menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စပါးစိုက်ပျိုးနည်းစနစ်အလိုက် ပေါင်းနှိမ်နင်းခြင်း
➡️စပါးစိုက်ပျိုးနည်းစနစ်အလိုက် ပေါင်းနှိမ်နင်းခြင်း⬅️
🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾
ပျိုးထောင်ကောက်စိုက်စနစ်တွင် ပေါင်းနှိမ်နင်းခြင်း
ပျိုးထောင်ကောက်စိုက်စနစ်တွင် ပျိုးခင်း၌ ပေါင်းမြက်ကင်းစင်ရန် လိုသည်။ ပျိုးမထောင်မီ နှစ်ပတ်ခန့်အလိုကပင် ပျိုးခင်းအတွက် ထွန်ရေးပြုပြင်မှုကို စတင်ခြင်းဖြင့် ပေါင်းသတ်ရန်ဖြစ်သည်။ ပျိုးထောင်ပြီး နှစ်ရက်၊ သုံးရက်တွင် ပေါင်းမြက်ပင်မပေါက်မီ ပက်ဖျန်းရသည့် ပေါင်းသတ်ဆေးကို ပက်ဖျန်းရန်လိုသည်။ ပျိုးပင်များ နုတ်ယူချိန်တွင်လည်း ပေါင်းမြက်ပင်များ ပျိုးပင်နှင့် အတူ ပါရှိမလာစေရန် ဂရုပြု နုတ်ယူရန် ဖြစ်ပါသည်။
စပါးပင်ကြီးထွားမှုကာလ အစောပိုင်းအတွင်း ပေါင်းကင်းစင်ရန် အဓိကဖြစ်သည်။ ပေါင်းမြက်ပင်များ အမြင်မကောင်းအောင် ကြီးထွားနေသည်ကို မြင်တွေ့ရပါက ပေါင်းနှိမ်နင်းမှု နောက်ကျပြီဆိုတာကို သတိမူသင့်ပါသည်။ စိုက်ပြီး စပါးခင်းအတွင်း ပေါင်းနှိမ်နင်းမှုသည် မည်သည့်အချိန်အထိ အရေးကြီးသလဲဟု မေးလျှင် စပါးပင်များ တစ်ပင်နှင့်တစ်ပင် ရွက်ဝှန်းဧရိယာ ပိတ်သည့်အချိန်အထိ အရေးကြီးသည်ဟု ဖြေလိုပါသည်။
ပျိုးထောင်ကောက်စိုက်ပြီး နှစ်ရက်၊ သုံးရက်၌ တမန်းပြင်စိုစွတ်သောအခြေအနေတွင် ပေါင်းမြက်ပင်မပေါက်မီ ပက်ဖျန်းရသည့် ပေါင်းသတ်ဆေး (Pre-emergence Herbicide) ဖြင့် ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။ အကယ်၍ မြက်အမျိုးအစားပေါင်းများ ထူပြောလေ့ရှိသည့် လယ်မြေဖြစ်ပါက စိုက်ပြီးအစောပိုင်းကာလတွင် ပေါင်းမြက်ပင်ပေါက်ပြီး ပက်ဖျန်းရသည့် ပေါင်းသတ်ဆေး (Post-emergence Herbicide) ကို အသုံးပြုနှိမ်နင်းသင့်ပါသည်။
ပေါင်းမြက်ပင်ပေါက်ပြီး ပက်ဖျန်းရသည့် ပေါင်းသတ်ဆေးမဖျန်းမီ လယ်ကွက်အတွင်းမှ ရေကို ထုတ်ပစ်ရန်လိုသည်။ သို့မှသာ ပေါင်းပင်လေးများပေါ်လာမည်ဖြစ်ပြီး ပေါင်းပင်လေးများကိုပေါင်းသတ်ဆေးဖြင့်ပက်ဖျန်းနှိမ်နင်းနိုင်မည်ဖြစ်သည်။ ပေါင်းမြက်ပင်ပေါက်ပြီး ပက်ဖျန်းရသည့်ပေါင်းသတ်ဆေးသည် ပေါင်းပင်လေးများကိုသာ ထိရောက်အောင်ဖျန်းရမှာ ဖြစ်သည်။ ပေါင်းပင်လေးများ၏ အရွက်များသည် အဆိုပါဆေးကို စုပ်ယူရရှိစေမှသာ ဆက်လက်ကြီးထွားနိုင်ခြင်းမရှိဘဲ သေကျေပျက်စီးမှာဖြစ်သည်။
