menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စပါးပေါင်းမြက် ဘက်စုံ ကာကွယ်နှိမ်နင်း နည်းစနစ်
🔸စပါးပင် နှင့် ပေါင်းမြက်🔸
စပါးပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်းသည် စပါးအထွက်နှုန်းမြင့်မားရန် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ အကြောင်းရင်းများမှာ... (၁) ဒေသစပါးမျိုးများအစား ခေတ်သစ်စပါးမျိုးများစိုက်ပျိုးလာခြင်း။ ( ၂) ကုန်ကျစရိတ်မြင့်မားခြင်းကြောင့် ပျိုးထောင်စိုက်နည်းအစား တိုက်ရိုက်ကြဲပက်စိုက်မှု တိုးပွားလာခြင်း။ (၃) ယခင်စပါးတစ်သီးသာစိုက်ရာမှ စပါးပြီးစပါး စိုက်ပျိုးလာခြင်း။ (၄) စပါး-ပဲမျိုးစုံ သီးနှံပုံစံ အစား စပါး-စပါး သီးနှံပုံစံစိုက်ပျိုးလာခြင်း။ (၅) မိုးနည်းပါးလာ၍ ရွာသွန်းမှုပုံမမှန်ခြင်း။ (၆) ထွန်ရေးပြုပြင်ရာတွင် တမန်းပုပ်စပ်မှု မရှိခြင်း စသည်တို့ဖြစ်သည်။
သို့ဖြစ်၍စပါးစိုက်ပျိုးရာတွင် ပေါင်းမြက် ကာကွယ်နှိမ်နင်းရေးကို အလေးထားဆောင်ရွက်ရန်ဖြစ်သည်။ စပါးသီးနှံစိုက်ပျိုးရာ၌ (၁) မြက်အုပ်စု ၊ ( ၂) မုန်ညင်းအုပ်စု နှင့် (၃)ရွက်ပြန့်ပေါင်းအုပ်စု ဟူသည့် ပေါင်းပင်အမျိုးအစား သုံးမျိုးလုံးပေါက်ရောက်လေ့ရှိပါသည်။ - မြက်များ၏အရွက်သည်ရှည်လျှား၍ကျဉ်းမြောင်းပြီး ရွက်ကြောများပြိုင်နေသည်။ ပင်စည်မှာလုံး၍ အခေါင်းပါသည်။ ဝမ်းဘဲစာ၊ မြက်သီး၊ မြက်ချို၊ ဒေါင်းမြီးပျံ၊လက်သဲခွမြက်၊လေးခွမြက်၊ ဆင်ငိုမြက်၊ မြက်ကြိမ်၊ မြက်ခါး စသည်တို့သည်မြက်အမျိုးအစားဝင်ပေါင်းများ ဖြစ်ပါသည်။ - မုန်ညင်းအမျိုးအစားသည် မြက်နှင့်ဆင်တူသည်။ အရွက်ပုံစံ ၊ရွက်ကြောအနေအထားတို့သည် မြက်နှင့် မုန်ညင်းခွဲခြား၍မရနိုင်ပေ။ ထူးခြားသည်မှာမုန်ညင်း၏ပင်စည်မှာ အခေါင်းပိတ်ဖြစ်ပြီး တြိဂံပုံဖြစ်သည်။ မုန်ညင်းအစိမ်း၊ မုန်ညင်းအဝါ၊ မြက်ကွမ်းသီးလေး၊မြက်မုန်ညင်းဥနက်၊ဝက်လာ၊မြက်ကွမ်းသီးလေး စသည်တို့ သည်မုန်ညင်း အမျိုးအစားဝင်ပေါင်းများ ဖြစ်ပါသည်။ - ရွက်ပြန့်အမျိုးအစားသည် မြက်၊ မုန်ညင်း တို့နှင့်လုံးဝခြားနားသည်။ အရွက်များသည်ကျယ်ပြန့်၍ အရွက်ပုံစံနှင့် ရွက်ကြောများမှာအမျိုးမျိုးအဖုံဖုံဖြစ်နေသည်။ ကတောက်ဆတ်၊ မှိုနတို၊ ရေလေးညှင်း၊လယ်ပဒူ ၊ ကောက်ရိုးနွယ်၊ ကျွဲကျောင်းမင်ဆေး၊ကြိတ်မှန်၊ဝက်ကျွတ် စသည်တို့သည် ရွက်ပြန့်အမျိုးအစားဝင်ပေါင်းများ ဖြစ်ပါသည်။ စပါးခင်းတွင် ပေါင်းမြက်မနှိမ်နင်းလျှင်အထွက်လျော့မည်။ ဆုံးရှုံးမည်။ စပါးအထွက် ၃၉% မှ ၈၀% အထိဆုံးရှုံးနိုင်ပါသည်။
🔸ပေါင်းပင်၏ဆိုးကျိုးများ🔸
