menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
သစ္စာပန်း စနစ်တကျ စိုက်ပျိုးပြုစုနည်း
🍃🌹🌷🍃🌹🌷🍃🌹🌷🍃
▶️သစ္စာပန်းကို အေးတဲ့တောင်ပေါ်ဒေသတွေမှာ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီဥတုပူပြင်းတဲ့ မြေပြန့် ဒေသတွေမှာတော့ ဆောင်းရာသီကျမှ စိုက်လေ့ရှိကြပါတယ်။ သစ္စာပန်းမှာပန်းအရောင်အမျိုးမျိုး ရှိပါတယ်။ ဈေးကွက်အတွင်းမှာတော့ သစ္စာပန်းအရောင် ခြောက်မျိုးလောက်ရှိနေတယ်လို့ သိရပါတယ်။ အုတ်ကျိုးရောင်၊ ပန်းရောင်တို့လို လူကြိုက်များတဲ့ပန်းတွေကတော့ သစ္စာပန်းဈေးကွက်မှာ ဦးဆောင်ထားပါတယ်။
စိုက်ပျိုးနည်း
-----------
သစ္စာပန်းဥတွေကို တစ်ဥနဲ့တစ်ဥ (၉) လက်မခြားပြီး တြိဂံပုံ ခြားစိုက်ပါ။ တစ်တန်းနဲ့ တစ်တန်း ၂ပေ x ၂ပေခွဲ ခြားပြီး စိုက်ပျိုးမှသာ ရေလောင်း၊ မြေဆွရလွယ်ကူမှာဖြစ်ပါတယ်။ အပင်တွေ မယိမ်းယိုင်စေဖို့ အပင်ခြေရင်းကို မြေဖို့ပေးရပါတယ်။ ယူရီးယား (ပုလဲ) မြေဩဇာကို အလွန်အကျွံသုံးစွဲရင် အပွင့်အထား မခံတာ၊ ကြွေလွယ်တာတွေ ဖြစ်တတ်ပါတယ်။ သတိထားသုံးစွဲပါ။
မျိုးပွားနည်း
----------
သစ္စာပန်းဥတွေကို တူးယူတဲ့အခါ ဥအရွယ်အစား အမျိုးမျိုးရရှိပါမယ်။ အကြီးဆုံးကိုသာ မျိုးအဖြစ် ထားပြီး သေးငယ်တဲ့ဥတွေကို သီးသန့်ရွေးထုတ်ထားရပါမယ်။ တူးပြီးတဲ့အခါ (၁၀)ရက်ခန့် နေလှန်း ၊ အခွံခွာပြီးပြန်စိုက်ပါ။ သို့မှသာ အပင်ပေါက်မြန်ပြီး အပင်ပေါက်ကောင်းနိုင်မှာဖြစ်ပါတယ်။ ပြန်စိုက်ပျိုးတဲ့မျိုးဥတွေက နောက်ထပ် (၇) လကြာရင် စိုက်ပျိုးဖို့သင့်တော်တဲ့ မျိုးဥတွေ ပြန်ဖြစ်လာ ပါမယ်။ နှစ်လခန့်အနားပေးပြီး ပန်းအဖြစ် ပြန်ပြီးတော့စိုက်ပျိုးနိုင်ပါတယ်။ အရမ်းသေးငယ်တဲ့ ဥသေးတွေကိုလည်း ထပ်မံပြီး တစ်နှစ်ပြီးတစ်နှစ် ပန်းအတွက် စိုက်ပျိုးခြင်းဖြင့် မျိုးဥတွေ ပြန်လည်ရရှိနိုင်ပါတယ်။ အနည်းဆုံး ၃ နှစ် ကြာပါတယ်။ မျိုးအတွက် မျိုးပွားချိန်ဟာ ဩဂုတ်လနဲ့ စက်တင်ဘာလဖြစ်ပြီး အနက် ၃ လက်မအထိ စိုက်ပါတယ်။
တစ်ဧကမျိုးနှုန်း
--------------
မျိုးဥကောင်းတွေကို ရွေးချယ်စိုက်ပျိုးမှသာ အပွင့်ကောင်း၊ အပင်ကောင်းများ ရရှိနိုင်မှာဖြစ်ပြီး တစ်ဧက မျိုးဥနှုန်း တစ်သောင်းခန့်လိုပါတယ်။