အကယ်၍ ပေါင်းပင်လေးများသည် ရေအောက်တွင် ရောက်ရှိနေပါက ဆေးဖျန်းသော်လည်း အလဟဿဖြစ်သွားမည်ကို သတိမူသင့်ပါသည်။ အကယ်၍ ပေါင်းသတ်ဆေးသုံးစွဲခြင်းမပြုဘဲ ပေါင်းပင်များပေါက်ရောက်နေပါက ပေါင်းပင်အရွက် သုံး-လေးရွက်အဆင့်တွင် ရှေ့တိုးနောက်ဆုတ်တွန်းထိုးတမန်းနှိုးကြားပေါင်းလိုက် ကိရိယာဖြင့် ပေါင်းနှိမ်နင်းနိုင်သည်။ ကြားပေါင်းလိုက်ကိရိယာအသုံးပြုပြီး နောက်နေ့တွင် ဖျက်ဆီးလိုက်သည့် ပေါင်းပင်များကို ပြန်လည်ရှင်သန်ခြင်းမရှိစေရန် ရေပါးပါးသွင်းပေးရန် ဖြစ်သည်။
ဤသို့ဆောင်ရွက်နိုင်ရန် ကျပန်းကောက်စိုက်ခြင်းမဟုတ်ဘဲ အတန်းလိုက်စိုက်ပျိုးထားသော စပါးခင်းဖြစ်ရန် လိုပါသည်။ထို့နောက် ခုနစ်ရက် - ၁၀ ရက်ခန့်အကြာတွင် ရေထုတ်ခြင်း၊ တမန်းနှိုးကြားပေါင်းလိုက်ကိရိယာအသုံးပြုခြင်းကို ထပ်မံပြုလုပ်ရန်ဖြစ်သည်။ စိုစွတ်သောအခြေအနေတွင် တမန်းပြင်အောက်၌ ဖျက်ဆီးလိုက်သည့်ပေါင်းပင်များ တမန်းမြေနှင့် ရောနှောနေစေပြီး နှစ်ရက်ခန့်အကြာတွင်မှ ငါးစင်တီမီတာခန့် ခပ်ပါးပါးရေပြန်လည်သွင်းထားရန် ဖြစ်ပါသည်။ အရေးကြီးသည်မှာ ကောက်စိုက်ပြီး စပါးခင်း ရေမပြတ်စေရေးဖြစ်သည်။ စပါးရင့်မှည့်၍ မရိတ်သိမ်းမီ ခုနစ်ရက်- ၁၀ ရက်အလိုအထိ ပေါင်းမြက်ပင်များပေါက်လာခြင်းမရှိစေရန် စိုက်ခင်းအတွင်း ရေကို ငါးစင်တီမီတာမှ ခုနစ်စင်တီမီတာအနက်ခန့် အမြဲထိန်းသိမ်းထားသင့်ပါသည်။ လက်ပေါင်း နှိမ်နင်းခြင်းကိုတော့ စပါးပင်များ ရွက်ဝှန်းဧရိယာပိတ်သည်အထိ လိုအပ်သလို ဆောင်ရွက်သွားရန် ဖြစ်ပါသည်။
အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချ စိုက်စနစ်တွင် ပေါင်းနှိမ်နင်းခြင်း
