menu

စပါးပင်ငယ်စဉ်မှာ “စပါးရွက်လိပ်အိမ်ပိုး”ကို ဂရုပြုနှိမ်နင်းပါ ...


🌾🐛🌾🐛🌾🐛🌾🐛🌾🐛🌾

မြန်မာအမည် - စပါးရွက်လိပ်အိမ်ပိုး

အင်္ဂလိပ်အမည် - Rice Caseworm
(Nymphula depunctalis) 

၁ . ဒေသအလိုက် ကျရောက်မှု 
--------------------------
မြန်မာပြည်အနှံ့ကျရောက်တတ်သည်။ အများဆုံးတွေ့ရသောတိုင်းများမှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း တို့ဖြစ်သည်။ 

၂ . ဆိုးဝါးစွာကျရောက်တတ်သည့်အခြေအနေများ 
--------------------------------------------
စပါးပင်ငယ်စဉ်တွင် ပိုမိုကျရောက်သည်။ စပါးပင်ကြီးတွင်ထိခိုက်ကျရောက်မှုနည်းသည်။ စွတ်စို ထိုင်းမှိုင်းသော အခြေအနေကိုပို၍ကြိုက်နှစ်သက်သည်။ မိုးစပါးတွင်ကျရောက်မှုပိုများသည်။ ဆောင်းကုန်စအချိန်များတွင်စိုထိုင်းဆနည်းသဖြင့် ဖျက်ပိုးများစွတ်စိုသောပတ်ဝန်းကျင်သို့ရွှေ့ပြောင်း တတ်ကြသည်။ ရေကြီးနစ်မြုပ်သောနေရာများတွင်စပါးရွက်လိပ်အိမ်ပိုး ကျရောက်မှုများတတ်သည်။ 

၃ . ဖျက်ဆီးမှု လက္ခဏာ 
---------------------
ပျိုးခင်းရှိအပင်များ (သို့မဟုတ်) စိုက်ခင်းရွှေ့ပြောင်းပြီး စပါးပင်သားတက်များပွားချိန်၌ ကျရောက် ဖျက်ဆီးသည်။ စပါးရွက်များကိုအလျားလိုက်အလိပ်ပြုလုပ်ပြီး ထိုအလိပ်အတွင်းနေ၍ စပါးရွက် အောက်မျက်နှာပြင်ကိုခြစ်စားသည်။ အပင်ငယ်စဉ်တွင် ပိုမိုဆိုးဝါးစွာကျရောက်နိုင်သည်။ အပင်ကြီးမှာ ခံနိုင်ရည်ပိုရှိသည်။ ရေထဲတွင်ဖလံဘဝကြာရှည်နေနိုင်သည်။ 

၄ . ကာကွယ်နှိမ်နင်းရန် နည်းလမ်းများ 
----------------------------------- 
(က) စပါးပင်ဦးရေမထူထပ်စေရန်ဂရုစိုက်ပါ။ တိုက်ရိုက်ကြဲခင်းများတွင်ပို၍ပြဿနာရှိနိုင်ပါသည်။ 

(ခ) “စပါးရွက်လိပ်အိမ်ပိုး” ကျရောက်ချိန် စိုက်ခင်းထဲတွင်ရေရှိပါက အပင်ပေါ်ရှိပိုးကောင်များကို ကြိုးတန်းတိုက်ဆွဲချပြီး ရေကို (၂-၃)ရက်ခန့်ထုတ်ပစ်ပါက ပိုးကောင်ငယ်များ အောက်စီဂျင်ပြတ်၍ သေစေနိုင်ပါသည်။ 

(ဂ) လယ်ကွက်သည်အရိပ်ရပြီး ဗွက်အိုင်ထူသောပတ်ဝန်းကျင်ဖြစ်ပါက ပွားများမှုပို၍မြန်တတ်သည်ကို သတိပြုရပါမည်။ 

(ဃ) လိပ်နေသောအရွက်လိပ်များမပြုလုပ်ခင် ချည်မျှင်နှင့်မတွယ်မီအချိန်တွင် ပိုးသတ်ဆေးရောက်ရှိစေရန်အတွက် “ရယ်ဒီ” ပိုးသတ်ဆေးကို စနစ်တကျပက်ဖျန်းပေးရပါမည်။ 

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾 

Sources : သီးနှံကာကွယ်ရေးဌာနခွဲ