menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စပါးနီတိုလက္ခဏာနှင့် ယှဉ်တွဲတွေ့ရသော ပင်ပြလက္ခဏာများအပေါ် မူတည်၍ ဖြေရှင်းရမည့် နည်းလမ်းများ။
ယနေ့ခေတ်… တောင်သူလယ်သမား စိုက်ပျိုးရေးသမား အများစုဟာ မြေချဉ်ရင်ထုံးပက်မယ်… မြေငံရင်ကန့်ကျွေးမယ် … ဆိုတဲ့ ရှေးရိုးစွဲ တရားသေနည်းကို လက်ကိုင်ထားပြီး စိုက်ပျိုးမြေ မြေဆီလွှာပြဿနာများကို ဖြေရှင်းနေကြတာ တွေ့နေရပါတယ်…
ဒီလိုပါဘဲ… ကိုယ့်ရဲ့စိုက်ပျိုးမြေကောင်းမွန်အောင် သဘာဝ မြေသြဇာများများကျွေးရမယ်…ဂျစ်ဆန်ကျောက် မှုန့်ကျွေးပေးရမယ်လို့ စွဲစွဲမြဲမြဲယုံကြည်လက္ခံ ထားကြပါတယ်…
တကယ်တော့… မြေချဉ်တိုင်းထုံးပက်လို့မရသလို မြေငံတယ် ဆိုတိုင်းလဲ ကန့်မကျွေးသင့်ပါဘူး… pH- 7 အောက်ရောက်ရင်မြေချဉ်တယ်လို့ သတ်မှတ်ပေမဲ့ pH-5.5 နှင့်အောက်ရောက်မှသာ ထုံးကျွေးပေးရမှာဖြစ်ပါတယ်…
စိုက်ပျိုးရေးဆိုတာ တစ်နဲ့နှစ်ပေါင်း သုံးဆိုသလိုမျိုး သီအိုရီ ဖေါ်မြူလာကိုအသေဆုပ်ကိုင်ပြီး ပြဿနာ ကိုဖြေရှင်းလို့ရတဲ့ပညာရပ်မျိုးမဟုတ်ပါဘူး… ပတ်ဝန်းကျင် ရေ မြေ ပယောဂအစုံနဲ့ ပင်ပြ လက္ခဏာတွေကို အတူယှဉ်တွဲပြီး ဘက်ပေါင်းစုံ စဉ်းစားအဖြေရှာ ရတဲ့ပညာရပ်မျိုးဖြစ်ပါတယ်…
ဒါကြောင့်လဲ…
ယေဘူယျအားဖြင့် သဘာဝမြေသြဇာ နဲ့ လကြေး ကျောက်မှုန့်မြေသြဇာကျွေးခြင်းဟာ မြေကိုပိုမို ကောင်းမွန်စေတယ်လို့သတ်မှတ်နိုင်ပေမဲ့… အခြေအနေတရပ်ရပ်မှာတော့ ကောင်းကျိုးထက် ဆိုးကျိုးကိုပေးနိုင်တယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်…
သီးလှည့်မပြတ် တနှစ်ပတ်လုံးရေသွင်းစိုက်ပျိုးတဲ့ လယ်မြေတွေမှာ စပါးနီတိုရောဂါနဲ့ လယ်မြေ ဒုံပေါက်ခြင်းပြဿနာတွေဟာ အတူယှဉ်တွဲပြီး တွေ့မြင်ရလေ့ရှိပါတယ်… ဒုံပေါက်တယ်ဆိုတာ မြေနားချိန်မရအောင် တနှစ်ပတ်လုံး ရေသွင်းထွန်ယက်စိုက်ပျိုးနေလို့ စိမ့်ကိုင်ပြီး လူ ကွဲျ နွားတွေတွေဝင်မရလောက် အောင်အရမ်းနစ်ဝင် ကျွံနေတဲ့လယ်မြေရဲ့ ဒေသတောင်သူတွေအရပ်အခေါ်ဖြစ်ပါတယ်…
ဒီလို ဒုံပေါက်ခြင်းနဲ့စပါးပင်နီတိုဖြစ်နေချိန်မှာ ပင်ပြလက္ခဏာနဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ပြဿနာတွေကိုအောက်ပါနည်းလမ်း များအတိုင်းဖြေရှင်းကြရမှာဖြစ်ပါတယ်…
ပင်ပြလက္ခဏာနဲ့ဖြေရှင်း ကုစားရန်နည်းလမ်းများ
-----------------------------
၁ ။
အစိုဓာတ်မပြတ်တဲ့စပါးခင်းမှာ စပါးပင်တွေ နီတိုထိုင်နေပြီး အပင်ကိုဆွဲနှုတ် အမြစ်ကို နမ်းကြည့်ပါက ကြက်ဥပုပ်နံ့ရမယ်ဆိုရင် သမန်းမပုပ်မီအဆောတလျှင်စိုက်မိလို့ သမန်းပူ မိခြင်းနဲ့ လယ်မြေစိမ့်ကိုင်ခြင်းကြောင့်ဖြစ်ပါတယ်