တိုက်ရိုက်မျိုးစေ့ချ စိုက်စနစ်တွင် အစိုတမန်းပြင်၌ ကြဲပက်၍ဖြစ်စေ၊ မျိုးစေ့ချကိရိယာ အသုံးပြု၍ဖြစ်စေ စိုက်ပျိုးကြရာ တွင် ပေါင်းပင်တို့သည် စပါးပင်နှင့် တစ်ပြိုင်တည်းပေါက်ရန် အခွင့်အရေးရရှိသည်။ သို့ဖြစ်၍ပေါင်းကာကွယ်နှိမ်နင်းရေးကို အထူးဂရုစိုက်ရန် လိုပါသည်။ တမန်းပြင်ပေါ် မျိုးစေ့ချအပြီး နှစ်ရက်- သုံးရက်တွင် ပေါင်းမြက်မပေါက်မီပက်ဖျန်းရသည့် ပေါင်းသတ်ဆေး (Pre-emergence Herbicide) ကို ပက်ဖျန်းရန် လိုသည်။ ပေါင်းမြက်မပေါက်မီ ပက်ဖျန်းရသည့် ပေါင်းသတ်ဆေးကို လယ်ကွက်အတွင်း ရေရှိနေသောအခြေအနေတွင် ပက်ဖျန်းခြင်း မပြုသင့်ပါ။
အကယ်၍ မြက်အမျိုးအစား ပေါင်းမြက်များထူပြောလေ့ရှိသည့် လယ်မြေဖြစ်ပါက မျိုးစေ့ချအပြီး အစောပိုင်းကာလတွင် ပေါင်းမြက်ပင်ပေါက်ပြီး ပက်ဖျန်းရသည့် ပေါင်းသတ်ဆေး (Post-emergence Herbicide) ကို အသုံးပြုနှိမ်နင်းသင့်ပါသည်။ ဤသို့ နှိမ်နင်းရာတွင်လည်း ပျိုးထောင်ကောက်စိုက်စနစ်တွင် ကျင့်သုံးခဲ့သကဲ့သို့ ပေါင်းမြက်ပင်ပေါက်ပြီး ပက်ဖျန်းရသည့်ပေါင်းသတ်ဆေးမဖျန်းမီ လယ်ကွက်အတွင်းရှိ ရေကို ထုတ်ပစ်ပြီး ပေါင်းပင်လေးများပေါ်လာမှ ပေါင်းမြက်ပင်ပေါက်ပြီး ပက်ဖျန်းရသည့် ပေါင်းသတ်ဆေးသည် ပေါင်းပင်လေးများကိုသာ ထိရောက်အောင် ဖျန်းရမှာဖြစ်သည်။ ပေါင်းပင်လေးများ၏ အရွက်များသည် အဆိုပါဆေးကို စုပ်ယူရရှိစေမှသာဆက်လက်ကြီးထွားနိုင်ခြင်းမရှိဘဲ သေကျေပျက်စီးမည်။ အကယ်၍ ပေါင်းပင်လေးများသည် ရေအောက်တွင် ရောက်ရှိနေပါက ဆေးဖျန်သော်လည်း အလဟဿဖြစ်သွားမည်။ အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချအပြီးတွင် အရေးကြီးသည်မှာ တမန်းပြင်သည် ခြောက်သွေ့သွားခြင်းမရှိအောင် ထိန်းထားရန်လိုသည်။ လိုအပ်ပါက မကြာခဏ ရေပါးပါး စိုစွတ်ရုံသွင်းပေးသင့်သည်။ တမန်းပြင်စိုစွတ်သောအခြေအနေတွင် မရှိပါက ပက်ဖျန်းထားသောပေါင်းသတ်ဆေး၏အာနိသင်လျော့ပါးသွားမည်သာဖြစ်ပါသည်။ မျိုးစေ့ချပြီး ၁၀ ရက်ကျော်လျှင်တော့ ရေကို ပိုမိုသွင်းပေးခြင်းဖြင့် ပေါင်းပင်များ ထပ်မံပေါက်ရောက်လာမှုကို ကာကွယ်တားဆီးထားရန် ဖြစ်ပါသည်။အကယ်၍ ပေါင်းသတ်ဆေးသုံးစွဲခြင်းမပြုဘဲ ပေါင်းပင်များပေါက်ရောက်နေပါက ပေါင်းပင်အရွက် သုံး-လေးရွက်အဆင့်တွင် ရှေ့တိုးနောက်ဆုတ်တွန်းထိုး တမန်းနှိုးကြားပေါင်းလိုက်ကိရိယာဖြင့် ပေါင်းနှိမ်နင်းနိုင်သည်။ ကြားပေါင်းလိုက်ကိရိယာအသုံးပြုပြီး နောက်နေ့တွင် ဖျက်ဆီးလိုက်သည့် ပေါင်းပင်များကို ပြန်လည်ရှင်သန်ခြင်းမရှိစေရန် ရေပါးပါးသွင်းပေးရန်ဖြစ်သည်။ ဤသို့ ဆောင်ရွက်နိုင်ရန် ကြဲပက်စိုက်ပျိုးခြင်းမပြုဘဲ မျိုးစေ့ချကိရိယာဖြင့်ဖြစ်စေ၊ ကြိုးတန်းအသုံးပြု၍ဖြစ်စေ အတန်းလိုက်မျိုးစေ့ချသော စပါးခင်းဖြစ်ရန် လိုပါသည်။အရေးကြီးသည်မှာ တိုက်ရိုက်မျိုးစေ့ချစပါးခင်း ရေမပြတ်စေရေးဖြစ်သည်။ စပါးရင့်မှည့်၍ မရိတ်သိမ်းမီ ခုနစ်ရက်- ၁၀ ရက်အလိုအထိ ပေါင်းမြက်ပင်များပေါက်လာခြင်းမရှိစေရန် စိုက်ခင်းအတွင်း ရေကို ငါးစင်တီမီတာမှ ခုနစ်စင်တီမီတာအနက်ခန့် အမြဲထိန်းသိမ်းထားသင့်ပါသည်။လက်ပေါင်း နှိမ်နင်းခြင်းကိုတော့ စပါးပင်များ ရွက်ဝှန်းဧရိယာပိတ်သည်အထိ လိုအပ်သလို ဆောင်ရွက်သွားရန်ဖြစ်ပါသည်။
အခြောက်ထွန်ရေး တိုက်ရိုက်မျိုးစေ့ချ စိုက်စနစ်တွင် ပေါင်းနှိမ်နင်းခြင်း
မူလကပင် ပေါင်းမြက်ကင်းစင်သော၊ ပေါင်းမြက်ထူပြောလေ့မရှိသော လယ်ကွက်တွင်သာ အခြောက်ထွန်ရေး အခြောက်မျိုးစေ့ချစိုက်စနစ်ကို ဆောင်ရွက်သင့် ပါသည်။ ဤစနစ်တွင် ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးကို မြေပြုပြင်စဉ်ကပင် အလေးပေးဆောင်ရွက်သင့်သည်။ ထွန်ရေးကောင်းပြီး ပေါင်းမြက်ပင် အကြွင်းအကျန်ကအစ မရှိအောင် ကောက်ယူဖယ်ရှားရန် ဖြစ်ပါသည်။ ထွန်ရေးပြင်ပေါ်မျိုးစေ့ချအပြီး နှစ်ရက်- သုံးရက်တွင် ပေါင်းမြက်မပေါက်မီ ပက်ဖျန်းရသည့် ပေါင်းသတ်ဆေး (Pre-emergence Herbicide) ကို ပက်ဖျန်းရန် လိုသည်။ ထွန်ရေးပြင်သည် ခြောက်သွေ့နေပါက စိုစွတ်စေရန် ရေပါးပါးသွင်းပေးပြီး ထွန်ရေးပြင်စိုစွတ်မှသာ ပေါင်းသတ်ဆေးကို ပက်ဖျန်းရန်ဖြစ်သည်။ ပေါင်းမြက်မပေါက်မီ ပက်ဖျန်းရသည့်ပေါင်းသတ်ဆေးကို လယ်ကွက်အတွင်း ရေရှိနေသောအခြေအနေတွင် ပက်ဖျန်းခြင်းမပြုသင့်ပါ။ လက်ပေါင်း နှိမ်နင်းခြင်းကိုတော့ စပါးပင်များ ရွက်ဝှန်းဧရိယာပိတ်သည်အထိ လိုအပ်သလို ဆောင်ရွက်သွားရန် ဖြစ်ပါသည်။
မောင်ဖူးဝေ (တောင်တွင်းကြီး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၁၀-၁၆)ရက်။