စပါးစိုက်ပျိုးရာတွင် ပျိုးထောင်ကောက်စိုက်ခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းဟူ၍ရှိရာ ပျိုးထောင်ကောက်စိုက်စပါးခင်းသည် တိုက်ရိုက်အစေ့ချစပါးခင်းထက် ပေါင်းပင်ကိုပို၍ယှဉ်ပြိုင်ကြီးထွား နိုင်သည်။ တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းသည် စပါးနှင့်ပေါင်းပင်တို့ ပြိုင်တူယှဉ်ပြိုင်ကြီးထွားသဖြင့် ပေါင်းဖျက်ဆီးမှု ပိုမိုဆိုးရွားသည်။ ပေါင်းသည်နေရောင်ခြည်၊ အပင်အာဟာရနှင့် ရေတို့ကို စပါးနှင့် ယှဉ်ပြိုင်ရယူစားသုံးသည်။ ပေါင်းပင်ကဤသို့အပြိုင်ကြီးထွားနေလျှင်စပါးပင်ညံ့ဖျင်း၍ စပါးထွက်လျော့နည်း စေနိုင်သည်။ ပေါင်းပင်သည် နိုက်ထရိုဂျင် မြေဩဇာ၏အာနိသင်ကိုလျော့ပါးစေသည်။ စပါးခင်းကိုပေါင်းမသင် နိုင်ပါက နိုက်ထရိုဂျင် မြေဩဇာများများထည့်လေ စပါးထွက်နည်းလေဖြစ်မည်။ ပေါင်းပင်သည် ထည့်လိုက်သော နိုက်ထရိုဂျင် မြေဩဇာကို စပါးနှင့်ယှဉ်ပြိုင်လုယူစားသုံးသည်။
🔸ဘက်စုံပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းစနစ်🔸
စပါးခင်းတွင်တမန်းညက်အောင်ထွန်ယက်ပေးခြင်းသည်ပေါင်းနှိမ်နင်းနည်းတစ်မျိုးဖြစ်သည်။ ညက်ညက်မထွန်သည့်အပြင် ကြမ်းတုံးဖြင့်လည်းညီအောင်ညှိမပေးလျှင် ရေနေမညီပဲ ပေါင်းပင်များပေါက်စေ နိုင်သည်။ - အတန်းလိုက်စိုက်ခင်းများတွင် တမန်းနှိုးပေါင်းသင်ကိရိယာအသုံးပြု၍ ပေါင်းနှိမ်နင်းနိုင်သည်။ထိုအချိန် တွင်လယ်ထဲမှရေကို အနေတော်ဖြစ်အောင်ထုတ်ပေးထားရမည်။ - ရေကိုစနစ်တကျထိန်းသိမ်းပေးခြင်းဖြင့်လည်း ပေါင်းနှိမ်နင်းနိုင်သည်။ ပေါင်းမျိုးစေ့အများစုသည် ရေအောက်၌ အပင်စတင်မပေါက်နိုင်ကြပါ။ လယ်ကွက်တွင်း ရေနှစ်လက်မမှလေးလက်မအထိလှောင်ထားခြင်း ဖြင့် မြက် နှင့် မုန်ညင်းမျိုးအချို့ကို ကာကွယ်နိုင်သည်။ - အပင်စိပ်စိပ်စိုက်ခြင်းအဖြစ် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးရာ၌မျိုးစေ့နှုန်းများစွာအသုံးပြုခြင်းဖြင့်လည်း ပေါင်းနှိမ်နင်းနိုင်သည်။ စပါးပင်စိပ်လွန်းလျှင် အလင်းရောင်ကောင်းစွာ မရသဖြင့်ပေါင်းစေ့များအပင်မပေါက် နိုင်ပါ။ ပေါင်းနည်းပါးသွားနိုင်သည်။
ပေါင်းပင်များကိုပေါင်းသတ်ဆေးဖြင့်လည်းနှိမ်နင်းနိုင်သည်။ ပေါင်းသတ်ဆေးသုံးစွဲရာတွင် ဆေးအမျိုး အစား၊ ဆေးနှုန်းထား၊ ဆေးဖျန်းရမည့်အချိန်တို့ကို မှန်ကန်စွာဆောင်ရွက်ရန်လိုသည်။ - ပေါင်းပင်များကိုနှိမ်နင်းရာတွင် နှိမ်နင်းနည်းတစ်မျိုးတည်းဆောင်ရွက်ခြင်းဖြင့် ထိရောက်သည့်ကာကွယ်မှု ကိုမပေးနိုင်ပါ။ စပါးစိုက်ပျိုးရန်မြေပြုပြင်သည်မှစ၍ စပါးအပင်ပွားစီးမှုကာလကုန်ဆုံးသည်အထိ ဘက်စုံပေါင်း မြက်ကာကွယ်နှိမ်နင်းနည်းစနစ်ကို ကျင့်သုံး၍ စပါးအထွက်မလျော့နည်းစေရေး ဆောင်ရွက်ရန်လိုအပ်ပါသည်။
Sources ဆင်းသီဟ (နည်းပညာအခြေခံ လယ်ယာဖွံ့ဖြိုးရန်)