ရေသွင်းနည်း
-----------
မိုးခေါင် မိုးပြတ်ရင် အပင်အခြေအနေကိုကြည့်ပြီး ရေလိုအပ်ရင် ရေသွင်းပေးနိုင်ပါတယ်။ ရေသွင်းတဲ့ အခါ နှံ့စပ်အောင်သွင်းပေးမှသာ အပင်ပေါက်ညီပြီး အပွင့်တွေလည်းလှမှာ ဖြစ်ပါတယ်။ ဆောင်းနဲ့ နွေရာသီတွေမှာ မြေကြီးအစိုဓာတ် ထိန်းသိမ်းမှုပေါ်မူတည်ပြီး သုံးရက်တစ်ကြိမ် ရေလောင်း ရေသွင်းပေး ရင်လုံလောက်ပါတယ်။ ခဲမြေမဟုတ်တဲ့မြေနီနဲ့ သဲနုန်းမြေတွေမှာ နှစ်ခါခန့် ရေသွင်းပေးရပါမယ်။
အပင်ပြုစုနည်း
-------------
စိုက်ပျိုးပြီးတစ်လခန့်အတွင်း အပင်စုံရင် မြေကိုခပ်နက်နက်ဆွပေးပါ။ အရွက်လေးရွက်ရှိလာတဲ့အချိန်မှာ တစ်ကြိမ်ထပ်ဆွပေးပါ။ တတိယအကြိမ်အနေနဲ့ အရွက် (၅-၆) ရွက် ထွက်လာတဲ့အခါ ထပ်ပြီးဆွပေးပါ။ အရွက် (၇) ရွက်ထွက်လာတဲ့အခါ အဖူးတံ တပါတည်းထွက်လာမှာဖြစ်တဲ့အတွက် မြေဆွပေးစရာ မလို တော့ပါ။ ရောဂါကျရောက်မှုနည်းပါတယ်။ တစ်ခါတစ်ရံ ရွက်ခြောက်၊ ပင်စည်ပုပ်တာတွေတွေ့ရင် နုတ်ပစ်ပြီး မီးရှို့ပေးခြင်းအားဖြင့် ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်ပါတယ်။
ပန်းခူးဆွတ်ခြင်း
--------------
အရွက်(၇) ရွက်ထွက်လာတာနဲ့ တစ်ပြိုင်နက် အဖူးတံပါ တစ်ပါတည်း ထွက်လာမှာဖြစ်ပါတယ်။ အဖူးတံရဲ့ အောက်ဆုံး အဖူးပွင့်ဖတ်တွေကနေစပြီး အရောင်သမ်းလာတာနဲ့ တစ်ပြိုင်နက် ပန်းတွေကို မြေကြီးကနေ (၄) လက်မ ခန့် ခွာပြီး ဖြတ်ခူးပါ။ သစ္စာပန်းတွေဟာ ဥတစ်ဥကနေ ပန်းခိုင်တစ်ခိုင် ရရှိနိုင်ပါတယ်။ မြေကောင်းရင် ဥပမာ - ပြင်ဦးလွင်မှာ စိုက်တဲ့ ခဲမြေမှာ ပန်းခိုင် ၃ ခိုင်ထိရရှိနိုင်ပါတယ်။ ပန်းပွင့်ကောင်းတွေများများရရှိဖို့ ရေမှန်မှန်လောင်းပေးဖို့ လိုအပ်ပါတယ်။
မျိုးထိန်းသိမ်းသိုလှောင်ခြင်း
------------------------
သစ္စာပန်းဥသေးနဲ့ ဥကြီးတွေကို ဖော်ပြပါအတိုင်းတူးဖော်ပြီးရင် ဥကြီးတွေကို လွှစာမှုန့် (သို့မဟုတ်) သဲထဲမှာ အဝတ်ပါးပါးနဲ့ဖုံးအုပ်ပြီး အရိပ်ရှိတဲ့နေရာတွေမှာ သိုလှောင်ထားရပါမယ်။ တစ်နှစ်အထိထားပြီးစိုက်ပျိုးနိုင်ပါတယ်။ ပလတ်စတစ်အိတ်၊ ပုံးတွေနဲ့မထားသင့်ပါ။ အပူရှိန်နဲ့ အညှောင့်တွေပျက်စီးနိုင်ပါတယ်။
Sources : ပန်းမာန်များစိုက်ပျိုးနည်း။