စပါးပင်ကိုအဆိပ်သင့်စေတဲ့ဓာတ်တွေကတော့ ဟိုက်ဒြိုဂျင်ဆာလ်ဖိုဒ်နဲ့ အော်ဂဲနစ်အက်စစ် တွေကြောင့်ဖြစ်ပါတယ်…
ဒီလိုအခြေအနေမှာကုစားရမဲ့နည်းလမ်းကတော့
- စိုက်ခင်းကိုရေထုတ်ပေးပါ…
- သမန်းနှိုးပေးပါ…
- ဖေါ့စဖိတ်နဲ့ပိုတက်မြေသြဇာကျွေးပေးပါ…
- ရိုးပြတ်နဲ့သီးနှံပင်အကြွင်းအကျန်များအဆွေး မြန်စေရန် EM ဖျော်ရည်ဖျန်းပေးပါ…
၂ ။
စပါးပင်များနီတိုဖြစ်ပြီး အပင်ကိုနှုတ်ကြည့် … နမ်းကြည့်လျှင် အမြစ်ထိပ်ပိုင်းများမဲနက်၍ သံချေးအနံ့ရလျှင် သံဓာတ်အဆိပ်သင့်ခြင်း ကြောင့်ဖြစ်ပါတယ်…
စပါးပင်ကိုအဆိပ်သင့်စေတဲ့ဓာတ်တွေကတော့ ဖဲရပ်ကွန်ပေါင်းများ Fe+2 များဖြစ်ပါတယ်…
ဒီအခြေအနေမျိုးမှာ ကုစားရမဲ့နည်းလမ်းကတော့ - စိုက်ခင်းကိုရေထုတ်ပေးပါ…
- ဖေါ့စဖိတ်နဲ့ပိုတက်မြေသြဇာကျွေးပါ…
- အရေးအကြီးဆုံးက…
ဒီအခြေအနေမှာ သဘာဝမြေသြဇာလုံးဝ မကျွေးမိစေရေးဖြစ်ပါတယ်……
၃ ။
မြေအချဉ်အငံဓာတ်တိုင်းကြည့်မယ်ဆိုရင် pH-4 အောက်ထိကျနေပြီး စပါးပင်အမြစ်တွေ ဆွေးပုပ်ရိနေပြီဆိုရင်တော့ ဆာလ်ဖျူရစ်အက်စစ် တွေကြွယ်ဝတဲ့ ကန့်ငရဲမီးမြေအခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်…
စပါးပင်ကိုအဆိပ်သင့်စေတဲ့ဓာတ်တွေကတော့ ဖဲရစ်ဆာလ်ဖိုဒ် FeS တွေဖြစ်ပါတယ်…
ကုစားရမဲ့နည်းလမ်းတွေကတော့…
- ထယ်ရေးထွန်ရေးကိုသိပ်မနက်စေဘဲ ခပ်ပါးပါးပြုလုပ်ပေးရန်… - ကန်သင်းဆင့်ပြီး ရေငန်မဝင်နိုင်အောင် တားဆီးပေးရပါမယ်… - ထုံးထည့်ပေးရန်လိုအပ်ပါတယ်…
- အရေးအကြီးဆုံးက
ဒီအခြေအနေမျိုးမှာ gypsum လကြေး ကျောက်မှုန့်လုံးဝမသုံးမိပါစေနဲ့…
၄ ။
စပါးပင်တွေ ရေငတ်တဲ့လက္ခဏာပြနေပြီး အပင်တွေလဲဟိုတပင်ဒီတပင်မဟုတ်ဘဲ အကွက်လိုက်သေနေပြီ…အပင်ကိုနှုတ်ကြည့်ရင် အမြစ်တွေအဖြူရောင်ဖြစ်နေပြီ…ဆိုရင်တော့ မိမိရဲ့မြေဟာ ဆားဆပ်ပြာပေါက်မြေဖြစ်နေပြီ ဖြစ်ပါတယ်…
စပါးပင်ကိုအဆိပ်သင့်စေတဲ့ဓာတ်တွေကတော့ ဆိုဒီယမ်ကာဗွန်နိတ်နဲ့ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် NaCO3 & NaHCO3 ဓာတ်တွေဖြစ်ပါတယ်……
ဒီလိုအခြေအနေမျိုးမှာကုစားရမဲ့နည်းတွေကတော့
- ဖေါ့စဖိတ်နဲ့ပိုတက်စီယမ်မြေသြဇာကျွေးပါ…
- သဘာဝမြေသြဇာထည့်ပေးပါ…
- Gypsum လကြေးကျောက်မှုန့်မြေသြဇာ ကျွေးပေးပါ..။
Than Win Agri
Credit to :- မြေအသုံးချရေးဌာနမှ သူငယ်ချင်း ဒု-ညွှန်မှူး ဒေါ်စန်းစန်းမြင့် ( မိဂျုတ် )ကိုခရက်ဒစ် ပေးပါတယ်...။