စပါးနှံစုပ်ပိုးကို ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့်မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အဓိကတွေ့ရသည်။ သို့သော်မြန်မာနိုင်ငံ၏ အချို့နေရာများတွင်လည်းဆိုးရွားစွာကျရောက်တတ်သည်။ “နှံစုပ်ပိုး”သည် စပါးနှံမပေါ်ခင်တွင်စပါးရွက်နုများကိုစုပ်စားဖျက်ဆီးသည်။ ပြောပလောက်သည့်ပျက်ဆီးမှုမရှိသော်လည်း စပါးနှံထွက်ချိန်တွင်စပါးနှံများသေးသိမ်၍ ဝါခြောက်ထိုးထောင်နေသည်ကိုတွေ့ရပါသည်။ စပါးဆစ်ပိုး ဖျက်ဆီးမှုလက္ခဏာနှင့်လွဲတတ်သည်။ သို့သော် စပါးနှံစုပ်ပိုးဖျက်ဆီးမှုကြောင့် စပါးနှံစေ့ပေါ်တွင် ညိုနက်ရောင်အစက်များတွေ့ရှိနိုင်သည်။ စပါးနှံစုပ်ပိုးကျရောက်ပါက စပါးအထွက်နှုန်းကို (၁၀ - ၄၀) ရာခိုင်နှုန်းခန့်အထိ ထိခိုက်ဆုံးရှုံးစေနိုင်ပါသည်။

↗️ ကာကွယ်နှိမ်နင်းရန်နည်းလမ်းများမှာ . . . 

(၁) စပါးနှံစုပ်ပိုးသည်မြက်ရိုင်းများပေါ်တွင်အသက်ရှင်နိုင်သဖြင့် စပါးခင်းအနီးပတ်ဝန်းကျင်ရှိ ပေါင်းမြက်၊ မြက်ရိုင်းများကိုရှင်းလင်းပါ။

(၂) သီးလှည့်စိုက်ပျိုးပါ။

(၃) မီးရောင်ထောင်ခြောက်များကိုကွင်းအနှံ့ ညီညာစွာထွန်းပေးပါ။

(၄) စပါးတွင် “နှံစုပ်ပိုး”ကျရောက်ပါကနံနက်စောစောပိုင်းနေပြင်းပြင်းမထွက်ခင်အချိန် (သို့မဟုတ်) ညနေခင်းနေအေးချိန်တွင် လေအားကောင်းသောဆေးဖျန်းပုံးကိုအသုံးပြု၍ ဝိစာရ၏ “မင်းရဲ၊ သူရိယ၊ လူစီ” ပိုးသတ်ဆေးတစ်မျိုးမျိုးကို အပင်ထိပ်ဖျားမှ အရွက်အနုအရင့်ထိ တစ်ပင်လုံးအနှံ့ရောက်အောင်ပက်ဖျန်းပေးရပါမည်။

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