menu

စပါးခင်းတွင် ဓာတ်မြေဩဇာကို အကျိုးသက်ရောက်မှု အကောင်းဆုံး အသုံးပြုရေး


🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾

↗️စပါးစိုက်ပျိုးရာတွင် ဓာတ်မြေဩဇာကိုအကျိုးသက်ရောက်မှုအကောင်းဆုံးဖြစ်အောင်အသုံးပြုရန် အရေးကြီးပါသည်။ အများစုသည် ဓာတ်မြေဩဇာကိုအလွန်အကျွံအသုံးပြုခြင်း (သို့မဟုတ်) အသုံးပြုမှုနည်းလွန်းခြင်း (သို့မဟုတ်) လုံးဝအသုံးမပြုခြင်း (သို့မဟုတ်)အချိန်အခါမဟုတ် အသုံးပြုခြင်း တို့ကိုဆောင်ရွက်လျှက်ရှိကြောင်း မှတ်တမ်းများအရ လေ့လာတွေ့ရှိရပါသည်။

↗️နိုက်ထရိုဂျင်ဓာတ်မြေဩဇာ အသုံးပြုမှုပိုမိုခြင်းသည် ပိုးမွှားနှင့်ရောဂါကျရောက်မှုတိုးလာခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်းနှင့် အကျိုးအမြတ်ဝင်ငွေနည်းခြင်း၊ စီးပွားရေးတွက်ခြေ မကိုက်ခြင်း တို့ကိုဖြစ်စေကြောင်း ကြုံတွေ့ရလျှက်ရှိပါသည်။ ထို့ကြောင့် စပါးခင်းတွင် ဓာတ်မြေဩဇာကို အကျိုးသက်ရောက်မှုအရှိဆုံးနှင့် အကောင်းဆုံး အသုံးပြုနိုင်ရေးအတွက် စပါးပင်၏ ကြီးထွားမှုအဆင့်အလိုက် မြေဩဇာကျွေးသင့်မှုကို ဖော်ပြအပ်ပါသည်။

↗️မိုးရာသီပျိုးထောင်စိုက်စပါး (Transplanted rice) အတွက် မြေဩဇာကျွေးသင့်သည့် အချိန်များ …..

◾️အဆင့် ၁-ကောက်စိုက်ပြီး(၁၄)ရက်အတွင်း (Early Growth)
N ၊ P ၊ K မြေဩဇာ သုံးမျိုးစလုံး ဒေသအလိုက်လိုအပ်ချက်အရ လိုအပ်သောပမာဏ ကိုကျွေးပေးရန် ဖြစ်သည်။ စိုက်ခင်းအတွင်းရေလုံလောက်မှုမရှိပါက ပမာဏလျော့၍ကျွေးပေးသင့်ပါသည်။

◾️အဆင့် ၂- ကောက်စိုက်ပြီး(၂၃-၂၇)ရက် (Active Tillering)
N မြေဩဇာကို သတ်မှတ်နှုန်းထားအတိုင်းကျွေးပေးရန်လိုအပ်ပါသည်။ စိုက်ခင်းအတွင်းရေလုံလောက်မှု မရှိပါက ကျွေးပေးရန်မသင့်ပါ။

◾️အဆင့် ၃ - သက်လျင်စပါးမျိုးများတွင် ကောက်စိုက်ပြီး (၃၃-၃၇)ရက်
                    သက်လတ်စပါးမျိုးများတွင် ကောက်စိုက်ပြီး (၄၀-၄၄)ရက် 
                   (Early Panicle initiation)
N မြေဩဇာကို သတ်မှတ်နှုန်းထားအတိုင်းကျွေးပေးရန်လိုအပ်ပါသည်။ စိုက်ခင်းအတွင်းရေလုံလောက်မှု မရှိပါက ပမာဏလျော့၍ကျွေးပေးသင့်ပါသည်။

↗️မိုးရာသီအစိုတမန်း တိုက်ရိုက်မျိုးစေ့ချ စိုက်စပါး (Weed Seeded rice) အတွက် မြေဩဇာကျွေးသင့်သည့် အချိန်များ …..

◾️အဆင့် ၁-မျိုးစေ့ချပြီး(၁၂-၁၆)ရက်အတွင်း (Early Growth)
N ၊ P ၊ K မြေဩဇာ သုံးမျိုးစလုံး ဒေသအလိုက်လိုအပ်ချက်အရ လိုအပ်သောပမာဏ ကိုကျွေးပေးရန် ဖြစ်သည်။ စိုက်ခင်းအတွင်းရေလုံလောက်မှုမရှိပါက ပမာဏလျော့၍ကျွေးပေးသင့်ပါသည်။

◾️အဆင့် ၂- မျိုးစေ့ချပြီး(၂၃-၂၇)ရက် (Active Tillering)
N မြေဩဇာကို သတ်မှတ်နှုန်းထားအတိုင်းကျွေးပေးရန်လိုအပ်ပါသည်။ စိုက်ခင်းအတွင်းရေလုံလောက်မှု မရှိပါက ကျွေးပေးရန်မသင့်ပါ။

◾️အဆင့် ၃ - သက်လျင်စပါးမျိုးများတွင် မျိုးစေ့ချပြီး (၃၃-၃၇)ရက်
                    သက်လတ်စပါးမျိုးများတွင် မျိုးစေ့ချပြီး (၄၀-၄၄)ရက် 
                    (Early Panicle initiation)
N မြေဩဇာကို သတ်မှတ်နှုန်းထားအတိုင်းကျွေးပေးရန်လိုအပ်ပါသည်။ စိုက်ခင်းအတွင်းရေလုံလောက်မှု မရှိပါက ပမာဏလျော့၍ကျွေးပေးသင့်ပါသည်။

↗️စစ်မှန် ပြည့်ဝ ဝိစာရ↖️

Sources : ဆင်းသီဟ (နည်းပညာအခြေခံ လယ်ယာဖွံ့ဖြိုးရန်)